because of he

375 41 2
                                    

သစ်ပင်လှလှစိုက်ကြမယ်...
အရိပ်ရဖို့ကွယ်.......
ငှက်ကလေးတွေတေးသီလို့
အကိုင်းလေးမှာနားနေဖို့
တို့ရဲ့ကမ္ဘာလှဖို့ကွယ်
ပန်းပင်စိုက်ကြမယ်
ပိတုန်းနဲ့ကွယ်လိပ်ပြာနား
သူတို့ပျော်စေသား
ကမ္ဘာကြီးလည်းလှမယ်တအား.....

မေတ္တာရိပ်မိဘမဲ့ကျောင်းဝန်းထဲ....ဝင်လာပြီဆိုတာနဲ့..ကလေးတွေရဲ့ သာယာတဲ့ ကဗျာရွတ်သံလေးတွေကို ကြားရတယ်...

ဒီကျောင်းလေးကို.. bkk ကို မပြောင်းခင်တုန်းကတော့...ပုံမှန်လာဖြစ်တယ်.
အဲ့တုန်းက အရမ်းချစ်ရတဲ့ ညီလေးတစ်ယောက်ရှိတယ်...ကျွန်တော်ရော
Mark ရော..အဲ့ကလေးလေးကို အရမ်းချစ်တာ
အသက်ကြီးတဲ့အထိ အတူတူရှိကြမယ်လို့လဲ ကတိပေးခဲ့ကြတယ်..ဒါပေမယ့်..ကျွန်တော်တို့ bkkကိုပြောင်းသွားခဲ့တော့...အဲ့ကောင်လေးနဲ့ပေးထားတဲ့ ကတိကို..မတည်နိုင်ခဲ့ဘူး...

လွန်ခဲ့တဲ့  တစ်နှစ်က ကျွန်တော်လာပြန်ရှာတော့
အဲ့ခလေးက..ဒီကျောင်းမှာမရှိတော့ဘူးတဲ့..
Bkk မှာ ကျောင်းတက်ရင်းအလုပ်လုပ်နေတယ်လို့ပြောတယ်..
ကံမကုန်ရင်တော့ အကိုတို့ပြန်ဆုံကြတာပေါ့..
Pete..
.
.
.
.မင်္ဂလာပါ ဆရာမကြီး ကျွန်တော့်ကို မှတ်မိသေးရဲ့လားဗျ...

Aww..သား...tin...

ဟား..ဆရာမကြီး သားကို မှတ်မိသားပဲ...

မှတ်မိတာပေါ့....သားတစ်ယောက်ထဲလား..
ညီလေးရောမပါဘူးလား..သား...

မပါဘူး..ဆရာမကြီးရဲ့..သူက မင်းသားဆိုတော့ ကျွန်တော့်ထက်တောင် အလုက်ရှုပ်တယ်လေ..

အေးပါကွယ်..သားတို့ အဆင်ပြေနေတယ် ကြားတော့...ဆရာမကြီး...ဝမ်းသာပါတယ်...

Maeနဲ့ paw အတွက် အလှူငွေလေးလာထည့်တာပါဗျ....

အေးပါကွယ်...သားရဲ့ မိဘတွေလည်း..
ကောင်းကင်ဘုံကနေ သားတို့ကို ကြည့်ပြီး ဝမ်းသာနေမှာပါ...

ဟုတ်ကဲ့....

Aww...pete လေးလေ..အခုကျောင်းမှာ ရှိတယ်

ဟုတ်လား...ဆရာမကြီး...သူ့ကို ကျွန်တော် အရမ်းတွေ့ခြင်နေတာ.....

 Mini story Collection Where stories live. Discover now