(အတိတ်)/ ဂွမ်ယိုပန်းခြံ /
" ဟေ့! သတိထား "
ဂျုံအင်က သူ့ဘေးကနေ အရှိန်မြင့်စွာဖြတ်နင်းသွားတဲ့ စက်ဘီးကို ရှောင်လိုက်ရင်း၊ လူသွားလမ်းပေါ် ခြေချမလိုလုပ်နေတဲ့ အနက်ရောင်စောင်လုံးလုံးလေးနဲ့ တူတဲ့ ကောင်လေးကို ဖမ်းဆွဲလိုက်တယ်၊ ရင်ခွင်ထဲပစ်ဝင်လာတဲ့အရာလေးကို ကောင်းမွန်စွာ ကာကွယ်ထွေးပွေ့နိုင်လိုက်တယ်ဆိုပေမဲ့ အားထုတ်တာများသွားတာမို့ ရလာဒ်ကတော့ ကိုယ့်အရှိန်ကိုမထိန်းနိုင်တော့ပဲ နောက်ပြန်လဲကျသွားရတာပဲ..၊
" အယ်.. ရရဲ့လား "
အွတ်ခနဲ အသံထွက်သွားတာမို့ ရင်ခွင်ထဲရောက်နေတဲ့ မျက်လုံးဝိုင်းဝိုင်း ကောင်လေးက စိုးရိမ်တကြီးမေးခွန်းဆိုလာတယ်၊ ရတယ်.. သိပ်ကိုရတာပေါ့၊ ဒီထက်ပြင်းထန်နာကျင်တဲ့ လေ့ကျင့်ရေးတွေတောင် ကောင်းကောင်းမွန်မွန်ကျော်ဖြတ်နိုင်ခဲ့တာ ဒီလောက်ကတော့ ခံနိုင်ရည်ရှိတာပေါ့၊ ဒါပေမဲ့ ဒီလိုအချိန်မှာ အမှန်တိုင်းပြောစရာလား။
နာကျင်နေသယောင် မျက်နှာမျိုးကိုလုပ်ယူဖန်တီးလိုက်ရင်း ရင်ခွင်ထဲရောက်နေတဲ့ ကောင်လေးရဲ့ ခါးကို ခပ်တင်းတင်း ဆွဲညစ်လိုက်တယ်၊ နေရခက်သလို အင်းအင်းအဲအဲဖြစ်သွားတဲ့ မျက်လုံးဝိုင်းဝိုင်းလေးက သူ့ဆီက ရုန်းထွက်ဟန်လုပ်နေတော့ ခန္ဓာကိုယ်သေးသေးလေးကို ပိုဆွဲညှစ်ရင်း ဒရမ်မာချိုးပစ်လိုက်တယ်၊
" နာလိုက်တာ၊ သေတော့မယ်လို့တောင် ထင်ရတယ် "
အဲ့ဒီ့အချိန်ကျမှ စိုးထိတ်သလိုအငွေ့အသက်တွေ ဖြတ်ပြေးသွားတဲ့ မျက်နှာလေးနဲ့ ဂျုံအင့်ရင်ခွင်ထဲမှာ မလှုပ်မယှက်ငြိမ်ကျသွားလေတယ်၊ နွေးထွေးနေတဲ့ ကိုယ်လုံးလေးက ပထမဆုံးတွေ့ဆုံမှုမှာပဲ လက်မလွှတ်ချင်ရအောင် ဘယ်လိုဆွဲဆောင်မှုမျိုးနဲ့ သူ့ကို ငြို့ယူနေခဲ့သလားတော့မသိ၊ အချိန်အကြာကြီး လက်ကိုမလွှတ်ပေးမိပါ၊
" ဟို.. ကျွန်တော့်ကို အရင်လွှတ်ပေးပါလား "
" တာဝန်ယူ "
" ဗျာ! "
ပြေလျော့သွားတဲ့ သူ့လက်တွေနဲ့အတူ သုတ်ခနဲ ရုန်းထွက် ထထိုင်လိုက်တဲ့ အနက်ရောင်သိုးမွှေးလုံးလေး၊ ပြုံးတုံ့တုံ့လေးဖြစ်သွားတဲ့ ဂျုံအင်က ခေါင်းအစ၊ခြေအဆုံး တစ်ကိုယ်လုံးကို အနက်ရောင်ဆင်ယင်ထားတဲ့ ကောင်လေးရဲ့ အနားထိရောက်အောင် မြက်ခင်းပြင်ပေါ်က သူ့ခန္ဓာကိုယ်ကို တအိအိရွေ့သွားတယ်၊
![](https://img.wattpad.com/cover/98135684-288-k202339.jpg)
BINABASA MO ANG
" ပန်းလေးတစ်ပွင့် ဖြစ်ခဲ့သည်" [ Zaw × Uni ]
Fanfiction[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်နာဆွတ်သည့် ပန်းလေးတစ်ပွင့်သာ..။ [Zawgyi]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်...