သာယာ မနက်ခင်းလေး တစ်ရက် အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့ စမတ်ကျကျ ဝတ်ထားသော အသက် နှစ်ဆယ် အရွယ် ကောင်လေး တစ်ယောက်...
သူ့နာမည်ကတော့ လန်ကျင်းရီ...
"ကျင်းရီ တယောက် အိပ်ရာထနောက်ကျ၍ ကျောင်းသွားရန် အဝတ်အစား အမြန်လဲပီး အိမ်မှထွက်လာခဲ့သည်...ဖြစ်ချင်တော့ လမ်းမှာ သူတို့ကျောင်းက သူ့ဆိုအမြဲ အနိုင်ကျင့်သော အဖွဲနှင့် တည့်တည့်တိုးတော့သည်.."
လန်ကျင်းရီ!!!
ကျင်းရီတယောက် သိလိုက်ပီ "ဒါ သူ့ကို အမြဲ အနိုင်ကျင့်တဲ့အဖွဲ့ဆိုတာ"
"ကျင်းရီ မကြားချင်ယောင်ဆောင်ပြီး လမ်းဆက်လျှောက်နေသည်"
ထိုအချိန် နောက်မှ သူ့ဂုတ်ကို လှမ်းဆွဲ ခံလိုက်ရသည်...
hk..လန်ကျင်းရီ!!
မင်းက ငါတို့ခေါ်တာတောင် အရေးမလုပ်ရအောင် မင်းတော်တော် သတ္တိ ရှိနေတယ်ပေါ့..😏
JY. မင်းတို့က ဘာလိုချင်တာလဲ .
??...ငါတို့လား ဒီတခါ. ဘာယူရမလဲ🤔
အရင်ကတော့ မင်း ရဲ့ ပစ္စည်းတွေ ငါတို့ယူတာပဲ
မင်းမှာ ဘာမှ မရှိမှတော့ ..hk😏မင်းကိုပဲ ယူရမလား..
(ကျင်းရီ အနားကပ်ကာ ပြောလိုက်သည်)
ကျင်းရီ နောက်သို့ တစ်ချက် ဆုတ်လိုက်ပြီး ..
မင်း..မင်း တို့. အဲ့လောက် မယုတ်မာကြနဲ့ကွ
မင်းတို့တွေ ငါ့ဆီမှာ ရှိသမျှလည်း ယူပြီးပြီ တော်ရောပေါ့ကွ...
ဟား.ဟား မတော်နိုင်ပါဘူး 😏မင်းကို ဒီတခါ ရအောင်ယူမယ်..ဟား..ဟား.ဟား..😏
ပြောရင်း တဖြည်းဖြည်း အနားကပ်လာသည်..
ကျင်းရီ လည်း နောက်ကို ဆုတ်နေမိသည်..
ဆုတ်ရင်း ဆုတ်ရင်း နဲ့ နောက်တွင် နံရံနဲ့ ကျောနဲ့ကပ်သွားတော့သည်..ကျင်းရီ လည်း မျက်လုံးစုံမှိတ်ရင် ချွေးတွေလည်း တစက်စက်နဲ့ အကြောက်လွန်ပြီး ဘုရားသာ တနေမိတော့သည်...ထိုအချိန်..
ရုတ်တရက် ..
*ခွက် ..ဖြောင်း.....ဝုန်း..*
အသံကြားလို့ မျက်လုံးဖွင့်ကြည့်တော့ သူ့ရှေ့တွင် သူ့ကို အနိုင်ကျင့်တဲ့ အဖွဲ့. သုံးယောက်လုံး လဲကျပြီး သွေးသံ တရဲရဲ နဲ့ သတိမေ့နေကြသည်
အနီးအနား လှည့်ကြည့်မိတော့ .
ဦးထုပ် အနက်ရောင် ဆောင်းထားပြီး အပေါ်အောက် အနက် ကြီး ဝတ်ထားပြီး
အသက် နှစ်ဆယ့်ငါး နှစ်ဆယ့်ခြောက်ဝန်းကျင် လောက်ရှိသော အကိုကြီး တယောက်😊
ကျင်းရီ အငေးလွန်နေစဉ် သူ့အနား ထိုလူ ရောက်လာမှန်းသူမသိလိုက်..
ဟိတ်...ကောင်လေး
ပုခုံးလှမ်းပုတ်မှ ကျင်းရီးသတိပြန်ဝင်လာသည်
ဟမ်...အင်း ..
မင်း အဆင်ပြေရဲ့လား ဘာဖြစ်သွားသေးလဲ..
အမ်...ရတယ် အကို ကျနော် ဘာမှမဖြစ်ပါဘူး...
ကျေးဇူးပါ အကို ကူညီပေးလို့..😊
အာ..ရပါတယ် အကိုက တခြားသူ တွေ အနိုင်ကျင့်တာမြင်ရင် ကူညီပေးနေကြ...ကျေးဇူးတင်စရာ မလိုပါဘူး..😊
အင်း ဟုတ်ပါပြီ..ဒါနဲ့ အကို့နာမည်က ..
အမ်....အကို့နာမည်က ရွယ်ယမ် လို့ပဲ မှတ်လိုက်ပါ ..
အော် ဟုတ် အကိုရွယ်ယမ် ..😊ကျနော့် နာမည်က လန်ကျင်းရီ ..ကျင်းရီလို့လဲ ခေါ်ကြပါတယ် ...😊
အော်...အင်း 😊
ကျင်းရီ လက်မှ နာရီ တချက်ကြည့်ပြီး ..
"အာ...အကို ကျနော်သွားလိုက်ပါဦးမယ် ကျောင်းနောက်ကျနေပြီ..
ကောင်းပါပြီ ...""ရွယ်ယမ် က အိတ်ထဲမှ ကတ်တကတ် ထုတ်ကာ ..ကျင်းရီကို ပေးလိုက်သည်..
ဒါ အကို့ ကုမ္မဏီ လိပ်စာ ...လမ်းကြုံရင် ဝင်ခဲ့ပါ..😊
ကျင်းရီ လည်း နောက်ကျနေ၍ လိတ်စာကပ်ကို အမြန်ယူပြီး...
Jy. "ဟုတ်ကဲ့..လာခဲ့ပါ့မယ်..😊အခုတော့ သွားပြီနော် အကို နောက်ကျ တွေ့ကြတာပေါ့"😊
Xy. "အင်း ကောင်းပါပြီ"
YOU ARE READING
ကျွန်တော်ချစ်သော ကိုကို❣
Fanfictionကျင်းရီ နဲ့ ရွယ်ယမ် အကြောင်းလေးပါနော်🤗🤗 ကျင်းရီ မင်းကို ငါက လွဲရင် ဘယ်သူမှ မပိုင်ဆိုင်စေရဘူး .... မင်း က ကိုယ့်ရဲ့ ဘဝပဲ မင်းရှိနေရင် ကိုယ့်အတွက် ဘာမှ မလိုဘူး..