Unicode:
"မားရေ တိတိလေး လာလည်နေပြီ ဘယ်မှာလဲ'
ရှောင်းကျန့်တကျော်ကျော် အော်ခေါ်ကာ အိမ်ထဲဝင်လာသည်
"မားရှိပါတယ် ကျန့်ကျန့်လေးရဲ့ အော်နေရောပဲ
သားငယ်လေး ပြန်ရောက်ပြီလား'"ဟုတ်ကဲ့ အန်တီ သားဒီမှာပဲအနုပညာအလုပ်တွေပြန်လုပ်တော့မှာမို့ အပြီးပြန်လာပြီ ဟိုမှာတစ်ခါတလေမှပဲ သွားတော့မှာ'
"အေး ကောင်းတယ်ကောင်းတယ် မဟုတ်ရင် သားရဲ့ကျန့်ကောလည်း လွမ်းနာကျ ပြီး ရူးတော့မယ်ထင်တယ် '
"ဟာ မားမားကလည်း'
"မဟုတ်လို့လား ကျန့်ကျန့်'
"Hee ဟုတ်တယ် တိတိလေး ဘယ်မှမသွားရတော့ဘူး ကိုကိုနားမှာပဲအမြဲနေတော့'
ဝမ်ရိပေါ်အဓိပ္ပါယ်တိတိကျကျမသိသော်လည်း ကိုကို့နားမှာပဲအမြဲနေချင်သူမို့ စိတ်ထဲမှာ ဝမ်းသာမှုကဘာနဲ့မှမတူ
"😁 ဟုတ်ကိုကို
အန်တီရေ ဒီမှာ သားကိုရီးယားကအပြန်လက်ဆောင်တွေ'"ကိုကို့အတွက်ရော'
"ကိုကို့အတွက်က အိမ်မှာထားခဲ့တယ် ဒီနေ့ညတိတိလေးဆီမှာပဲ အိပ်ပါလား
ကိုကိုကို့ မတွေ့ရတာကြာတော့ပြောစရာတွေကအများကြီးပဲ'"Ok ကိုကိုလည်းလာမို့ပဲ တိတိလေးပင်ပန်းနေမှာစိုးပြီး မပြောတာ'
"အမလေး ညီအကိုနှစ်ယောက်တည့်နေလိုက်တာ'
"😁' နှစ်ယောက်သား ပြိုင်တူပြုံးပြလိုက်သည်
တိတိလေးက ရောက်တုန်းကိုရီးယားကအကြောင်းတွေ မားမားကိုစိတ်ရှည်လက်ရှည်ပြောပြနေသည်
မားမားက မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့တိတိလေးပြောသမျှနားထောင်ကာ လက်ကလေးပိုဆုပ်ကိုင်ထားသည်
ကလေးတစ်ယောက်အတွက် အောင်မြင်မှုကဘယ်လောက်ကြီးကြီး ခက်ခဲပင်ပန်းလွန်းလှသည့်လမ်းပင်မလား"မားရေ မိုးချုပ်နေပြီ
တိတိလေးရောပဲ အိမ်မပြန်ပဲဒီမှာအိပ်တော့မှာလားပြော'"သူ့စိတ်ကြီးပဲ ကဲကဲ သားငယ်လေးပြန်တော့ နောက်ရက်တွေလည်းလာနော် အန်တီလည်း သားငယ်လေးကိုအရမ်းလွမ်းနေရတာ'

VOCÊ ESTÁ LENDO
Love me more than you can say (Completed) Unicode+Zawgyi
FanficUni code: ကိုကို့ကို စချစ်ခဲ့သူက တိတိလေးပါ Wang Yibo မဟုတ်ဘူး ကိုကိုက စချစ်ခဲ့တာ တစ်ကယ်က ဘယ်အချိန်မှာစချစ်မှန်းသတိမထားမိပေမဲ့ သတိထားမိတဲ့အချိန်မှာ အသက်ပါပေးရလောက်တဲ့အထိ ချစ်နေပြီ Xiao Zhan Zawgyi: ကိုကို့ကို စချစ်ခဲ့သူက တိတိလေးပါ Wang Yibo မဟုတ်ဘူး...