part.2

829 57 7
                                    


သာယာလှပသောလန်ပြည်ကြီးတွင် ဤနေ့ဤရက်ဤအချိန်ကာလသည် အလှပဆုံး ဟုပြောရမလောက်ပင်...

အကြောင်းမှာမူ....

လန်တိုင်းပြည်ရဲ့ အိမ်ရှေ့စံ (​ရေခဲမင်းသားလေး)လန်ဝမ်ကျီး နှင့် ကျန်းတိုင်းပြည်ရဲ့ မင်းသားငယ် (စပ်စလူးစိန်ယုန်ပေါက်စ)ဝေ့ဝူရှန် တို့၏ လက်ထပ်မင်္ဂလာသဘင် ကျင်းပသောနေ့ဖြစ်လေသတည်း



.
.
.
.
.
.

#ရှေးအခါကလူကြီးသူမများပြောစကားအရ ရီလင်းမြို့သည် နဂါးနတ်ဘုရားတစ်ပါး ကောင်းချီးပေးခြင်းခံရသည်တဲ့  ....

"""
တစ်ခါဝယ် ထိုနဂါးနတ်ဘုရားသည် လူသားမိန်းမပျိုတစ်ဦးနှင့်အမှတ်မထင် ဆုံဆည်းမိပြီး မေတ္တာသက်ဝင်ချစ်ကြိုက်ကြသတဲ့ အဲ့လိုနဲ့ လူသားယောကျာ်းလေးတစ်ယောက်ကိုဖွားမြင်ခဲ့ပါသတဲ့ ဒီလိုနဲ့ နဂါးနတ်ဘုရားဟာ လူသားနဲ့ပေါင်းသင်းနေထိုင်တဲ့အတွက် ကောင်းကင်မင်းကြီးရဲ့ အပြစ်ပေးခြင်းကိုခံခဲ့ရပြီး နဂါးအမြုတေပျက်စီးကာ သေဆုံးခဲ့ရတယ်လေ အဲ့ဒီသတင်းကိုနတ်တမန်တော်က လူသားမိန်းမပျိုထံ သဝန်ပါးခဲ့တယ် လူသားမိန်းမပျိုဟာ သူ့ခင်ပွန်းဆုံးပါးတာလဲသိရော ရင်ကွဲနာကြပြီး သေလုမြောပါးဖြစ်ပါလေရောတဲ့

ဒါပေမဲ့ မိန်းမပျို သူ့သားလူမမယ်ကလေး ငိုကြွေးသံကိုကြားမိတဲ့တစ်ခဏ သူ့အသက်ရှင်မှဖြစ်မယ် သူ့သားကလေးဟာ လူ့မသမာသူတို့ရဲ့ လိုချင်မျက်စိကျစရာ ဖြစ်တာကို သတိရသွားတယ် ဒါနဲ့ပဲ မိန်းမပျို အလျင်အမြန် အနှီးထုပ်ကလေးလေးကို ရင်ဝယ်ပိုက်လို့ ရီလင်းမြို့ရဲ့အရှေ့တောင်ဘက် တောင်တန်းတွေမြစ်ချောင်းတေရေကန်သာတေကို ကျော်ဖြတ်ပြီး နောက်ဆုံး ကြာဖြူ ကြာနီ ကြာညို ပုဒုမ္မာကြာ ကုမုဒြာကြာ ကြာမျိုးငါးပါးနဲ့ ပြည့်စုံပြီး ကြာပန်းတိုင်းပြည်လို့ခေါ်တွင်တဲ့ ကျန်းတိုင်းပြည်ကြီးကို ရောက်ခဲ့သတဲ့ """
လူတွေကအဲ့ကလေးလေးဘယ်ကိုရောက်သွားသလဲ မိန်းမပျိုလေးရောဘယ်လိုဖြစ်သွားလဲဆိုတာ ဘယ်သူမှမသိကြပုတဲ့လေ အချိန်တေကြာလာတာနဲ့အမျှ ဒီအကြောင်းကိုလူတေဟာတဖြည်းဖြည်းနဲ့မေ့ပျောက်လာခဲ့ကြတယ်

အသက်ရှင်နေသ၍Where stories live. Discover now