Accident-- Love[complete]

361 23 0
                                    

ZAWGYI

ကျောင်း2လပိတ်သည့် သကာလ ဘာအလုပ်မှမယ်မယ်ရရမရှိ
ရှိလဲမလုပ်ချင် ဖုန်းတစ်လုံးကိုင်ပြီး mobil​legend ဆော့ရင်ဆော့ မဟုတ်ရင် wattpad​ရေး၊ ဘေကုန်သွားရင် ထမင်းစား၊ တစ်ရေးအိပ်နဲ့

ဒါတွေဟာ တစ်နေ့လာလဲ​ဒီပုံစံနဲ့​ခေါက်ရိုးကျိုးနေပြီ၊ အသက်​20​ပြည့်သွားပေမဲ့ အခုထိ​စိတ်က
ကလေးဆန်နေသေး၏

ကလေးဆန်သည်ဟုဆိုရာ၌ မိန်းကလေးတစ်ယောက်လို စိတ်ဆိုးစိတ်ကောက် ဆိုးချင်တိုင်းဆိုးနေခြင်းကို မဆိုလို

ရင့်ကျက်သည့်​အတွေးအခေါ်တို့က ကျွန်နုပ်​ခေါင်း ထဲအခုအချိန်ထိမရှိသေး
စားမယ် အိပ်မယ်​ကာတွန်းကြည့်မယ်

ဒါပေမဲ့​ လူသိပ်မသိသေးတာက ကျွန်နုပ်​စိတ်ထဲမှာ​ပုံမှန်မဟုတ်တဲ့ သဘာဝကို ဆန့်ကျင်နေတဲ့
စိတ်ကလေးရှိနေတာပဲ

တစ်ကောင်​ကြွက်​ကျွန်နုပ်​က
ယောက်ျားလေးတွေကို​ အရင်က
ကိုယ့်သူငယ်ချင်းလိုသဘောထားခဲ့ပေမဲ့
သကောင့်သားတွေက
အခွင့်ကောင်းယူပြီး ချစ်ချင်ကြိုက်ချင်လာတယ်

ကျားတို့သဘာဝ နည်းမျိုးစုံနဲ့ ကျွန်နုပ်​ကို​ ချဉ်းကပ်သည်ဆိုပါတော့
သိစိတ်ကကြည့်ရင် ကျွန်နုပ်​သူတို့ကိုပြန်ကြိုက်ကောင်းကြိုက်လိမ့်မည်
သို့သော် မသိစိတ်ထဲက ဒီလိုအရာတွေကို လက်မခံခဲ့လို့လားမသိ

သူတို့ကို​အတတ်နိုင်ဆုံး ကျွန်နုပ်​ရှောင်ကွင်းသွားခဲ့သည်၊ တတ်နိုင်သလောက် သူတို့နဲ့စကားအပြောအဆို မလုပ်ခဲ့....

ယခုဆိုရင် ကျွန်နုပ်​ယောက်ျားလေးတွေကို​သူငယ်ချင်းအဖြစ်ဘယ်လိုမှ လက်မခံနိုင်တော့
ဘယ်ယောကျာ်းလေးနဲ့မှလည်း
စကားမပြောဖြစ်ခဲ့တာ အတော်ကြာသွားပြီ

ယခုအချိန်ထိလဲ ရည်းစားမရှိရခြင်းမှာ​ ထိုကိစ္စကြောင့်ပင်....

သို့သော်​ငယ်ငယ်ထဲက ဗီဒီယို​ကြည့်လို့ မင်းသမီးချောချောလေးများတွေ့ရရင်
စိတ်ကူးတွေကို ယဉ်လို့....

ဘာမှတ်လို့လဲ... TV ထဲက​မင်းသမီးလေးကို
တန်ခိုးနဲ့အပြင်ရောက်အောင်​လုပ်မယ်
ပြီးရင်အပိုင်ကြံမယ်ပေါ့.... နောက်ပိုင်းကိုယ့်ဟာကိုပဲ ဆက်စဉ်းစားတော့.....

You've reached the end of published parts.

⏰ Last updated: Mar 10, 2023 ⏰

Add this story to your Library to get notified about new parts!

Girl -​ Love {Short Story Collection }​Where stories live. Discover now