ရန်ချီမှာအခုထပ်ပိုပီးစိတ်ဓာတ်ကျစရာမရှိပေ။
လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့ လုဟန်က သူရဲ့စွမ်းအားပင်လယ်ကိုဖြိုခွဲခဲ့ပီး သူရဲ့စွမ်းအားကျင့်စဉ်ကိုဖျက်ဆီးခဲ့သည်၊ သေချာတာကတော့ သူရဲ့ကျင့်ကြံခြင်းအခြေခံမှာ မည်သည့်မျှော်လင့်ချက်မှမရှိတော့ပေ။
ထိုပြင် သူကိုမိုးကြိုးပစ်ချခြင်းခံရလောက်အောင်ထိ ကံဆိုးမယ်လို့ဘယ်သူကတွေးမိမှာလဲ?
ပြင်းထန်တဲ့မိုးကြိုးတွေက သစ်ပင်နဲ့တကွ သူကို ပစ်ချခြင်းခံရကြောင့် သူ့မျက်လုံးတွေကတွေဟာ ပေါက်ကွဲမတက်ခံစားစေရပီး မျက်လုံးတွေမှိတ်သွားလောက်အောင် ဖိအားပေးခံရသည်။
"ငါသေရတော့မှာလား?သူတွေးမိတယ်။ "အဲတာက တကယ်ကောင်းတယ်လို့ထင်မိတယ်။ငါဘဝတစ်လျှောက်လုံး သူတစ်ပါးစနောက်လှောင်ပြောင်တာကို သီးခံစရာမလိုတော့ဘူး
မိုးကြိုးကသူရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်လာတယ်ဆိုရင်ဘဲ မကြုံစဖူး နာကျင်မှုတွေနဲ့အပူဒဏ်ကိုခံစားရတယ်။ထိုအရာက ဓားပေါင်းသန်းချီဖြင့် သူရဲ့အသားတွေအရိုးတွေကို ပါးပါးလှီးနေသလိုခံစားရစေတယ်။
သို့သော်လည်း သူမသေခဲ့ပေ။ လျှပ်စီးမိုးကြိုးရဲ့စွမ်းအားက သူရဲ့ကြွက်သားတွေ အရိုးတွေနဲ့ မရိဒန်တွေကို ဆုတ်ဖြဲပစ်ပီး နောက်ဆုံးမှာတော့ သူရဲ့ဒန်တျန်နေရာမှာ လေပွေလေးတစ်ခု စတင်ဖစ်ပေါ်လာသည်။
ရလဒ်အနေနဲ့သူရဲ့ပျက်စီးနေတဲ့စွမ်းအားပင်လယ်ကမယုံကြည်နိုင်လောက်အောင်ပြောင်းလဲမှုတွေဖစ်ပေါ်စေခဲ့သည်။ လည်ပတ်နေတဲ့လျှပ်စစ်စီးကြောင်းတွေက ပုံသဏ္ဍန်တစ်ခုဖစ်ပေါ်လာတယ်။ ထိုအရာကနဂါးတစ်ကောင်နီးပါးရက်စက်မှုတွေဖုံးလွှမ်းနေတဲ့ ရက်စက်သွေးဆာလွန်းတဲ့ ကြီးမားလွန်းတဲ့ရှေးခေတ်ဟောင်းအစွယ်ရှည်ဆင်ကြီးတစ်ကောင်ဖြစ်ပုံပေါ်တယ်။
သူရဲ့ခန္ဓာကိုယ်ထဲမှာဘာတွေဖစ်နေလဲဘယ်သူမှအတည်မပြုနိုင် ထိုအရာက အလွန်ကြီးမားတဲ့လျှပ်စီးတွေနဲ့ပြုလုပ်ထားတဲ့ ရှေးဟောင်းဟောင်းအစွယ်ရှည်ဆင်ကြီးဖစ်ပီးတော့ ဒေါသထွတ်စွာ ဟိန်းဟောက်နေပေသည်။
မိုးကြိုးတွေကလွင့်မျောပျောက်ကွယ်မသွားဘဲ သစ်ပင်မှတစ်ဆင့် ရန်ချီ ထံ စီဆင်းသွားပီးနောက်မှာတော့ သစ်ပင်က မီးတောက်အဖစ်လောင်ကျွမ်းသွားလေသည်။
နောက်ဆုံးမှာရန်ချီက အလွန်သေးငယ်တဲ့ ရွှေရောင်လူသားတစ်ဦးကို မိုးကြိုးတွေထဲမှာတွေလိုက်တယ် ထိုလူက သူရဲ့နဖူးဆီသို့တိုက်ရိုက်စီးဝင်သွားလေသည်။
ထိုသူဖြတ်သွားပီးတဲ့နောက် သူရဲ့စိတ်က ပေါက်ကွဲလုနီးနီး စူထွက်လာတာကိုသူခံစားလိုက်ရတယ်။
ထိုအချိန်တုန်းကတောထဲကထွက်သွားတဲ့ အစောင့်တွေကသူတို့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် တုန်လှုပ်ခြောက်ခြားသွားတယ်။ သူတို့က သစ်ပင်ကိုမိုးကြိုးပစ်ချပီး မီးလောင်သွားတာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။ယောင်ချိကရွံနွံထဲမှာလဲကျပီး သေဆုံးနေပုံပေါ်တာကိုလဲ သူတို့တွေ့လိုက်သည်။
"ငါတို့အခုဘာဆက်လုပ်ကြမလဲ"အစောင့်တွေထဲကတစ်ယောက်ကပြောလိုက်သည်။"သူမိုးကြိုးပစ်ချခြင်းခံရတာ ငါတိ့ုနဲ့ဘာမှမဆိုင်ဘူးလေ"အခြားတစ်ယောက်ကပြန်ပြောလိုက်သည်။
"မင်းမြို့ကိုပြန်ပီး ဘာတွေဖြစ်နေလဲဆိုတာ မြင့်မြတ်တဲ့လုဟန်ကိုတင်ပြလိုက်ပါ၊ ဒီကလေးက ခွင့်မလွှတ်နိုင်တဲ့ပစ်မှုကိုကျူးလွန်ခဲ့ပေမယ့်လဲ နောက်ဆုံးမှာတော့ သူက ချမ်းသာပီး စွမ်းအားကြီးမားတဲ့ကလန်ကဆင်းသက်လာတာဘဲလေ သူအခုလိုသေဆုံးသွားရင် ဒီကိစ္စကိုအဆင်ပြေအောင် မကိုင်တွယ်နိုင်တော့ဘူး အဲတာဟာ ယန်ကောင်းကင်ရဲ့ကြီးမားတဲ့ပြသနာတစ်ခုဖြစ်လာလိမ့်မယ်။
အခြားအစောင့်တွေထဲကတစ်ယောက်က မြို့ဘက်ကိုချက်ချင်းဘဲပြန်ပြေးလာခဲ့သည်သို့သော်လည်း သူက ခြေလှမ်းအနည်းငယ်ပြေးလွှားပီးတဲ့နောက်မှာ သံချပ်ကာဝတ်စုံဝတ်ဆင်ထားတဲ့ ကိုရိုးကားယားနိုင်တဲ့ပုံရိပ်တစ်ခုဟာ သူဆီဦးတည်လာတာကိုတွေ့လိုက်တယ်အစောင့်ကချွေးစေးတွေပြန်လာပီး ရွံထဲမှာဒူးထောက်လိုက်တယ်။
"လုဟန် ဆရာ "
"မိုးကြိုးမှန်ပီးသေသွားတယ်"လုဟန်ကရေရွတ်လိုက်ပီး သူမျက်လုံးတွေက တိရာစ္ဆာန်ကဲ့သို့ အရောင်တောက်လာကာ ရန်ချီဆီလျှောက်သွားလိုက်သည်။
ပုံမှန်မဟုတ်တာတွေကိုရှာဖွေဖို့ သူရဲ့လက်တွေမှတစ်ဆင့်ယောင်ချီထံသို့စွမ်းအားစီးကြောင်းတွေပို့လွှတ်လိုက်သည်။
သူရဲ့မရီဒန်တွေနဲ့စွမ်းအားပင်လယ်ကဖျက်စီးနေဆဲဖစ်ပီး သူရဲ့ခန္ဓာကိုယ်ကတော့ မီးတူးပီးမဲနက်နေလေသည်။ " မိုးကြိုးပစ်ချတဲ့ ထိခိုက်ဒဏ်ရာကြောင့် သူရဲ့မရီဒန်တွေနဲ့ စွမ်းအားပင်လယ်ကလုံးဝဖျက်ဆီးခြင်းခံလိုက်ရပီ, ဒါပေမယ့် သူအသက်ရှင်နေသေးတယ်"
"တကယ်လား"
လုဟန်က ရန်ချီကိုစစ်ဆေးပီးနေတဲ့အချိန်မှာ တန်ဖိုးကြီးပီးကျကျနနအဝတ်အစားတွေဝတ်ဆင်ထားတဲ့ လက်တစ်ဆုပ်စာလောက်လူတွေက ုခြေလှမ်းမှန်မှန်နဲ့လျှောက်လှမ်းလာသည်။
သူတို့တွေက ယန်ကောင်းကင်ရဲ့အရေးပါတဲ့သူတွေဖြစ်ပီးတော့ သူတို့ထဲကဆံပင်ဖြူ အရှည်ကြီးနဲ့တစ်ယောက်က မြို့ထဲ ကလန်တွေမှအကြီးအကဲတစ်ယောက်ဖစ်ပုံပေါ်တယ်။ ရန်ချီကိုစစ်ဆေးပီးတဲ့နောက် သူကပြောလိုက်တယ် "ကောင်းပီ ဒီငနံလေးကို စစ်ဆေးမေးမြန်းဖို့ငါတို့မခေါ်သွားသေးဘူး၊ ပြီးတော့အခုချိန်မှာ သူကိုကွပ်မြတ်လို့မဖြစ်သေးဘူး ၊သူကိုယန်ကလန်ကိုပြန်ပို့လိုက် အဲကိုရောက်ရင် မြို့တော်ဝန်ရဲ့အမှာစကားကိုပြောကြားလိုက် 'ယန်ကလန်ရဲ့လူဆိုးလေးကငုပ်လျှိူးနေတဲ့နဂါဆေးလုံးကိုခိုးခဲ့တယ်။ထိုပစ္စည်းအတွက် ရန်ကလန်က လျော်ကြေးအပြည့်အဝပေးရမယ် သူတို့ရဲ့ပစ္စည်းတိုင်းရောင်းချပီးတော့ဘဲဖြစ်ဖြစ်ပေါ့"
"အမိန့်တိုင်းပါ ဆရာ" အစောင့်တွေကယောင်ချီကိုလှမ်းဆွဲပီး ရန်ကောင်းကင်ဘက်ကိုတရွတ်တိုက်ဆွဲခေါ်သွားကြသည်။
ညတစ်ညဟာလျင်မြန်စွာကုန်ဆုံးသွားပီး သာယာတဲ့နေ့တစ်နေ့အဖြစ် တောက်ပလာခဲ့သည်။ညရဲ့ပြင်းထန်တဲ့မုန်တိုင်းကကောက်ပဲသီးနှဲနဲ့ခြံမွေးတိရစ္ဆာန်များစွာကို ဖျက်စီးခဲ့သည်။ကြီးမားတဲ့ရန်မြစ်ဟာမြို့ရဲ့အပြင်ဘက်ခြမ်းတွေကိုရေလွှမ်းစေခဲ့တယ်ဒါပေမယ့်အခုတော့ မိုးရွာပီးတဲ့နောက်အပူချိန်ကမြင့်တက်လာခဲ့သည်။
မြို့ရဲ့အချမ်းသားဆုံးနဲ့စွမ်းအားအကောင်းဆုံးကလန်တွေထဲကတစ်ခုဖစ်တဲ့ယောင်ကလန်ဟာ စိတ်လှုပ်ရှားဖွယ်အခြေအနေမှာလုံးဝကျရောက်နေတယ်။
အစေခံတွေကအရှေ့နောက်သုတ်သုတ်ပြာပြာပြေးလွှားနေပီး အထူးအစောင့်တွေက အမြင့်ဆုံးအခြေအနေထိနိးကြားရှိနေကြပီးတော့ အစေခံမလေးတွေ အစေခံငယ်လေးတွေနဲ့ အသက်ကြီးတဲ့မိန်းမအစေခံတွေက ကလန်ရဲ့ချောင်ကျတဲ့နေရာတိုင်းမှာ သူတို့ကြားနိင်တဲ့အသံနဲ့တီးတိုးပြောနေကြသည်။
ခပ်စွာစွာခက်ထန်ပုံပါက်တဲ့မိန်းမကြီးက ပေးရမယ့်များပြားလွန်းတဲ့အကြွေးစားရင်းကိုမြင်တွေ့ပီးတဲ့နောက်မှာ သူရဲ့အသံကိုအတက်နိုင်ဆုံးထိန်းဖို့ကြိုးစာလိုက်ပေမယ့်လဲ မကောင်းတဲ့စိတ်နဲ့ ပီတိဖစ်နေတဲ့အပြုံးကိုတော့ ဖုံးကွယ်မထားနိုင်ခဲ့ပေ။
"အချို့ဗိုလ်မှူးတွေယောင်ကလန်ကိုလာနေပီ၊ မင်းကြားလိုက်လား မနေ့ညက ကလန်ခေါင်းဆောင် ယန်ကျန်းရဲ့သား ယန်ချီကမြို့တော်ဝန်ဆီက ရတနာကိုခိုးသွားတယ်၊ သူသေခါနီးဆဲဆဲဖစ်သွားပီးတော့ သူရဲ့စွမ်အားကျင့်စဉ်က ဖျက်ဆီးခြင်းခံလိုက်ရပီး သစ်ပင်မှာချည်ထားခံလိုက်ရတယ် ပီးတော့ သူကိုမိုးကြိုးပစ်ချခံလိုက်ရသေးတယ်၊ သူတို့သူကိုပြန်ခေါ်လာပီးတဲ့နောက် တညလုံးအိပ်ယာပေါ်မှာ လဲလျောင်းနေရတယ်၊အသက်ရှူဖို့တောင်ခက်ခဲပီးတော့ အချိန်မရွေးအသက်ထွက်သွားနိုင်တယ်။ "သစ္စာစောင့်သိတဲ့ အစေခံတွေထဲကတစ်ယောက်က ကလန်ကိုပြောလိုက်သည် "အဲတာကအမှန်ဘဲ ပီးတော့ မြို့တော်ဝန်က ရာဇံသံပေးလိုက်သေးတယ်၊ရန်ကလန်က ခိုးသွားတဲ့ရတနာရဲ့တန်ဖိုးကိုသုံးရက်အတွင်းပေးချေရမယ် အဲတာကကလန်ကိုလုံးဝမွဲပြာကျသွားစေနိုင်တယ်"
များပြားတဲ့အစေခံကောင်မလေးတွေကထိုသတင်းကြောင့်အရမ်းတုန်လှုပ်နေကြလေသည်။ "ကလန်ကတကယ်ဘဲမွဲပြာကျတော့မှာလား၊ ငါတို့ဘယ်လိုလုပ်ကြမလဲ? "
"အခြားစွမ်းအားကြီးပီးချမ်းသာတဲ့ကလန်တွေဖစ်တဲ့ ချိန်ကလန် ဝမ်ကလန် ဟုန်ကလန်နဲ့လီကလန်က ဘာတဲ့လဲ?သူတို့တွေက ငါတို့ကလန်ကိုမနှစ်မြို့ကြဘူး၊ သေချာတာကတော့ငါတို့ခက်ခဲနေချိန် သူတို့အထက်ရောက်ဖို့အတွက် ရိုက်ချဖို့ အခွင့်အရေးဘဲ "
"ဟုတ်တယ်,ရန်ကလန်ကခုချိန်မှာဒုက္ခအကြီးကြီး ရောက်နေပီ၊သခင်လေးရန်းချီက သူဘာလုပ်လိုက်လဲဆိုတာကို သူသေချာမစဉ်းစားခဲ့ဘူး..နောက်ဆုံးမှာအလွန်ကြီးမားတဲ့ဘေးအန္တာရယ်ကိုဖစ်စေတယ်၊ ဟဟ သူအဖေရန်းကျန်းက ကလန်ခေါင်းဆောင်ဘဲလေ ဒီကိစ္စပီးတဲ့နောက်မှာ သူနေရာက မတည်မြဲနိုင်တော့ဘူးး"
"မြု့ိတော်ဝန်အိမ်မှာအလုပ်လုပ်နေတဲ့တစ်ယောက်ကငါကိုပြောပြတယ် ရန်ချီက ထိုအရာကို ကောင်မလေးတစ်ယောက်အတွက်လုပ်ပေးခဲတာတဲ့၊ အဲတာက သူရတနာကိုခိုးခဲ့တဲ့ အကြောင်းရင်းဘဲ "
"ဟမ့် သခင်လးဆိုတဲ့သူက အားလုံးကိုဒုက္ခရောက်အောင်လုပ်တဲ့ လူယုတ်မာဘဲ။သူတို့တွေကအမြဲတမ်း ပြဿနာကောင်တွေဘဲ,အစေခံတွေထဲကတစ်ယောက်က အဝေးကိုထွက်သွားရင်းပြောလိုက်သည်။"သူစွမ်းအားကျင့်စဉ်တွေ ဖျက်စီးခံရတာ ကောင်းတဲ့ကိစ္စဘဲလေ၊ စွမ်းအားကျင့်စဉ်တွေမရှိတော့ရင်သူကတကယ်သုံးစားမရတဲ့သူဖြစ်သွားပီ"
အစေခံတစ်ချို့က ရန်းချီ ကံဆိုးမှုကိုဝမ်းသာနေကြပီးအချို့က ကလန်အနာဂတ်ကိုစိုးရိမ်နေကြသည်။တစ်ချို့တစ်လေကလဲ ရန်းချီကို ကျိန်ဆဲနေကြလေသည်။
ထိုအချိန်အတွင်း ဝင်္ဂဘာအထပ်ထပ်ဝန်းရံထားတဲ့အတွင်းစည်းအိမ်ဆောင်တစ်ခုထဲ၌ပိုးထည်ဝတိဆင်ထားသော အရပ်ရှည်ပီးကြည့်ကောင်းသည့် လူကြီးတစ်ယောက်က မတ်တပ်ရပ်ရင်း အခြေအနေတွေအကြောင်း နားထောင်နေသည်။
သမားတော်သည်ယခုတော့ စကားပြောလာခဲ့ပေသည်။"အရှင်,သခင်လေးရန်ချီရဲ့ အခြေအနေက ခုတော့တည်ငြိမ်သွားပါပီ,ဒါပေမယ့် သူတစ်ကိုယ်လုံးနီးပါး လောင်ကျွမ်းတဲ့ဝေသနာကို ခံစားခဲ့ရတယ်,သူရဲ့မရိဒန်တွေက ပျက်စီးသွားပီး သူရဲ့စွမ်းအားပင်လယ်ဟာလည်း အစိတ်စိတ်ကွဲကြေသွားခဲ့ပီ၊ သူရဲ့စွမ်းအားကျင့်စဉ်ဖျက်စီးခံလိုက်ရတာကြောင့် သူဘဝတလျှောက်လုံး မသန်မစွမ်းဖစ်ပီး အနားယူသွားရလိမ့်မယ်"
"သူရဲ့စွမ်းအားကျင့်စဉ်ဖျက်စီးခံရပီးတော့ စွမ်းအားပင်လယ်လဲ ပျက်စီးသွားပီ? "ရန်ကျန့်ကပြောလိုက်သည်။
"ဝုန်း"
ပြင်းထန်တဲ့လက်ဝါးရိုက်ချက်ကြောင့်အနီးနားကစားပွဲကအစိတ်စိတ်အမွှမွှကွဲကြေသွားသည်။
ဝိညာဉ်တွေရဲ့ညည်းသံကဲ့သို့ အသံထွက်ပေါ်လာရင်း သစ်သားစတွေထဲက တော်တော်များများက မြေပြင်မှာစိုက်ဝင်သွားလေသည်။
"ရန်ကလန်က ငုပ်လျှိုးနေတဲ့နဂါးဆေးလုံးအတွက် လျော်ကြေးကိုပေးနိုင်တယ်"ရန်ကျန်းကဒေါသထွက်ကာ" ဒါပေမယ့် သူတို့ဘာကြောင့်ငါသားရဲ့စွမ်းအားကျင့်စဉ်ကိုဖျက်စီးရတာလဲ,သူရဲ့လက်တွေကိုဖြတ်လိုက်ရင်တောင် အခုထပ် ပိုကောင်းအုံးမယ်၊ ခြေလက်တွေဆုံးရှံးရရင်တောင် သူစွမ်းအားကျင့်စဉ်သာအကောင်းပကတိရှိနေရင် တစ်နေ့ကျရင် ထိပ်သီးကျွမ်းကျင်သူဖြစ်လာနိုင်သေးတယ်၊ပျက်စီးနေတဲ့စွမ်းအားကျင့်စဉ်နဲ့ဆိုရင် သူဘယ်တော့မှစွမ်းအားတွေမစုစည်းနိုင်တော့ဘူး'ဆိုပီးဆက်ပြောလိုက်သည်။
ကလန်၏အစည်းအဝေးတွင် "အရှင်,အခုဘာဆက်လုပ်ကြမလဲ, ယခုကိစ္စအတွက် ငါတို့လုပ်နိုင်တာဘာမှမရှိဘူး,အခုလက်ရှိ မြို့တော်ဝန်တောင်းဆိုခဲ့တဲ့ ငုပ်လျှိုးနေတဲ့နဂါးဆေးလုံးအတွက်လျော်ကြေးက အရေးကြီးတယ်၊ ကျွန်တော်စိုးရိမ်တာက ဝါရင့်အကြီးအကဲတွေကလန်မွဲတေသွားစေမယ့်ကိစ္စမှာ ငါတို့ဘက်ကရပ်တည်ပေးမယ်မထင်ဘူး, တစ်ယောက်ယောက်က ထိုကိစ္စကိုအခွင့်ကောင်းယူပီး အာဏာသိမ်းဖို့ကြိုးစားလိမ့်မယ်"
ရန်းကျန်းက အေးစက်စက်နှာခေါင်းရှုံလိုက်ပီး "ငါဘာလို့ကလန်ခေါင်းဆောင်နေရာကို ရလာလဲ သတိရစမ်းပါ....ထိုအရာက အကြံအစည်တွေ လျှိ့ဝှက်ကြံစည်မှုတွေ မဟာမိတ်တွေကြောင့်ရလာတာမဟုတ်ဘူး, ငါရဲ့စွမ်းအားကျင့်စဉ်နဲ့ ကျင့်ကြံမှုအခြေခံကို ဘယ်သူမှမယှဉ်ပြိုင်နိုင်လို့ဘဲ အဲတာက ငါကလန်ခေါင်းဆောင်ဖြစ်ရခြင်းရဲ့အကြောင်းရင်းဘဲ,သူတို့ထဲက ဘယ်သူဖြစ်ဖြစ် လုံလောက်အောင်သန်မာလာမယ်ဆိုရင် ငါကိုဖယ်ရှားပစ်လိမ့်မယ်,
သုံးရက်နေရင် ကလန်အစည်းအဝေးစင်မြင့်ကိုလာဖို့ဝါရင့်အကြီးအကဲတွေကို အကြောင်းကြားထားလိုက်၊ လက်အောက်ခံအဖွဲ့အစည်းတွေ ပစ္စည်းဥစ္စာတွေကို ဘယ်လိုဆက်လုပ်မလဲဆိုတာကို ဆွေးနွေးဖို့လိုတယ်,မြို့တော်ဝန်က လိုအပ်တဲ့ငွေကိုစုဆောင်းဖို့ ငါတို့ကိုအချိန်အလုံအလောက်ပေးထားပီးပီ"
"အမိန့်အတိုင်းပါ အရှင်" အစောင့်အရှောက်ကခေါင်းညိတ်ရင်းပြောလိုက်သည်။ လှည့်ထွက်သွားပီးနောက် ရပ်ကာမေးလိုက်လေသည်။"သခင်လေးရန်ချီ အခြေအနေဘယ်လိုနေသေးလဲ, သူလုပ်ခဲ့တဲ့ ပြဿနာကိုစဉ်းစားကြည့်ရင် ဝါရင့်အကြီးအကဲတွေက သူကိုလွှတ်ပေးမှာမဟုတ်လောက်ဘူး"
"သူစွမ်းအားကျင့်စဉ်ကဖျက်စီးခံလိုက်ရပီး မိုးကြိုးပစ်ချခံလိုက်ရတယ်"ရန်းကျန်းကဒေါသတကြီးပြောကာ "မြို့တော်ဝန်က သူကိုစိတ်ဝင်စားမှာမဟုတ်ဘူး,ဝါရင့်အကြီးအကဲတွေက ဘာလုပ်မှာလဲ၊သူကိုသတ်မှာလား?အကယ်၍ငါသားကိုထိဖို့အကြံပြုရင် ငါအကုန်လုံးကိုတိုက်ခိုက်ရလဲ ကိစ္စမရှိဘူး,အခြားကိစ္စမရှိရင် နတ်ဘုရားနှင့်အင်မော်တယ်တပိုင်းကျောင်းတော်က ရန်းချီအန်တီလေးဆီ အကြောင်းကြားဖို့ စာသွားရေးလိုက်ဦးမယ်"
အစောင့်အရှောက်ရဲ့မျက်လုံးတွေကတောက်ပလာကာ "အမှန်ဘဲ,ငါဘာလို့ ငါတို့ဘက်မှာသခင်မလေးရှိတာကို မေ့သွားပါလိမ့်"
ထိုလုူပြောသည် သခင်မလေးမှာ ရန်းကျန်း၏မွေးစားညီမဖြစ်ပီး ရန်းချီရဲ့အန်တီလေးဖစ်သည်၊ သူမဟာ ချမ်းသာကြွယ်ဝသောတိုက်ကြီး(ဝစ်လန်းတိုက်ကြီး)၏နံပါတ်တစ်အဖွဲ့အစည်းဖြစ်သည့်နတ်ဘုရားနှင့်အင်မော်တယ်တစ်ပိုင်း ကျောင်းတော်ကဖြစ်၍ အတိတ်တစ်ချိန်တုန်းကထပ် ပိုမိုထူးခြားတဲ့ပုံရိပ်ရှိသူလဲဖြစ်သည်။သူမက ရန်းကလန်ကထွက်သွားသည်မှာ ၁၀နှစ်လောက်ရှိပီးအံမခန်း အရည်အချင်းရှိသူတစ်ယောက်ဖစ်သည်။ ထိုအပြင် သူမက ငယ်ရွယ်စဉ်အချိန်မှစ၍ ကျင်ကြံခြင်းတွင် နတ်ဘုရားနှင့်အင်မော်တယ်တစ်ပိုင်းကျောင်းတော်မှအကြီးအကဲများ၏ သီးခြားသင်ကြားပေးခြင်းခံရသူလဲဖစ်သည်။
"နတ်ဆေးဆရာချောင်,ချီအာဘယ်လောက်တောင် ဆိုးဆိုးဝါးဝါးခံစားနေရလဲ?"ရန်ကျန်းကမေးလိုက်သည်။"ဘယ်လိုဆေးပညာကိုသုံးသုံး သူကိုနိးလာအောင်လုပ်ပေးနိုင်မလား? သင်ရဲ့ဆေးပညာကျွမ်းကျင်မှုက ယန်ကောင်းကင်မှာ နာမည်အကြီးဆုံးဘဲလေ သူရဲ့ဒဏ်ရာတွေကိုသက်သာအောင် လုပ်ပေးနိုင်မယ့် နည်းတစ်ခုခုတော့သင်သိကိုသိရမယ်"
"သူကိုငါရဲ့အစွမ်းထက်လိမ်းဆေးလိမ်းပေးပီးပီ၊ ပီးတော့ငါရဲ့စွမ်းအားကျင့်စဉ်ကိုသုံးပီးဆေးပညာနဲ့နိုပ်နယ်ပေးခဲ့တယ်၊ သူခြေထောက်ပေါ်သူရပ်နိုင်ဖို့ ရက်နည်းနည်းလောက်တော့လိုအပ်လိမ့်မယ်၊ သူရဲ့ကိုယ်တွင်းအင်္ဂါတွေက အန္တာရယ်မရှိတော့ဘူး၊ သူရဲ့မရိဒန်တွေနဲ့စွမ်းအားပင်လယ်ကြောင့်ဘဲ အားလုံးပီးသွားတဲ့နောက်မှာ သူကျင်ကြံခြင်းမှာ လုပ်ဆောင်နိုင်မှာမဟုတ်တော့ဘူး"သမားတော်က ပြန်ဖြေလိုက်သည်။
"သမားတော်ချောင်ကို ဆုအနေနဲ့ စွမ်းအားစုစည်းဆေး ဆယ်လုံးပေးလိုက်"ရန်းကျန်းက လက်ဝေ့ယမ်းရင်းပြောလိုက်သည်။"ချီအာ နိးလာတဲ့အခါနောက်တစ်ခေါက် ပြန်ခေါ်လိုက်ပါ့မယ် သမားတော်"
စွမ်းအားစုစည်းဆေးကို ချမ်းသာကြွယ်ဝတိုက်ကြီးရဲ့ ဈေးဆိုင်တွေနဲ့ ဈေးအသီးသီးမှာငွေကြေးအနေနဲ့ အသုံးပြုကြသည်။ထိုဆေးများသည်စွမ်းအားကျင့်ကြံခြင်းတွင် စွမ်းအားအစစ်အမှန်ကိုစုစည်းနိုင်ရုံမက မရိဒန်တွေကိုပါ အာဟာရဖြစ်စေတယ်။ထိုအပြင်စွမ်းအားပင်လယ်ကိုတောင်တိုးချဲ့ပေးနိုင်သည်။
"အမိန့်အတိုင်းပါအရှင်"အစောင့်အရှောက်အိုကြီးက ပြောလိုက်ပီးသမားတော်ကို အဝေးကိုခေါ်ဆောင်သွားလေသည်။
ရန်ကျန်းတစ်ယောက်ထဲကျန်နေခဲ့ချိန်တွင် သူရဲ့လက်တွေကို လက်သီးသဖွယ်ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ရေရွက်လိုက်သည်။"ချီအာ, မင်းအမေက အစောကြီးထဲကထွက်သွားခဲ့ပီ, အခုလဲငါတို့ကံဆိုးမှု အချို့ကို ရင်ဆိုင်နေရပြန်ပီ, မင်းရဲ့စွမ်းအားပင်လယ်ကိုပြန်တည်ဆောက်ပီး နောက်တစ်ခါ ပြန်ကျင့်ကြံနိုင်မယ်ဆိုရင် ငါအားလုံးကိုလုပ်နိုင်တယ်၊ ငါတို့နေတဲ့ကမ္ဘာကြီးမှာ ပျော့ညံတဲ့သူက ရွေးချယ်ခွင့်မရှိဘူး"
ရန်းကလန်ရဲ့အခြား တစ်နေရာမှာ ရန်းချီက နိးလာပီး အိပ်ယာပေါ်ငြိမ်ြငိမ်လေး လှဲနေသည်။
အနီရောင်ကတ္တီပါပိတ်စတွေနဲ့ဈေးကြီးတဲ့ပရိဘောဂတွေ ရှေးဟောင်းပန်းချီကားတွေထဲဆင်မြန်းထားတဲ့အခန်းထဲမှာပင်လယ်လိပ်နဲ့ကြိုးကြာပုံဖော်ထားသည့် ကြေးနီဖြင့်ပြုလုပ်ထားတဲ့အမွှေးနံသာအိုးတစ်လုံးရှိကာ ထိုအိုးအတွင်းအလွန်ဈေးကြီးပုံရသည့် အမွှေးနံ့သာများလောင်ကျွမ်းနေလေသည်။ထိုကဲ့သို့ ချမ်းသာကြွယ်ဝမှုအဆင့်အတန်းက အံသြစရာကောင်းလွန်းလှသည်။
အပြင်ဘက်၌ပူလောင်နေသော်လည်း အခန်းထဲတွင် လေအေးလေးများဖြေးဖြေးချင်းတိုက်ခတ်နေလေသည်။ထိုနေရာတွင် မြူခိုးများဖုံးလွှမ်းနေသည့် ရေကန်ငယ်လေးတစ်ခုရှိပီး သစ်ပင်တွေက ရေကန်ငယ်လေးကိုအရိပ်ရစေသည်။ထိုနေရာရှိ များပြားတဲ့ရေခဲတုံးလေးများက ထိုနေရာတစ်ဝှိုက်အား ပိုမိုအေးမြစေအောင်ထောက်ပံ့ပေးထားလေသည်။တံခါးဝ၌ ၁၁နှစ် ၁၂နှစ်အရွယ် ကောင်မလေးတစ်ယောက်သည် ခေါင်းငိုက်လိုက် ပြန်မတ်လိုက်ဖြင့် အိပ်ချင်နေသော စိတ်ဆန္ဒကို ချိုးနှိမ့်နေရလေသည်။
ရန်ချီက နာကျင်မှုကို ကြာရှည်စွာမခံစားရတော့ပေ။သူနေရာ၌ပင် လျှပ်စီးမိုးကြိုးက သူကိုမည်သည့်အရာတွေဖစ်ပွားစေခဲ့သည်ကို သေချာအောင်လေ့လာစမ်းစစ်လိုက်သည်။သူရဲ့မျက်လုံးတွေမှိတ်လိုက်စဉ်တွင် သူရဲ့စွမ်းအားပင်လယ်ထဲ၌အနားယူနေသော အစွယ်ရှည်ဆင်ကြီးက ပေါ်လာသည်။မည်သည့်ပြင်ပ သက်ရောက်မှုကြောင့်ဖစ်စေ အစွယ်ရှည်ဆင်ကြီးက ချက်ချင်းသေးငယ်တဲ့ အစက်ကလေးဖစ်သည့်အထိ ကျုံသွားစေသည်။ထိုသို့ကျုံသွားခြင်းကြောင့်လည်း စွမ်းအားကြီးမားတဲ့ကျွမ်းကျင်သူတွေက သူခန္ဓာကိုယ်အတွင်း၌သဘာဝမဟုတ်သည့် မည့်သည့်အရာမှရှာမတွေခဲ့ခြင်းဖြစ်ပေသည်။ ထိုအရာကကောင်းတဲ့ကိစ္စတစ်ခုပင်ဖြစ်သည်။
လျှပ်စီးအစွယ်ရှည်ဆင်ကြီးတွင် ပမာဏများပြားသည့် အဖျက်အဆီးစွမ်းအားတွေရှိပီး ထိုအရာကိုတိုက်ခိုက်ရာတွင် တနည်းနည်းဖြင့်အသုံးပြုနိုင်ပါကအရာအားလုံးကို ဖျက်စီးသွားနိုင်လိမ့်မည်ဟု အာရုံခံစားမိပေသည်။
မိုးကြိုးပစ်ချခြင်းကြောင့် သူကမသေဆုံးရုံမကလျှပ်စီးဓာတ်က သူခန္ဓာအတွင်းဝင်ရောက်ကာ အစွယ်ရှည်ဆင်ကြီးနှင့် နတ်ဆိုးကလေး သဏ္ဍန်ဖစ်ပေါ်စေသည်။မည်သို့ဆိုစေကာမူဆက်စဉ်းစားနေ၍လဲ အဖြေရရှိလာမည်မဟုတ်ပေ။
ရန်ချီက သူရဲ့စွမ်းအားတွေကိုလှည့်ပတ်လိုက်လျှင် ရွှေရောင်နတ်ဆိုးလေးက သူရဲ့နဖူးထပ်မှ ပေါ်ထွက်လာလေသည်။
ထိုရွှေရောင်နတ်ဆိုးကလေးက သူဟာသူ စကားတွေ ပြောလိုက်လေသည်။ ထိုကျယ်လောင်သော စကားသံများကို မည်သူတစ်ဦးမှ ကြားရခြင်းမရှိပေ။
"ကျရှုံးခြင်း မှ အောင်မြင်ခြင်း......
ပျက်စီးခြင်းမှ ဖြစ်တည်ခြင်း.......
မိုးအောက်မြေပြင် ပြိုင်ဘက်ကင်း"
(စာရေးသူစကားချပ် အောင်မြင်ဖို့အတွက် ကျရှုံးဖူးရယ် ဖြစ်တည်လာဖို့အတွက် ပျက်စီးဖူးရမယ် မိုးအောင်မြေပြင်မှာပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်လာရမယ်)
DU LIEST GERADE
ပညာရှင်ဧကရာဇ်
Fantasyရန်ချီဟာမြို့ငယ်လေးတစ်မြို့ရဲ့ဘိုးဘေးစဉ်ဆက်ချမ်းသာတဲ့မိသားစုတစ်စုရဲ့သားတစ်ယောက်ဖြစ်တယ်။အချစ်ရေးမှာသူဟာသူကိုယ်သူယုံကြည်မှုလွန်ကဲပီး သူရဲ့ချစ်သူအတွက် သူဟာဆေးလုံးကိုခိုးယူပေးခဲ့ပေမယ့်လဲ ထိုကောင်မလေးကဆေးလုံးယူဆောင်ပီးနောက် သစ္စာဖောက်ပီး သူအနားကနေထွက်ခွာ...