(21).

8.7K 824 47
                                    

[Zawgyi]

ဟိုတစ်စသည်တစ်စ ပြန့်ကျဲ့လျက်ရှိတဲ့
စာရွက်ဖြူဖွေးဖွေးတို့က တစ်ခန်းလုံး
နေရာအနှံ့။ အခန်းအလယ်က ဆက်တီ
ပေါ်မှာတော့ မျက်နှာထက်
လက်ဖဝါးပြင်အား ခပ်ကြမ်းကြမ်းပွတ်ရင်း
စိတ်ဟိုက်နေတဲ့ ဂျောင်ဂုတစ်ယောက်ထဲ
သာလျှင်ရှိနေ၏။

ခဏအကြာ တံခါးခေါက်သံနှင့်အတူ
အနားရောက်လာသူက အတွင်းရေးမှူး။

"ကျွန်မ ဆေးဘူးယူလာခဲ့တယ်၊လက်ကို
ဆေးအရင်ထည့်လိုက်ပါနော် Mr.Jeon''

ထယ်ယောင်းထွက်သွားပြီး ရုံးခန်းတစ်ခုလုံး
မွစာကျဲအောင် ဂျောင်ဂု သောင်းကျန်းနေခဲ့သည်။လက်ဖမိုးပေါက်ပြဲသည်အထိ
မှန်စားပွဲကို ဆင့်ထိုးနေခဲ့ခြင်းကြောင့်
ပစ္စည်းရော လူပါအကွဲအပြဲဖြစ်နေတာ
အဆန်းမဟုတ်။ ရှည်လျားသော သက်ပြင်း
သံတစ်ခုသာ ဂျောင်ဂုဆီက ထွက်လာခဲ့သည်။

"အတွင်းရေးမှူးရှင်း ရုံးဆင်းလိုက်တော့နော်
ဒါတွေကိုယ့်ဘာသာပဲ ကျွန်တော်
ကြည့်သိမ်းလိုက်မယ်''

"ကျွန်မ အနူးညွတ်တောင်းပန်ပါတယ်၊ Mr.jeon necktie မင်ပေသွားတာကို
အတင်းသုတ်ပေးဖို့ မကြိုးစားမိရင် စောနကလိုမျိုး မ ဖြ စ်...... ''

"ကိစ္စမရှိပါဘူး ။ ကလေးကိုသေချာပြန်
ရှင်းပြလိုက်ရင် အ ဆင်ပြေသွား မှာပါ''

အသံတိမ်ဝင်သွားရသော အကြောင်းအရင်း
ကို ကိုယ်ကိုယ်တိုင်ကလွှဲ ဘယ်သူမှ
သိမည်မထင်။ လက်သီးတင်းတင်းဆုပ်ရင်း
အံကြိတ်ကာ ဒေါသဖြေဖျောက်နေတဲ့
သူ့ပုံစံကိုကြည့်ပြီး တစ်စုံတစ်ယောက်ကတော့
အားနာမှုစကားလုံးတွေကို မြိုချထားလျက်!

"ဒါဆိုခွင့်ပြုပါဦး Mr.Jeon''

အခန်းထဲ မှိုင်ကျန်ရစ်ခဲ့တဲ့ ဂျောင်ဂုကတော့
အတွေးပေါင်းများစွာနဲ့ ကျန်ရစ်ခဲ့ပြန်သည်။

°•S t r a w b e r r y
M i l k s h a k e•°

ပုံမှန်အတိုင်းသာသာယာယာယာ
လည်ပတ်လျက်ရှိသော ရာသီစက်ဝန်း။
နိစ္စဒူဝ သွားလာလှုပ်ရှားနေတဲ့ လူအများနဲ့
နေ့စဉ်မြင်နေကျ ရိုးရှင်းသော မြင်ကွင်းပင်။
သို့သော် တစ်စုံတစ်ယောက်သောသူကတော့
ထိုအရာတွေကို သတိမူနိုင်စွမ်းမရှိတော့။
အသိစိတ်အားလုံး ဗလာကျင်းပြီး
လုပ်ဆောင်ချက်မတတ်သူလို ငူငူငေါင်ငေါင်။

Strawberry Milkshake→jjk.kth [✓]Where stories live. Discover now