"Tobenလေး ကျောင်းမလာဘူး"Nae? ကျနော်သူ့ကိုကျောင်းလွှတ်လိုက်ပါတယ်
ရောက်မလာဘူးလား"ဟုတ်တယ်ရှင့် Chanyeol Shiရဲ့သားလေး
ကျောင်းပြေးတယ်ထင်တယ်..အဲ့တာပဲ သံယောဇဉ် တဲ့
တွယ်လိုက်ရင်နားကြပ်ကြိုးလိုပဲ
ဖြည်မရတော့ဘူး
အခုလဲသံယောဇဉ်တွယ်မိတဲ့
မွေးစားကလေးလေးကို
စိတ်ပူနေရပြီ
လမ်းပဲပျောက်နေတာလား...
မုန့်တွေသွားခိုးပြန်ပီလား...
လူဆိုးတွေပဲဖမ်းသွားတာလား...
ဆိုပြီးသူ့မှာခေါင်းတစ်ပူပူတွေးပြီး
မူလတန်းကျောင်းရှေ့မှာ
စောင့်စောင့်သာထိုင်ချပါတော့သည်။.."အဟမ်း..
စိတ်ညစ်ပါတယ်ဆို ဘေးက
လူကလဲချောင်းဆိုးနေသလားပေါ့.."အဟမ်း! တစ်ခါတစ်ခါခေါ်ရင်
နားမကြားတဲ့ လောရှည်ကြီး!ထိုပိစိကွစအသံလေးထွက်လာတော့မှ
ဘေးမှာ ဆံသားပန်းရောင်အဖျော့လေးဆိုးထားပြီး
Style Pants နက်ပြာရောင် Coat နက်ပြာ
ဝမ်းဆက်နဲ့ စောင့်စောင့်ထိုင်
သကြားလုံးအနီလေးစုပ်နေရှာသော
Chanyeolရဲ့ ကလေးလေး
ByunBaekhyunပင်.."ကလေး..အဲ...မင်း...ဒီကိုဘာလာလုပ်
"ခင်ဗျားစီပဲလာတာလေ..
"ဟင်..ဘာလို့?
"Tobenလေးကိုကျနော်ခေါ်သွားတာ
သူ့မျက်လုံးအစုံပြူးခဲ့ရပြန်ပီ
Tobenလေးကို Baekhyunက
ဘာကြောင့်ခေါ်သွားတာတုံး..
ချစ်ရတဲ့Baekhyunလေး
သူ့ကြောင့်နာကျင်မှာကြောက်တာလို့
ရှောင်ပါတယ်ဆို ထိုစုပ်လုံးလေးကို
နှုတ်ခမ်းလေးဆူပြီးစုပ်နေတဲ့
ကလေးလေးကတော့ သူ့ရင်ဘတ်စီက
ရင်ခုံသံတွေကို တဒိန်းဒိန်းဝင်စောင့်နေသလို..*သြော်ကလေးရယ် ..ကိုယ်တော့ရူးပြီးကွယ်..*
စိတ်ထဲက မဝင့်မရဲ..
ပစ်မှားလိုက်ကာ
တံတွေးတို့ကို 'ဂလု´ဆိုပြီး
မြိုချပလိုက်သည်။
YOU ARE READING
Sugar Daddy (သကြားဖေဖေ)
Romanceဘယ်အရာမှအလကားမရဘူးတဲ့ တစ်ခုပေးရင်တစ်ခုပြန်ယူရတယ် ဒါဆိုအချစ်ကရော ?အက်လိုပဲလား? (SUGARDADDY)