ညခင်းပိုင်း.....
ကျင်းလင်တစ်ယောက် ကမ်းခြေမှ လေညှင်းခံပြီး အခန်းသို့ ပြန်အလာ..
မြင်လိုက်ရသောမြင်ကွင်းကြောင့် ငိုချင်သလို ရီချင်သလို ဖြစ်သွားရသည် ..
အကြောင်းမှာ ...
အခန်းရှေ့တွင် ..စစ်ကျွေးနဲ့ ကျင်းရီ ဘီယာပြိုင်သောက်နေကြခြင်းပင်..နှစ်ယောက်လုံး မသောက်နိုင်မှန်း ကျင်းလင်သိသည် မူးလာရင်လည်း ဘာဖြစ်လာမယ်ဆိုတာလည်း ကျင်းလင်အသိဆုံးပင်...
* စစ်ကျွေး...ကျင်းရီ..*
*မင်းတို့ကလည်းကွာ သောက်နိုင်တာလည်း မဟုတ်ဘဲနဲ့ ဘာလို့သောက်နေကြတာလဲ*အဝေးမှ ဘောင်းဘီတို ရှပ်အကျီင်္လေးနဲ့ သူတို့ဆီ လျှောက်လာပြီး သူတို့ကို ဆူနေသော ကောင်လေးကို စစ်ကျွေး ငေးကြည့်နေမိသည်..
အားလင်- စစ်..စစ်ကျွေး ငါ့..ငါ့ကို ဘာလို့ကြည့်နေတာလဲ...
စစ်ကျွေး- ဟမ်...အင်း..အား..အားလင်လား..
ဟီး..သိဘူးလေ ဘယ်က ကောင်လေးလဲလို့😄
အားလင်- ဟင်း..😤ငါထင်တယ် မူးရင် ရစ်တော့မယ်ဆိုတာ ဟင်း..စိတ်လျှောမှ...သူကမူးနေတဲ့သူ ဘာမှမသိဘူး..ဟုတ်တယ် စိတ်လျှော့ ကျင်းလင်...စိတ်လျှော့..😌
စစ်ကျွေး- အားလင် လည်း လာသောက်လေ..
ကိုယ်က ကျင်းရီက သောက်မယ်ဆိုလို့ သောက်ရင်းနဲ့ ပြိုင်သောက်ဖြစ်သွားတာ ..ဟီး...ကိုယ်မမူးပါဘူး....
အားလင်- ဟွန့်...မမူးလို့ပဲ..စကားပြောတာတောင်..အချိုးမပြေတာ..ဟင်း..ငါနော်..😠
*တော်ပြီ..တော်ပြီ..ဆက်မသောက်ကြနဲ့တော့..ကျင်းရီ ..မင်းလည်း အခန်းပြန်တော့..*
ကျင်းရီ- ဟင့်အင်း..မပြန်ဘူး..မင်းတို့နဲ့ အိပ်မှာ
အားလင်- အခန်းကျဉ်းရင် ငါမအိပ်တတ်ဘူးကွ..
မင်းလည်း သိတာပဲကို
ကျင်းရီ- အင်း သိတယ် ဒါပေမယ့် ဒီတစ်ညပဲလေ
YOU ARE READING
ကျွန်တော်ချစ်သော ကိုကို❣
Fanfictionကျင်းရီ နဲ့ ရွယ်ယမ် အကြောင်းလေးပါနော်🤗🤗 ကျင်းရီ မင်းကို ငါက လွဲရင် ဘယ်သူမှ မပိုင်ဆိုင်စေရဘူး .... မင်း က ကိုယ့်ရဲ့ ဘဝပဲ မင်းရှိနေရင် ကိုယ့်အတွက် ဘာမှ မလိုဘူး..