Unicode:
ရှောင်းကျန့်တို့အိမ်ဘေးကို မိသားစုတစ်စုပြောင်းလာသည် ငယ်ငယ်ထဲက တစ်ယောက်ထဲ အဖော်မရှိဘဲ တစ်ဦးတည်းသောသားဖြစ်ခဲ့တော့ အဖော်မက်သည် ရှောင်းကျန့်နဲ့ရွယ်တူကလေးလေးများပါလာမလား သွားချောင်းကြည့်သည်
Omg ကလေးလေးတစ်ယောက်တွေ့တယ် ရှောင်းကျန့်ထက် သုံးနှစ်လေးနှစ်လောက်ငယ်မည်ထင်သည် စုတ်လုံးလေးကိုစုတ်ပြီး ရှောင်းကျန့်ကိုကြည့်နေသည်
"ကိုကို'
အယ် ကလေးလေးကလှမ်းခေါ်လိုက်တာလား သူ့ကိုကြည့်နေလို့ ရှောင်းကျန့်အိမ်ဘက်ကို ပြေးထွက်လာသည် ချောင်းကြည့်နေတာလူမိသွားသည်(😁ကလေးမိသွားတာ)
ချစ်စရာလေး ကိုကိုခေါ်သံလေးနားထဲကပင်မထွက်
"ဒေါက် ဒေါက် ဒေါက်'
"သားရေ အိမ်ရှေ့တံခါးဖွင့်ပေးလိုက်ပါအုံး ဧည့်သည်ထင်တယ်'
"ဟုတ်မေမေ'
ဟာ ကလေးလေးနဲ့သူ့မေမေတို့ပါလား
"အမရေ ကျွန်မတို့ဟိုဘက်အိမ်ဘေးကိုပြောင်းလာတာပါ လာနှုတ်ဆက်ကြတာ'
"အော် ညီမရေ တွေ့ရတာဝမ်းသာပါတယ်'
"သားလေးရှိတာပဲ သားသားနာမည်ကဘယ်လိုခေါ်လဲ'
ရှောင်းကျန့်ကိုကြည့်ရင်းမေးသည်
"ရှောင်းကျန့်ပါ ဆယ်နှစ်ပါခဗျ'
"အမလေး လိမ္မာလိုက်တာ'
"သား ညီညီလေးနဲ့တူတူဆော့မယ်မလား'
"ဟုတ်ကဲ့အန်တီ....ရေး မေမေရေ သားမှာညီလေးဆစ်ယောက်ရှိသွားပြီ မေမေထပ်မွေးပေးနဲ့တော့'
"အခုမှပဲ မမွေးပေးနဲ့တော့တဲ့ ညီမရေ တစ်ချိန်လုံးညီလေးမွေးပေးပါ ကလေးလေးမွေးပေးပါပူဆာတာလေ တော်သေးတာပေါ့ သားလေးတစ်ယောက်ပိုရပြီ'
"ရိပေါ်လေးလည်းအတူတူပဲ အရမ်းအဖော်မက်တာ ဟိုကသူငယ်ချင်းတွေနဲ့ခွဲရလို့တဲ့ မျက်ရည်တွေနဲ့လိုက်လာတာ ဒီရောက်မှဘယ်လိုတိတ်သွားလဲမသိ မေမေရေ...ကိုကို ကိုကိုနဲ့ပြောနေတာ'
"ဟုတ်မှာ အစောကကျန့်ကျန့်လေးသွားချောင်းကြည့်နေတာသတိထားမိလိုက်တယ်'

YOU ARE READING
Love me more than you can say (Completed) Unicode+Zawgyi
FanfictionUni code: ကိုကို့ကို စချစ်ခဲ့သူက တိတိလေးပါ Wang Yibo မဟုတ်ဘူး ကိုကိုက စချစ်ခဲ့တာ တစ်ကယ်က ဘယ်အချိန်မှာစချစ်မှန်းသတိမထားမိပေမဲ့ သတိထားမိတဲ့အချိန်မှာ အသက်ပါပေးရလောက်တဲ့အထိ ချစ်နေပြီ Xiao Zhan Zawgyi: ကိုကို့ကို စချစ်ခဲ့သူက တိတိလေးပါ Wang Yibo မဟုတ်ဘူး...