{Zawgyi Ver}
"Zhan ge ဒါဘာသဘောလဲ ?? "
ရိပေါ်တစ်ယောက် ရှောင်ကျန့်ရဲ့ရိုက်ကွင်းကပုံတွေအားကြည့်လျက်ပြောလိုက်သည်။ရှောင်ကျန့်သိသော်လည်း မသိချင်ယောင်ဆောင်ပြီးမေးလိုက်သည်။
"ဘာကိုလဲ Bo di လေးရဲ့ ?"
" ဘာအခုမှမသိချင်ယောင်ဆောင်နေတာလဲ ? 😏 "
ဟု နှုတ်ခမ်းလေးစူကာပြောလိုက်သည်။
အမှန်ကဒီလို ....
ရှောင်ကျန့်ရဲ့ Oath of love ရိုက်ကွင်းက ပုံတွေကြောင့်ပင်။ထိုပုံတွေကလည်းအခြားမဟုတ် ..မင်းသားနဲ့မင်းသမီး(Xiao Zhan & Yang Zi) တို့ရဲ့ kiss sence ကပုံတွေတက်လာတာကြောင့် ရိပေါ်တစ်ယောက်မြင်ကာ ဂျေဝင်အူပုတ်၍စိတ်နှလုံးတော်ညှိုးနွှမ်းကာ ရှောင်ကျန့်အားရန်ရှာခြင်းဖြစ်သည်။
" ဒီမှာလေ ဒီပုံတွေကဘာတွေလည်း ပြောပါဦး Zhan ge ? 😏"
( အိမ်း မြင်ရတွေ့ရတာ သာသာတော့အဆင်ပြေမနေဘူး 🙂🙂)
ပုံများကြောင့်ရှောင်ကျန့်တစ်ယောက်ဗျာယာခတ်သွားလေရဲ့...တကယ်တော့ ဒီနေ့က ရိပေါ်နဲ့ရှောင်ကျန့်နှစ်ယောက်သား ၂ နာရီလောက်အားတုန်းလေးအပြင်သွားပြီး အေးဆေးဒိတ်မလို့ချိန်းထားရာ ပုံတွေကြောင့်ရိပေါ်မှာစိတ်ကောက်ကာ ချိန်းထားရာသို့ ခဏသာရောက်လာသည်။ရောက်လာသည်မှာလည်းအခြားမဟုတ် အချော့ခံချင်၍ရောက်လာခြင်းပင် ။ သို့လော သို့လောနှင့် ရှောင်ကျန့်စကားပြန်ပြောရန်ပြင်လိုက်ချိန်မှာပင်ပေါ်ကြီးကတော့ စိတ်ဆိုးဆိုးနှင့်ထွက်သွားလေ၏။ သူ့အား ဖုန်းဆက်၍သော်လည်းကောင်း၊ message ပို့၍သော်လည်းကောင်း ချော့မည်ဟု ရိပေါ်ထင်ထားသော်လည်း စိတ်ကူးနှင့်လက်တွေ့ကတော့တစ်ခြားစီ....။
YOU ARE READING
WangXian and YiZhan (one shot) ❤️[Zawgyi & Unicode]
Romanceဒါကတော့ WangXian နဲ့ YiZhan (bjyx)ကိုဝိုင်း ship ကြတဲ့သူတွေအတွက်ပါ။ကိုယ်ကတော့ ship တာအားမရလို့ ကိုယ်တိုင်ပုံဖော်လိုက်ပါပြီ ဟီး🤣ဒါက စိတ်ကူးထားတဲ့ fanfic သက်သက်ပါ နော်... Warning alert !!!! 18++++ တွေပါနိုင်တာမို့ ကြိုတင် warning လုပ်ပါရစေ🤭