သိရဲ့လား
June လဆိုတာက ကျွန်တော့အတွက်ဘယ်လိုလမျိုးလဲဆိုတာ။
ကျွန်တော့ဘဝမှာမထင်ထားတဲ့အရာတွေအားလုံးဟာ June လမှာဖြစ်ခဲ့တာတွေကြီးပဲ။
ကျွန်တော် 10 နှစ်သားအရွယ်မှာအမေဆုံးသွားခဲ့တယ်။ အဲ့ဒါက Juneလမှာပဲ။
အဖေနောက်အိမ်ထောင်ပြုတော့လည်း အဲ့ဒါက Juneလမှာပဲ။
အဖေရဲ့နောက်မိန်းမ(ကျွန်တော့မိထွေး) ကျွန်တော့ကိုထင်းစည်းနဲ့ရိုက်လို့ ကျွန်တော့ဘယ်ဘက်ခြေထောက်လေးဆာသွားတုန်းကလည်း Juneလမှာပါပဲ။
အိုး တကယ်ကိုပဲကျွန်တော်အဲ့ဒီတုန်းကအဖေ့ကိုလည်းမပြောရဲခဲ့ဘူးလေ။ အဖေကနေ့တိုင်းအလုပ်သွားရတဲ့သူဆိုတော့ အိမ်မှာကမိထွေး(မေမေလေး) နဲ့ပဲကျန်ခဲ့ရတာလေ။ ကျွန်တော်သာအဖေ့ကိုတိုင်လိုက်မယ်ဆိုရင် ကျွန်တော်ထမင်းဘယ်စားရတော့မလဲ။ ထပ်ပြီးတောင်အရိုက်ခံရတာမျိုး ဖြစ်နိုင်တယ်မလား။
အဲ့ဒီတော့ ကျွန်တော်အိမ်သာတံခါးပိတ်ပြီးနာလို့ တိတ်တိတ်လေးငိုခဲ့တယ်။
အဲ့ဒီ့ဒဏ်ရာကအခုထိတောင် တစ်ချက်တစ်ချက်ဒုက္ခပေးနေတုန်း။June ကအဲ့လိုမျိုး ကျွန်တော့ကိုဝမ်းနည်းခဲ့စေပေမယ့် June ကိုကျွန်တော်မမုန်းပါဘူး။
ကျွန်တော့အဖေနဲ့မေမေလေးရဲ့ကလေး။
ကျွန်တော့(အဖေတူအမေကွဲ)ညီလေးက June လမှာပဲမွေးခဲ့တယ်လေ။ ကလေးလေးကတအားချစ်စရာကောင်းတယ်။ မေမေလေးက ကျွန်တော်စားရမယ့်အစာတွေကိုပါ ကလေးလေးအတွက်ဆိုပြီးလုယူထားတတ်လို့ ထမင်းမှန်မှန်မစားရတာကလွဲပြီး အဆင်ပြေပါတယ်။အော် ပြီးတော့ အဖေလေဖြတ်သွားတာကလည်း Juneလမှာပဲ။
အဖေ့ပိုက်ဆံတွေယူပြီး ကလေးလေးနဲ့အတူမေမေလေးထွက်ပြေးသွားတာကလည်း Juneလမှာပါပဲ။ကျွန်တော်ကတော့ အိပ်ရာထဲလဲနေတဲ့အဖေ့ကိုဆေးကုဖို့ရော။ ကျွန်တော်ဗိုက်ဝဖို့ရောအတွက် လပေါင်းများစွာအလုပ်လုပ်ခဲ့ရပါတယ်။ သေချာပေါက် Juneလအပါအဝင်ပေါ့။
အဖေဆုံးတာကတော့ Juneလမဟုတ်ခဲ့ဘူး။ May မှာ။ ဒါပေမယ့် အဖေ့ရဲ့ဈာပနမှာမှတွေ့ဖူးတဲ့ အမေ့ဘက်ကအမျိုးတွေဆိုသူတွေကိုတော့ Juneလမှာတစ်ကြိမ်ပြန်တွေ့ခဲ့ရတယ်။
YOU ARE READING
JUNE
Short StoryEunsang.Junho.Minhee June လမှာမင်းနဲ့ငါစတွေ့ခဲ့ကြတယ် Warning: Unrequited love.