Sorry
တစုံတယောက်က လွမ်းတယ်ပြောတော့ တော်တော်လေးကို သတိရသွားမိလို့... 💛
ဒါလေးက အရင်ကတည်းက ရေးထားတာလေးပါ... ဒုတိယအပိုင်းက မတင်ဖူးသေးလို့... ပြန်ဖတ်ကြည့်ကြမလား.. 💚×
×
×
×
×
×
×ကုမ္ပဏီမှအပြန် အစ်ကို့ဆီရောက်တော့ အစ်ကိုက သူ့အခန်းထဲတွင် ဖုန်းကြည့်ရင်း ထိုင်နေသည်။
ထူးဆန်းသည်။
နောက်အပတ်တွင် ကပွဲရှိသဖြင့် ဒီအတောအတွင်း ကျွန်တော်လာတိုင်း အစ်ကိုက အကလေ့ကျင့်နေတတ်သည်။
အခုတော့ ရေချိုးထားပြီးပုံရကာ ပုံစံက အေးအေးဆေးဆေး။
ကျွန်တော့်ကို မြင်တော့ ထိုင်ရာမှ ထကာ ပြုံး၍ နှုတ်ဆက်သည်။"ညနေစာ စားမှာမလား... ဒီနားပဲ သွားရအောင်"
"....."
ဆိုင်ရောက်တော့လည်း အစ်ကိုက ခပ်သွက်သွက် မှာသည်။
သူက အလောတကြီးဖြစ်နေသလို ထင်ရသည်။ သူလည်း သိပ်မစားဘဲ ကျွန်တော့်ပန်းကန်ထဲသာ ဟင်းတွေ ဆက်တိုက်ထည့်ပေးနေသည်။ ကျွန်တော်တို့ ညနေစာ အတူစားကြမှာဆိုပေမဲ့ ဒါက မဖြစ်မနေလုပ်ရမဲ့ တခုတည်းသောကိစ္စတော့လည်း မဟုတ်ဘူးလေ။"အစ်ကို မအားဘူးလား"
"အားပါတယ်"
"သွားစရာရှိနေတာလား"
"အင်း... ခဏနေရင် jongdae လာခေါ်မှာ"
"သြော "
အဲဒါ မအားဘူးပဲ မဟုတ်ဘူးလား။ ကျွန်တော်က ကျွန်တော့်ကို မခေါ်လို့ ငိုယိုနေမဲ့ ကလေးလည်း မဟုတ်။ မသိရင် လူကြီးတွေအပြင်သွားမှာမို့ ကလေးကို ထမင်းကျွေးပြီး ချော့သိပ်ထားခဲ့မလို။
ပြီးတော့ သူ့ကိစ္စတိုင်း ကျွန်တော့်ကို အသိမပေးသည်က အဆန်းမဟုတ်ပါဘဲနဲ့ အခုတော့ အစ်ကိုက ကျွန်တော့်ကို မျက်လုံးချင်းလည်း ဆုံမကြည့်ပေ။
သူက အဲဒီလိုမျိုး သိသာပြရင် ဆက်မေးသင့်သလား၊ မမေးသင့်ဘူးလား ကျွန်တော်မသိ။ အခုထိ အစ်ကို့ဘက်မှ မစတင်ခြင်းများနှင့် ကျွန်တော် ကျင့်သားမရသေးပါ။
YOU ARE READING
အပြုံး အပိုင်းအစများ
FanfictionJust Pieces..... *may be deleted *No guarantee cover photo က လက်ဆောင်ရထားတာပါ.... ကျေးဇူးအများကြီးတင်ပါတယ် 💞💞