ZAWGYI
ကျောင်း2လပိတ်သည့် သကာလ ဘာအလုပ်မှမယ်မယ်ရရမရှိ
ရှိလဲမလုပ်ချင် ဖုန်းတစ်လုံးကိုင်ပြီး mobillegend ဆော့ရင်ဆော့ မဟုတ်ရင် wattpadရေး၊ ဘေကုန်သွားရင် ထမင်းစား၊ တစ်ရေးအိပ်နဲ့ဒါတွေဟာ တစ်နေ့လာလဲဒီပုံစံနဲ့ခေါက်ရိုးကျိုးနေပြီ၊ အသက်20ပြည့်သွားပေမဲ့ အခုထိစိတ်က
ကလေးဆန်နေသေး၏ကလေးဆန်သည်ဟုဆိုရာ၌ မိန်းကလေးတစ်ယောက်လို စိတ်ဆိုးစိတ်ကောက် ဆိုးချင်တိုင်းဆိုးနေခြင်းကို မဆိုလို
ရင့်ကျက်သည့်အတွေးအခေါ်တို့က ကျွန်နုပ်ခေါင်း ထဲအခုအချိန်ထိမရှိသေး
စားမယ် အိပ်မယ်ကာတွန်းကြည့်မယ်ဒါပေမဲ့ လူသိပ်မသိသေးတာက ကျွန်နုပ်စိတ်ထဲမှာပုံမှန်မဟုတ်တဲ့ သဘာဝကို ဆန့်ကျင်နေတဲ့
စိတ်ကလေးရှိနေတာပဲတစ်ကောင်ကြွက်ကျွန်နုပ်က
ယောက်ျားလေးတွေကို အရင်က
ကိုယ့်သူငယ်ချင်းလိုသဘောထားခဲ့ပေမဲ့
သကောင့်သားတွေက
အခွင့်ကောင်းယူပြီး ချစ်ချင်ကြိုက်ချင်လာတယ်ကျားတို့သဘာဝ နည်းမျိုးစုံနဲ့ ကျွန်နုပ်ကို ချဉ်းကပ်သည်ဆိုပါတော့
သိစိတ်ကကြည့်ရင် ကျွန်နုပ်သူတို့ကိုပြန်ကြိုက်ကောင်းကြိုက်လိမ့်မည်
သို့သော် မသိစိတ်ထဲက ဒီလိုအရာတွေကို လက်မခံခဲ့လို့လားမသိသူတို့ကိုအတတ်နိုင်ဆုံး ကျွန်နုပ်ရှောင်ကွင်းသွားခဲ့သည်၊ တတ်နိုင်သလောက် သူတို့နဲ့စကားအပြောအဆို မလုပ်ခဲ့....
ယခုဆိုရင် ကျွန်နုပ်ယောက်ျားလေးတွေကိုသူငယ်ချင်းအဖြစ်ဘယ်လိုမှ လက်မခံနိုင်တော့
ဘယ်ယောကျာ်းလေးနဲ့မှလည်း
စကားမပြောဖြစ်ခဲ့တာ အတော်ကြာသွားပြီယခုအချိန်ထိလဲ ရည်းစားမရှိရခြင်းမှာ ထိုကိစ္စကြောင့်ပင်....
သို့သော်ငယ်ငယ်ထဲက ဗီဒီယိုကြည့်လို့ မင်းသမီးချောချောလေးများတွေ့ရရင်
စိတ်ကူးတွေကို ယဉ်လို့....ဘာမှတ်လို့လဲ... TV ထဲကမင်းသမီးလေးကို
တန်ခိုးနဲ့အပြင်ရောက်အောင်လုပ်မယ်
ပြီးရင်အပိုင်ကြံမယ်ပေါ့.... နောက်ပိုင်းကိုယ့်ဟာကိုပဲ ဆက်စဉ်းစားတော့.....