တစ်ခြားတစ်စုံတစ်ဦးအတွက်မဟုတ်ဘဲ ကျွန်တော့်အတွက်သာလျှင် ထာဝရပြုံးပေးနိုင်မလား sambae...
=================
မှောင်မည်းမှု့သာကြီးစိုးနေသည့်လမ်းငယ်။
အလောတကြီးပြေးလွှားနေသည့်ခြေလှမ်းများသာပြည့်နှက်လျှက်။
မောဟိုက်နေသော ပုံပန်းသဏ္ဍာန်ရှိသော်ငြား ထိုလူသားမှာမနားတမ်းပြေးလွှားလျက်သာ။
အဝေးဆုံးကိုသာတိုးဝှေ့ချင်နေမိသည်။
အင်အားရှိသမျှ ဟိုးအဝေးဆုံးအထိ ထွက်ခွာသွားချင်မိခဲ့သည်။
ချည်နှောင်နေသော နှောင်ကြိုးများအား လျစ်လျူရှု့လျက်။
တစ်နေ့နေ့ တစ်ချိန်ချိန်တွင် လွတ်မြောက်မှု့အားမခံစားရမည်ကိုစိုးထိတ်နေခဲ့မိသည်။
ကျွန်တော်ဆိုတဲ့ Baekhyun ရဲ့ဘဝလေးသည် စိုးထိတ်မှု့များကြီးစိုးလျက် နှစ်ပေါင်းများစွာရှင်သန်လာရသော်ငြား နေသားမကျခဲ့ပါလေ။
အေးစက်နေသောလက်ဖျားများသည် တစ်စတစ်စ ပျံ့ကျဲနေသည့် မီးခိုးရောင်ဆံနွယ်များအားသပ်တင်ကာ ငြိမ်သက်ခြင်းအမှု့အားပြုလုပ်လျက်။
ဒီနေ့အတွက် အားအတော်သုံးခဲ့ရပြီ။
အင်အားချိနဲ့နေသော ခြေထောက်များအား ခွေလဲမကျစေရန် သတိပြုလျက် မှောင်မိုက်နေသော လမ်းကျဉ်းလေးမှ ဖျော့တော့သောအလင်းရောင်ရှိရာသို့ခိုဝင်လာခဲ့၏။
အေးမြသောလေနုအေးသည်ငြင်သာစွာဆော်သွေးလျက် ကျီစားလို့နေ၏။
တွဲလဲခိုနေသောချွေးစက်များသည် လေနုအေး၏အကူအညီဖြင့် ခြောက်သွေ့မှု့အားဆောင်ကျဉ်းစပြုလေရဲ့။
မီးအလင်းတိုင်များဖြင့်ထိန်လင်းနေသောခြံကြီးအား မမှိတ်မသုန်ငေးမောမိ၏။
^ဟက်...ကျိန်စာသင့်နေတာ^
နေ့စဉ်ဝတ္တရားအရနေထိုင်သည့်ထိုခြံနှင့်အိမ်ကြီးအား အလွန်မတရာမှရွံ့မုန်းမိပါသည်။
ခြံထဲရှိရင်းနှီးသယောင်ရှိသော်ငြား မလိုလားအပ်သော ထိုအရာ။