ရှောင်းကျန့်ကလေးလေးကိုစကားတွေအများကြီးပြောနေတယ်
သူကငြိမ်ငြိမ်လေးနားထောင်နေတယ်..မုန့်လေးတွေဖောက်ပြီးနည်းနည်းစီကျွေးနေတယ်
မငြင်းဘဲကောင်းကောင်းမွန်မွန်လေးစားနေတယ်ရှောင်းကျန့်ကျောင်းမတက်ဖို့ဆုံးဖြတ်လိုက်တာ
ဂုဏ်ယူလို့မဆုံး.ဒီကလေးလေးနဲ့သူရင်းနှီးချင်တယ်တစ်ဖက်မှာစောင့်နေရတဲ့ဦးလေးလော့က
ချွေးတွေစိုရွှဲလို့.
ရပ်နေတာနေ့တစ်ဝက်လောက်ရှိနေပြီခုဆိုကျောင်းမသွားတာဝမ်သခင်မကြီးသိနေလောက်ပြီ.
သခင်လေးမျက်နှာလေးကပြုံးနေသယောင်လေးထိန်းခဲ့တဲ့ကာလတွေမှာ
မျက်နှာလေးကပြုံးယောင်တောင်မသန်းခဲ့ဘူးတစ်ယောက်တည်းသီးသန့်နေတတ်တဲ့သခင်လေး
အခုတော့လူတစ်ယောက်ကိုခင်တွယ်နေတတ်ပြီကောင်းခြင်းလားဆိုးခြင်းလားမပြောတတ်ပေမဲ့
သခင်လေးသာပျော်မယ်ဆိုရင်
ကောင်းခြင်းလို့ပဲသတ်မှတ်လိုက်မယ်ရိပေါ်လေးကစိတ်ထဲပျော်နေတယ်
တခြားသူကတစ်ခုခုပေးတာဖြစ်စေ
ကျွေးတာဖြစ်စေငြင်းဆန်တတ်ပေမဲ့ဒီလူကျွေးတာကိုတော့သူကောင်းကောင်းကြီးကို
စားဖြစ်နေတယ်
ကျောင်းသွားရမယ်မှန်းသိသော်လည်း
မသွားချင်ပေ
အနီးနားတွင်ရပ်စောင့်နေသော
ဦးလေးလော့ကိုစာနာမိသော်လည်း
ဒီလူအနားကနေတစ်ဖါးဝမှမခွာချင်ဖြစ်နေတယ်ရှောင်းကျန့်မှာဖုန်းလေးရှိတယ်
မားမားကအရေးကိစ္စရှိရင်ဆက်ဖို့ဆိုပြီး
ဆိုင်အပိုငွေလေးထဲကဝယ်ပေးထားတာတဒီးဒီးမြည်လာတဲ့ဖုန်းကြောင့်
လွယ်အိတ်ထဲအသာနှိုက်ပြီး
ဖုန်းကိုကို်င်လိုက်တယ်သူ့ကိုမော့ကြည့်လာတဲ့ကလေးလေး
တဆိတ် မျက်ဝန်းတွေကအရည်လဲ့နေသလားလို့"ရှောင်းကျန့် ပန်းချီပြိုင်ပွဲဝင်ဖို့မေ့နေတာလား."
ယွီပင်းပြောလိုက်တဲ့စကားကြောင့်
အခုမှသူလုပ်ရမယ့်အရာတွေကိုသတိရသွားတော့တယ်