#Minseokkie
* Galaxy Entertainment *
Kris >> Yixing! အချိန်လွန်နေပြီနော်
Lay >> ဟို ခဏလောက်ပဲထပ်စောင့်ပေးပါ သူသေချာပေါက်လာမှာပါ
Kris >> ဟင်းးးးး နောက်၁၀မိနစ်နေလို့မှမလာရင် ငါလည်းမတတ်နိုင်ဘူး
Lay >> ဟုတ်ကဲ့ပါ
ဒီနေ့ Kim Companyနဲ့စာချူပ်လုပ်ဖို့ချိန်းဆိုထားတာ
အမှန်ဆို သူဌေးက သူ့အချိန်ဇယားတွေပြည့်နေလို့ လက်မခံပဲငြင်းထားတာ
သူအတင်းတောင်းဆိုလို့သာ သူဌေးကလက်ခံခဲ့တာ
အချိန်တိကျလွန်းတဲ့ Kim Companyဟာ ဒီနေ့မှနောက်ကျနေခဲ့တယ်
မနေ့ကကြောင့်များ Kaiဖျားပြီးမလာနိုင်တာလား
မနေ့ညကKaiအခြေနေအရဆို ဒီနေ့လာနိုင်မှာမဟုတ်ဘူး
ဒါမဲ့ ချိန်းထားတာလည်းမဖျက်ထားတော့ သေချာပေါက်လာမယ်ထင်တယ်
ဘာလို့များနောက်ကျနေပါလိမ့်
ဒေါက် ဒေါက်.
အတွင်းရေးမှူး >> သူဌေး Kim Companyက ရောက်နေပါတယ်
Kris >> အထဲလွှတ်လိုက်
Layတယောက်ဖင်တကြွကြွနဲ့ အထဲကိုဝင်လာမည့်Kaiကိုကြည့်နေမိတယ်
Kai >> နောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ် အန်ကယ်
ရောက်တာနဲ့တောင်းပန်စကားဆိုကာ နှုတ်ဆက်လိုက်တဲ့Kaiကြောင့် Krisရတယ်ဆိုကာ ခေါင်းငြိမ့်ပြလိုက်သည်။
ကောင်လေးမျက်နာလေးနွမ်းဖတ်နေတယ်
ဆေးမကူတဲ့နှုတ်ခမ်းကအရင်ကဆိုအမြဲရဲနေတတ်တာ
အခုတော့ နှုတ်ခမ်းလေးက ဖြူဖတ်ဖတ်လေးနဲ့
ကောင်လေး နေရောကောင်းရဲ့လားကွာ
Kris >> ဒါဆို အန်ကယ်တို့အဆင်ပြေပြီလို့သတ်မှတ်တာပေါ့
Kai >> ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အန်ကယ်
Kris >> အင်း ကောင်းပြီ
Kai >> ဒါဆို.....ကျနော့်ကိုခွင့်ပြု
Lay >> ရရဲ့လား
ပြန်မယ်ဆိုပြီးအထ ခေါင်းကမိုက်ကနဲဖြစ်သွားတာမို့ လဲကျမလိုဖြစ်သွားပေမယ့်
Geကဘေးကထိန်းပေးထား၍လဲမကျသွားခဲ့ပေ။
ဒါမဲ့.....Geရင်ခွင်ထဲရောက်နေတဲ့ကျနော့်နှလုံးသားကတော့ အသံစုံမြည်နေလို့ Geကြားသွားမှာတောင် စိတ်ပူရတယ်
Kai >> ရ ရ ရပါတယ်
Kris >> အဟမ်းးး Kaiနေမကောင်းဘူးထင်တယ် ဒီကပြန်ရင်ဆေးရုံဝင်ပြလိုက်အုန်း
Kai >> ဟုတ်ကဲ့ပါ အန်ကယ် Ge! ကျနော်ပြန်တော့မယ်
Lay >> Omm Omm
Kai >> ခွင့်ပြုပါအုန်း
Kaiအရိုသေပေးကာထွက်သွားတာကို မျက်စိတဆုံးကြည့်နေတဲ့Layကြောင့်
Kris >> လိုက်သွားလေ ဟိုကတယောက်တည်းလာတာဖြစ်မယ် တော်ကြာ လမ်းမှာမေ့လဲနေလို့
Lay >> ဒါဆို ကျနော့်ကိုခွင့်ပြုပါ အန်ကယ်
အော် ဘယ်လိုတောင်လား တခွန်းထက်ပိုမပြောရပါလား Zhang Yixing ရယ်
Kris ခေါင်းခါရင်းသာသက်ပြင်းချလိုက်မိတယ်။
အန်ကယ်ပြောသလိုပင် ကားပါကင်တွင် ကားကိုအမှီပြုကာရပ်နေတဲ့ကောင်လေး
နောက်တော့ ကောင်လေးခန္တာကိုယ်လေး ပြိုကျလာလေတော့......
Lay >> Jongလေး!!!!
Layအမှီဖမ်းမိလိုက်ပေမယ့် ကောင်လေးကတော့ ကမ္ဘာကြီးနဲ့အဆက်သွယ်ပျက်သွားလေရဲ့
ကောင်လေးရဲ့ကိုယ်အပူချိန်ဟာ သူ့ကိုတောင်ဟပ်နေတာ
ကောင်လေးအဖျားတက်နေပြီပဲ
* At Hospital *
Dr. >> အအေးပတ်ပြီး လန့်ဖျား ဖျားတာပါ လူနာက အားလည်းနည်းနေတော့ သတိလစ်တဲ့ထိဖြစ်သွားရတာ စိုးရိမ်စရာမရှိပါဘူး ဆေးချိတ်ပြီးရင် စိတ်ချရပါပြီ
Lay >> ကျေးဇူးတင်ပါတယ် ဒေါက်တာ
Dr. >> ဒါဆိုခွင့်ပြုပါအုန်း
Lay >> ဟုတ်ကဲ့
ဆေးပိုက်မရှိတဲ့ကောင်လေးလက်လေးကိုကိုင်ကာ Lay အနမ်းပေးလိုက်သည်။
T.B.C..........