အရင်တုန်းကအချိန်တွေကို ငါမမှတ်မိတော့ဘူးထင်နေတာလား ဟန်နီ။ငါ့အတွက် နင်နဲ့အတူရှိခဲ့ဖူးတဲ့အချိန်တွေဟာ အမြဲတမ်း အသစ်ဖြစ်နေတာ။သတိတရရှိလှပါရဲ့ ဟန်နီ။
ဟန်နီဆိုတာ tina ရဲ့ ဟန်နီပေါ့။ဟန်နီဟာ တီနာ့ရဲ့ အဖော်မွန်ကောင်း။အချစ်ခဲ့ရဆုံး။ဟိုတစ်ယောက်ရောက်မလာခင်ထိပေါ့။
"ဒေါက်...ဒေါက်"
တံခါးသံကြောင့် တီနာဟာ ရေးလက်စ ဒိုင်ယာရီကို မြန်မြန်ပိတ်လိုက်ပါတယ်။သူ့ခံစားချက်တွေကို သူများမြင်သွားမှာမျိုးကို တီနာ စိတ်အညစ်ဆုံးပဲ။
"ဘယ်သူလဲ...မာမီလား"
"ဟုတ်တယ် သမီး မာမီဝင်ခဲ့မယ်နော်"
မာမီ့ရဲ့ အဲ့ဒီအပြုအမူတစ်ခုကိုတော့ တီနာသိပ်
သဘောကျတယ်။ဘယ်လောက်ပဲ သွေးသားရင်းနှီးပါစေ ဒီလိုဝတ္တရားမျိုးတော့ လူတိုင်းရှိဖို့ကောင်းတယ်လို့ထင်မိ
တယ်။
"ဟုတ်ကဲ့ မာမီ"
မာမီဝင်လာတော့ မျက်နှာက ခန့်မှန်းရသိပ်ခက်တာပဲ။မာမီ ဘာအကြောင်းပြောမှာလဲ တီနာသိပ်သိချင်လှပါပြီ။မာမီက တီနာ့စာရေးစားပွဲနဲ့ မလှမ်းမကမ်းက ကျွန်းကုလားထိုင်လေးကို တီနာ့နား ရွှေ့ပြီး ထိုင်လိုက်တယ်။တီနာ့မျက်နှာကိုလည်း မကြည့်စဖူး အကြာကြီး စိုက်ကြည့်နေလိုက်တာ။
"မာမီ ဘာဖြစ်လို့လဲဟင် သမီးကို ဘာပြောချင်လို့လဲ"
"သမီး....သမီးနဲ့သမီးဟန်နီနဲ့...."
အဲ့ဒီနေ့ကပေါ့ မာမီနဲ့တီနာ စကားတွေ ပထမဆုံးအနေနဲ့ အများကြီးပြောဖြစ်ခဲ့ကြတယ်။ပထမဆုံးလို့
ပြောသင့်ပါတယ်။ငယ်ငယ်ကတည်းက တီနာက
မာမီနဲ့ အစည်းသိပ်မကပ်ခဲ့ဘူး။မာမီကလည်း တီနာ့ထက် ကိုကြီးကို ပိုချစ်တယ်။ကိုကြီးနာမည်က
ပီတာတဲ့။ကိုကြီးက အကိုမဆန်ဘူး။အကိုမပီသဘူး။တီနာလိုချင်တဲ့ပစ္စည်းဆိုလည်း သူလိုချင်တာပဲ။
မိန်းကလေးလည်း မဟုတ်ဘဲနဲ့ မိန်းကလေးတွေပဲဆော့တဲ့ အရုပ်မအကျီင်္ ကတ်တွေနဲ့ ကစားတယ်။ကိုကြီးကို အခြောက်ကြီးလို့ ငယ်ငယ်က ထင်ဖူးတယ်။ကိုကြီးက အငယ်ဆိုပြီးလည်း မညှာဘူး။ပါးစပ်လည်း စည်းမစောင့်ဘူး။လီဆယ်ပြီးလည်း တီနာ့အကြောင်း မာမီ့ကို တိုင်ပြောတတ်တယ်။
အခုလည်း ကိုကြီးရဲ့ပါးစပ်စည်းမစောင့်မှုကြောင့် မာမီနဲ့စကားတွေအများကြီးပြောနေရပြန်ပြီ။ကိုကြီးရဲ့ အပြုအမူတွေကြောင့်ပဲ မာမီနဲ့အလှမ်းဝေးရတာလေ။ စကားဆိုတာ မပြောဖြစ်သလောက်ပါပဲ။ငယ်ငယ်ကလည်း နာနီနဲ့နေလိုက်၊တီနာ့အဒေါ်အငယ် အာဆူလာနဲ့ နေလိုက်နဲ့ပေါ့။ဒယ်ဒီဆိုတာကလည်း တီနာ့အတွက် ညအိပ်ရာဝင်ပုံပြင်တစ်ပုဒ်သဖွယ်ပါပဲ။ဝိုးတိုးဝါးတားလို့ပဲ ဆိုပါတော့။ဒေါ်လေးပြောတာတော့ ဒယ်ဒီက တီနာတို့ကို ထားပြီး နောက်အိမ်ထောင်ပြုသွားတယ်ပြောတာပဲ။ကလေးတွေတောင် ရှိတယ်တဲ့။ထားပါလေ အခုကိစ္စက ပိုအရေးကြီးတယ်။
ကိုကြီးက ဟန်နီနဲ့တီနာ့အကြောင်းကို ဘယ်ကနေ ဘယ်လိုတွေ ကြားလာလဲ မသိဘူး။မာမီ့ကို ငယ်ငယ်တုန်းကလို တိုင်ပြောလိုက်လို့ မာမီက တီနာ့အခန်းထဲ မရောက်စဖူးရောက်လာပြီး မမေးစဖူးတွေ မေးနေလိုက်တာ။တီနာ အမှန်တစ်ဝက်၊အမှားတစ်ဝက်ဖြေလိုက်တယ်။တချို့အမှန်တွေဟာ အချိန်မတန်သေးသ၍အမှားလို့အထင်အမြင်ခံရတတ်တယ်လို့ တီနာထင်တယ်လေ။ဒါကြောင့် တစ်ချို့တစ်ဝက်ထိမ်ချိန်ထားလိုက်တယ်။မာမီက တီနာ့ရဲ့ဝန်ခံစကားတွေအဆုံးမှာ သက်ပြင်းခပ်ရှည်ရှည်ကို မချစဖူးချလိုက်တယ်။တီနာစာမေးပွဲကျမှာတို့၊တီနာနေမကောင်းဖြစ်မှာတို့ကိုတောင် သိပ်ပြီးဂရုမစိုက်အားခဲ့တဲ့ မာမီက အခုကျ ထူးဆန်းနေလိုက်တာ။တီနာ့စိတ်ထဲမှာ ရယ်လည်းရယ်ချင်နေတယ်။အူကြောင်ကြောင်နိုင်တယ်လို့လည်း တီနာထင်တယ်။အဲ့ဒီနေ့ညက မာမီ တီနာ့အခန်းထဲက ထွက်သွားပြီးနောက်ပိုင်း တီနာ့အတွေးအိမ်ထဲ ဟန်နီက ဗြုန်းစားရောက်လာပြီး တော်တော်နဲ့ကိုမပြန်တော့ဘူး။ဟန်နီ့ကို အပြင်မှာလည်း အဲ့ဒီလို ခေါ်ထားလို့ရရင်ခေါ်ထားလိုက်ချင်တယ် မာမီ။
YOU ARE READING
A tale of a White Kite (1)
Romancethere are two girls who were classmates and bestfriends.They two loved each other so much.But something happened between them and they got far away.Which things happened?You need to read out mine💛