ကျွန်တော့် အစ်ကို့အိမ်မှ စောင့်သေးသော်လည်း အတော်ကြာသည်အထိ ပြန်မလာကြသောကြောင့် ကုမ္ပဏီသို့ ထွက်လာခဲ့သည်။
ဖုန်းဆက်တော့လည်း မကိုင်သဖြင့် ညကျ လာခေါ်မည်ဟု မက်ဆေ့ခ်ျပို့ထားလိုက်ပြီး အလုပ်ဆက်လုပ်နေလိုက်သည်။ ကျွန်တော့်ကို မခေါ်ရင်လည်း ဒရိုင်ဘာလုပ်ရတာပေါ့။
အလုပ်ဆင်းပြီး ရေချိုးပြင်ဆင်ကာ အစ်ကို့ဆီ ထွက်လာခဲ့သည်။ အစ်ကိုက ကျွန်တော့်ဆီ စာမပြန်ပါ။
တွန်းရုံနဲ့ ပွင့်သွားသောတံခါးကြောင့် အခန်းထဲ မြန်မြန်ရောက်လာတော့ အစ်ကိုက အခန်းကျဉ်းထဲ ပတ်၍လမ်းလျှောက်နေပုံရသည်။ သူက အံ့သြသွားပုံရပြီး တစ်ချိန်တည်းမှာ မြူးရွှင်လာသည်။
"ကျွန်တော့် မက်ဆေ့ခ်ျမရဘူးလား... "
"ရပါတယ်... တကယ်လာမယ် မထင်လို့"
မျက်မှောင်ကျုတ်ပစ်စရာ အဖြေကို အစ်ကိုက အမြဲဖြေတတ်သည်။
"ဘာလို့လဲ"
"ပွဲတက်စရာရှိတယ်ဆို... ကိုယ့်ဆီ မလာလောက်ဘူး ထင်တာ"
အစ်ကိုက ကျွန်တော် ပြောမိသမျှ အသေးစိတ်မှတ်မိနေဆဲ။ ကျွန်တော့်ကို မျှော်နေသည်ဟု ဝန်မခံချင်တာလေးပဲ ရှိသည်။
"အစ်ကို့ဒရိုင်ဘာလုပ်ဖို့ ကျွန်တော်က ရွေးချယ်ပါတယ်ဗျာ .. အဲဒါကြောင့် သခင်လေးက ကျွန်တော့်ကားပေါ် ကြွပါ"
ပြောရင်း လက်ဖမိုးတစ်ဖက်ကိုပါ ဆွဲယူနမ်းရှိုက်လိုက်တော့ အစ်ကိုက သဘောတကျရယ်သည်။ အရာရာက ပျော်ရွှင်ဖို့ လုံလောက်တာထက် ပိုနေပါသေးသည်။
.
"ကျွန်တော်တို့ night out မထွက်ရတာတောင် ကြာပြီ"
"အင်း"
"ကျွန်တော် အပြန်ကျ အစ်ကို့ဆီမှာ အိပ်မယ်နော်"
"ဟင်... ဘာလို့လဲ"
"လွမ်းတယ်လေ... အစ်ကိုက ကျွန်တော့်ဆီမလာချင်တော့ ကျွန်တော်ပဲ အစ်ကို့ဆီ လာနေတော့မယ်.. ပြီးတော့ နောက်လဆို ပိုအေးပြီ.. ကျွန်တော် အစ်ကိုနဲ့ နေချင်တယ်"

YOU ARE READING
အပြုံး အပိုင်းအစများ
FanfictionJust Pieces..... *may be deleted *No guarantee cover photo က လက်ဆောင်ရထားတာပါ.... ကျေးဇူးအများကြီးတင်ပါတယ် 💞💞