Part 12

3.6K 126 0
                                    

စည်းဆူး
အပိုင်း(၁၂)
#စည်းဆူးစပိုက်ကာ

“ဟာ..အကုန်လုံး..စုထိုင်နေပြီး..ဘာဖြစ်လို့လည်းဟင်..” အားလုံး အလယ်က နူး မျက်နှာကို ကြည့်တော့ ဟန်ကို မျက်နှာသေးနဲ့ ပြန်ကြည့်နေတာ..ဘာတွေ မွေလို့ ဆူခံနေရပြီလည်း မသိ..။
“ကဲ ထိုင်ပါအုံး..ကိုယ်တော်.. အခုကစပြီး  နူး ကို အနိုင်ကျင့်ရင် မာမီ နဲ့ အရင်တွေ့မယ်..”
နူး ကို ၇ိုက်တာ သိသွားလို့ များလား…။
“ဟုတ်တယ် ပြီးတော့ သမီးကို အလိုလိုက် ဂရုစိုက်ရမယ်..”
“ဟုတ်ပါပြီ..နူးက အခု ဘာဖြစ်လို့လည်း..”
“အဟန် အခု အဖေ ဖြစ်ပြိ..”
“ဖွစ်..”ပါးစပ်ထဲရောက်လက်စ ရေက နှာခေါင်းထဲကပြန်ထွက်လာသည်..။
“အဟွတ်..အဟွတ်..အဟင်း..” မာ က အနားပြေးလာပြီး ကျောထုပေးမှ ရပ်တော့သည်..။
“ဒါဆို..နူး ဆီမှာ…”
“ဟုတ်တယ်..တို့ဆိကို ရတနာလေးရောက်လာတော့မယ်..”
ဟန် ပျော်လိုက်တာ..အပြုံးတို့ ဖုံးဖိလို့ မရ နူး ကိုကြည့်တော့  မျက်နှာ မကောင်းတာ သူက မလိုချင်လို့များလား..။
“ဟန်နဲ့ နူးကို မာတို့နဲ့ ခဏလာနေစေချင်တယ်..နူးက ဘာမှသိတာ မဟုတ်ဘူး....”
“ဟုတ်တယ်.နက်ဖြန် လာခဲ့  အဝေးကြီးမှ မဟုတ်တာ..”
“မာတို့ကလည်း..ဒီတိုင်းလည်း နူး က တစ်နေ့ကုန် ဒီမှာပဲဟာ..”
“ဟုတ်သား..” ဟန် ပြောမှ မာ က သတိရပြီး ရယ်နေသည်..။
ဟန် ကားမောင်းတာတောင် မြောက်ကြွမြောက်ကြွ ဖြစ်နေသည်…
ဒါတွေကလည်း အချစ်တော့ မဖြစ်နိုင်ပါဘူး..။ဒါမျိုး သတင်းကြားရရင် ယောင်္ကျားတိုင်းပျော်မှာပဲလေ..။
“ဟန် သွားတော့ မလို့လား..”
“အင်း..ဘာလို့လည်း..”
“ဟို..ဒီကလေးကို ဟန် မလိုချင်ရင်..ဟိုလို လုပ်လို့ရတယ်..”
“ဘာ…”
“လန့်လိုက်တာ..နားတောင်အူ သွားတယ်..”
ဟန် ဒေါသထွက်တာကိုပဲ အပြစ်ပြန်တင်နေတာ..သူပြောတဲ့ စကားကို ဘာပြောမှန်းတောင်သိရဲ့လား..။
“ဟုတ်တယ်..မလိုချင်ဘူး..”
“သိပါတယ်..မာမီတို့ရှေ့မှာ မို့ ဟန်ဆောင်နေတာမလား.”
“ဟုတ်တယ်..ငါစိတ်ကူးယဉ်ထားတာ တာ နဲ့ မိသားစုဘ၀ အခု မင်းနဲ့..ကျွတ်...အခု ဆေးခန်းသွားမယ်လာ..”
ဟန် လက်ကို ဆွဲ လာတာ ကားနားရောက်တော့..
“လွတ်…မရဘူး..မလုပ်ဘူး..ဟန် မလိုချင်လည်း..နူး..ဖသာ မွေးမယ်..”ဟူး..တော်ပါသေးရဲ့..ဟန် စိတ်ထဲက အပူလုံးကျသွားရတော့သည်..။
.
“ဟေ့ကောင်.ဟန် ဘာတွေဒီလောက် အူးမြူးနေလို့..ပွဲလုပ်ရတာလည်း..”
“ငါ အဖေ ဖြစ်တဲ့ အထိမ်းအမှတ်”
“ဟားဟား..ကြွားစရာရှားလို့ကွာ..”
“အောင်မယ်..မင်းတို့လို..ကောင်တွေဘယ်သိမလည်း..ဒါမျိုးပျော်ရတဲ့ အခိုက်အတန့်လေး..”
“မင်းပြောတော့…တာ မှ မရရင် သေရပါတော့မယ်ဆို..အခု ပြုံးနေတဲ့ မျက်ခွက်ကြီးနဲ့ ပဲ ငိုပြီး ပြောတာလေ..”
“ဘယ်တုန်းကလည်း..တစ်ခါမှ မငိုဘူး..မင်းကလေ..နည်းနည်းပိုလိုက်ရမှ..”
“ဟုတ်တယ်..မငိုပါဘူး..ကြာဇံကြော်တစ်ပွဲ ထပ်ချပေးပါ..”ဥက္ကာက တစ်ခွန်းထောက်ခံပြီး တစ်ခုလှမ်းမှာ လိုက်တော့ စိုးမိုးကပါ..
“အေးပါ..သူ၀ယ်ကျွေးတာ မြိုနေရတော့လည်း..ဘာပဲဖြစ်ဖြစ် လူ ဖြစ်ပြီ မို့ ဂုဏ်ပြုပါတယ်ကွာ..”
.
ဟန် လုပ်ရက်ပေမဲ့ နူး မလုပ်န်ိုင်ပါဘူး…
သူ့ဆီက တာ ဆိုတဲ့ အသံထွက်လာတိုင်း..တာ ကို မုန်းတယ်…
ကိုကို..လည်း..ဒီလိုပဲ…
ဟန် လည်း..တူတူပဲ..။
တွေးရင်း မျက်ရည်စို့ လာစဉ် ဖုန်း၀င်လာသည်..။
“ဟလို..”
“ကိုကျော်စိုး..”
“သတင်းက စုံစမ်းလို့ မရတော့ဘူး..ဒီတော့ ပိုက်ဆံ ပြန်ပေးပါမယ်..”
“ကိုကျော်စိုးပြောချင်တာက..”
“ဟုတ်တယ်..ဇွဲနိုင်..ဆိုတာ သိတဲ့ သူ ဟိုမှာ သိပ်မရှိဘူး..အတာမိုး..ဆိုတဲ့ မိန်းမနဲ့တော့ အဆက်အသွယ်ရှိတယ်လို့ ကြားတယ်..ဆက်စုံစမ်းပေးရမလား..”
“နေပါစေတော့..ပိုက်ဆံလည်း ပြန်မပေးပါနဲ့..အခုလို ကူညီတာ ကျေးဇူးတင်ပါတယ်..”
နူး..ဖုန်းကိုင်ထားရင်း သက်ပြင်းရှည် ချမိသည်..ကျော်စိုးတို့လို လူမိုက်တွေ အတာ ကို စုံစမ်းနေတယ်ဆိုတာ သိရင်..ဟန် ရူးများသွားမလား..
ကိုကို အကြောင်း သိရဖို့က လည်း နူး အတွက် အရေးကြီးတာပဲလေ..။
နူး..ကားငှား ပြီး အတာ အလုပ်ဆီ လိုက်သွားတော့…
“တာ က ကိုယ်၀န်နဲ့ မို့ အလုပ် ထွက်သွားပြီ..”
အိမ် ကို လိုက်သွားပြန်တော့…
“သူတို့ အိမ်ရောင်းပြီး ပြောင်းသွားတာ..၂လ တောင်ရှိပြီ”
နူး..မှာ ပင်ပန်းတာ ပဲ အဖတ်တင် ကျန်ခဲ့သည်..။
.
“မင်းချက်ထားတာ စားကြည့့်လား..”
“အင်း.”
”ကောင်းလား..”
“ကောင်းပါတယ်..”နူးပြောရင်း တစ်ဇွန်းခပ်သာက်ကြည့်လိုက်သည်..တကယ်ကောင်းတာ..။
“အေးပေါ့ ကောင်းတာပေါ့..ငါ့ သွားတွေတော့ ကျွတ်ကုန်ပြီလား မသိဘူး..ချဉ်စုပ်နေတာပဲ..”
“အယ်..မေ့သွားတာ..ပြန်ပြင်ပေးမယ်..”နူးစားဖို့ အတွက် သံပုရာသီး တစ်လုံး ညစ်ထည့်ထားတာမေ့ပြီး..ဟန် ကို သွားကျွေးမိတာ..။
“ရပြီ..”
“တော်ပါပြီ..မစားဘူး..”ပြောပြီး နှုတ်ခမ်းကို မထိ တထိ နမ်းပြီးထွက်သွားတာ လှည့်တောင်မကြည့်..မချစ်မှန်းသိပေမဲ့..အခုလို အနမ်းမျိုး..လက်ခံကြည်နူး နေတဲ့ စိတ်ကို အပြစ်တင်လိုက်မိသည်..။
.
.“သမီး..မနက်က စားလို့ရရဲ့လား..”
“ရပါတယ်..မာမီ..နူး..မနက်က အသုတ်စုံ စားချင်လို့ ၀င်စားလာတယ်.”
“အင်း..နည်းနည်းစီ စားပေးနော်..အစားပျက်တာလည်း..ဒီ ၁လ ၂လ ပါပဲ..”
နူး ခေါင်းကို လက်နဲ့ သပ်ပေးရင်းပြောနေတော့ နူး ပျော်လိုက်တာ..မိခင် ရင်ခွင် မဟုတ်ပေမဲ့ အေးမြပါတယ်..။
.
နူး ထမင်းစားနေရင်း ရေချိုးခန်းထဲ ပြေး၀င်သွားတာ မြင်တော့ သက်ပြင်းချမိသည်..။
ဟန်..နေ့တိုင်း..နူး ခံစားနေရတာ ကြည့်ပြီး..စိတ်မသက်သာပါ..။
စားသမျှ အကုန် ပြန်ထွက်နေတာ..ဆေးခန်းကလည်း..ဆေး မရှိဘူးတဲ့..
ဘယ်လို ဒုက္ခတွေပါလည်း..အမေတိုင်း ဒီလို ခံစားခဲ့ရတာဆိုတော့..နူး ကို သနားသလို မာကိုလည်း သနားမိသည်..။
လက်ထဲက ဇွန်းကိုချခါ ရေချိုးခန်းထဲ ထလိုက်သွားမိသည်..
“ရရဲ့လား.ရေယူမလား..”ဟန် ကျောဖိပေးတာတောင်..နူးမှာ မသက်သာလှ..။
“ရပြီ်..သွားပါ..ဟန် ကို မလိုဘူး..” ဟန် အနားမှာ ဆက်နေ ချင်ပေမဲ့ ကျောခိုင်း ထွက်လာ လိုက်သည်..။
.
“မာ…ဒီမှာ အိုဂျီ ဖုန်းနံပါတ်..နူးကို ပေးလိုက်နော်..”
“သားပေးတော့ ဘာဖြစ်လို့လည်း…”
“ဟန်..အလုပ်သွားတော့မယ်လေ..ည က ပေးဖို့ မေ့သွားလို့…”
“ကိုယ်တိုင်ပေးဖို့ ကြိုးစားစမ်းပါ..နူးလည်း ဟန်ရဲ့ အပြုအစုလေး ခံချင်ရှာ မှာပေါ့”
“မာ ကလည်း ဟန်ရှောင်နေတာ မဟုတ်ပါဘူး..တကယ်မအားလို့…”
ပြောတာလည်း သူပဲ ပြီးရင်…
“မာ..နူး ဆေးခန်းသွားဖို့ခု ထိ မသွားသေးဘူး..မာပြောပါအုံး..”
“သားပြောလိုက်လေ…”
“ဟန် အစည်းအဝေးခန်းမှာမို့..”
“ဟဲ့ အစည်းအဝေးလုပ်နေရင်း ဖုန်းဆက်နေတာလား…”
“ခဏ အပြင်ထွက်ပြီး ဆက်တာပါ..မာ ပြောလိုက်နော်..နူး အရမ်းပေါ့ တာပဲ..”
မာ ဖုန်းချလိုက်ပေမဲ့ ပြုံးနေမိသည်..ဒီကလေး နှစ်ယောက်ကတော့လေ…။
.
“ဟန် ထမင်းစားလို့ ရပြီ..”
“အင်း..”
ဟန် စားပွဲ မှာ ထိုင်တော့ နူးက အရှေ့ခန်းထွက်သွားပြီ..
“အဟွတ်..ဟွတ်..အဟမ်း…”
“ဟင်..”
“ဟန် ဘာဖြစ်တာလည်း..” နူး ဆိုဖာ မှာ ထိုင်နေရင်း ထရပ်လိုက်ပေမဲ့ မီးဖိုခန်းကို သွားဖို့ကျပြေန်တော့ ခြေတွေ လေးကန်နေသည်..။
“အဟမ်း..အဟမ်း..”
“သီးနေတာလား..ဒါ ကို ဇွန်းမချပဲ ဆက်စားနေတာလား..ကျွတ်…”
နူး..ကျောခိုင်းပြီး ပြန်ထိုင်လိုက်တာတောင်..စိတ်တွေက စားပွဲ မှာ ချည်း..
ရေခပ်ပေးမိရဲ့လား…
ဗိုက်ဆာနေမှာစိုးလို့ မြန်မြန် လုပ်ပေးခဲ့တာ..
စားရတာ အဆင်မှ ပြေရဲ့လားမသိဘူး…။
.
နူး အခန်းထဲ ၀င်ပြီး မီးမှိတ်လိုက်တော့..ဟန် လပ်တော့ ပိတ်ပြီး ဆိုဖာ ပေါ်က ထလိုက်သည်…။
ဒါ ဟန်ရဲ့ အချိန်ပဲလေ..
ရေခဲသေတ္တာပေါ်က ဆေးဗူးကို စားပွဲ ပေါ်တင်ပြီး ဖွင့်လိုက်သည်..။
“ဟင်..အားဆေး..က တစ်ရက်စာ ပဲ ကျန်တော့တယ်..”
“ကျွတ်..ဒီနေ့ နွားနို့ မသောက်ပြန်ဘူး..”
“ငရုတ်သီးစိမ်းက ဘာလို့ ဒီမှာရှိနေတာလည်း..”
ရေခဲသေတ္တာထဲ က ငရုတ်သီးစိမ်းထုတ်ကို ယူပြီး အမှိုက်တောင်း
အောက်ဆုံးရောက်အောင် ထိုးထည့်လိုက်သည်..။
“ဆေးစာအုပ်..ဘယ်မှာလည်း..”
ဆေးစာအုပ် ကို ကြည့်တော့ ဒီနေ့ ဆေးခန်းမသွားထားဘူး..
“အ၀တ်ကြိုးတန်းက မြင့် လိုက်တာ..ခုံနဲ့ တက်လှန်းနေတာလား..”
ကတ်ကြေးယူပြီး အ၀တ်ကြိုးတန်း ဖြတ်ပစ်လိုက်သည်..။
“ရေချိုးခန်းက ချောနေတာလား…ဖိနပ်ကလည်း..ချောနေတာပဲ..”ဖိနပ်ကို လည်း ယူပြီး အမှိုက်တောင်းထဲ ထည့်လိုက်သည်..။
“ဘာကိစ္စ အ၀တ်လျှော်စက် မသုံးတာလည်း..ရှည်ကို ရှည်တာ ..”
လျှော်ဖို့ အ၀တ်တွေကို တစ်ခါတည်း အ၀တ်လျှော်စက်ထဲ ထည့်ပြီး ရေစိမ် ပစ်လိုက်သည်..
ဒါမှ လက်နဲ့မလျှော်တော့မှာ…။
“ရေခဲရေတွေ အမြဲသောက်တာ .ပြီးရင် လည်ချောင်းနာ အုံးမယ်..”
ရေခဲ တုံးခွက်တွေကို ယူပြီး အမှိုက် တောင်းထဲ ထည့်ဖို့ လုပ်ပြီးမှ
ဒီလို ဆို ရိပ်မိသွားအုံးမယ်..တခါ တည်း ပစ်လိုက်မယ်..
အမှိုက် အိတ်ကို ထုတ်ပြီး တစ်ခါတည်း သွားပစ်လိုက်သည်..။
ကြိုးနန်း အနှိမ့် ပြန်လုပ်ပြီး ဖိနပ် အသစ်ပြန်ချထားလိုက်သည်…။
ဆေး၀ယ်ဖို့ မေ့အုံးမယ်မှတ်ထားမှ ဟန် ဖုန်းထုတ်ပြီး မှတ်လိုက်သည်..
နွားနို့ မသောက်တာနဲ့..ဆေးခန်း မသွားတာက မာမီ ကို တိုင်ရမယ်..။
ဒါတွေ ဘယ်လို အကြောင်းပြရမလည်း..
အ၀တ်ခြင်းမှာ အ၀တ်ပြည့်နေတာ မျက်စိနောက်လို့ လျှော်စက်ထဲ ထည့်လိုက်တာ..နောက် လျှောက်စက်နဲ့လျှော်..
အဲ…ကြိုးတန်းကျတော့…
အမြင့်ကြီး ထားစရလား..မျက်စိနောက်တယ်…
ဖိနပ် …
ပျက်သွားလို့ လဲလိုက်တာ…
ရေခဲခွက်..
နေရာ ရှုပ်လို့..
ဟူး..ခက်ခဲလိုက်တာနော်….
ဟန် မီးဖိုခန်းမီး မှိတ်လိုက်တော့ ည ၁၂ နာရီခွဲပြီလေ…။
.
မီးရောင်မှိန်မှိန်အောက်မှာ အိပ်မောကျနေတဲ့ နူး…မျက်တောင်တွေ အဲလောက်ရှည်မှန်း မုန်းနေချိန်ကမသိခဲ့..
အမြဲတမ်း မျက်လုံးနက်နက်တွေနဲ့ ဖုံးထားလို့ မျက်လုံးလေးက ဝိုင်းဆက်ဆက်မှန်း ကလေးဘ၀က ဗီဒီယို ကြည့်မှ သိခဲ့ရတာ..။
မျက်ခုံးတွေက အမြဲကျုံ့ထားလွန်းလို့လား မသိ အခုလိုပုံမှန်လေး ကို
လက်ထဲက ကင်မရာကို အံဆွဲထဲ ပြန်ထည့်လိုက်ပြီး ကုတင်ပေါ်ထိုင်ရင်း..ဆက်ငေးနေမိသည်..။
နူး နဖူးလေး ကို အနမ်းဖွဖွ ပေးလိုက်ပြီး…မရောင့်ရဲနိုင်သေး..
ရှပ်အောက်က ဖောင်းနေသည့် ဗိုက်ကလေးကို ကိုင်ကြည့်ချင်သည်..။
စူနေတဲ့ ဗိုက်ကလေးကိုလည်း.အနမ်းပေးပြီး နားကပ် ထောင်ကြည့်တော့ ဘာမှ မကြားရ..။
အိပ်နေပြီလား..ကလေး..ဂွတ်နိုက်..။
နူးကို ရင်ခွင်ထဲ ထည့်ပြီး..မျက်လုံးမှိတ်လိုက်သည်.။
.
“ဟင်..”နူး..နိုးတော့ သူ့ ရင်ခွင်ထဲမှာ..သူ့ လက်တစ်ဖက်က နူး ဗိုက်ပေါ်မှာ..
ညက နူး လူးပြီး အရမ်းကပ်သွားတာလား တွေးရင်း..ပြန်ခွါမိသည်..။
သူက လက်နဲ့ ပြန်ဆွဲထားတော့ ပြန်ရောက်သွားပြန်ပြီ .သူ့ ရင်ခွင်ထဲ.။
“မောနင်း..ဘေဘီ..မောနင်း..ဘေဘီလေး..’ဟန်က နဖူးကိုနမ်းပြီး ဗိုက်ကိုလည်း ငုံ့နမ်းလိုက်သေးသည်။
အချိန်ခဏလေးကို နူး ပျော်နေမိသည်..ဒါပေမဲ့ အစစ် မှ မဖြစ်နိုင်တာ…။ 
“ဟွန့်..ဟန်မဆောင်ပြန်ပြီ..လက်ကိုလွတ်…”
နူး ဘာလို့ အမြဲ ဒါမျိုးတွေးနေရတာလည်း..ဟန်မှာ ပြောင်းလဲ ခွင့် မရှိတော့ဘူး..အရင်က ဘယ်တွေ ဖြစ်ခဲ့..အခု..အချိန် နူးကို ကို အရမ်းချစ်တယ်..နူး က ကို့ ဘ၀ အဲလို၀န်ခံလိုက်ရင်ရော..ကိုယ်၀န်ကြောင့် အနားကပ်လာတာ လို့ တွေးပြီး ဗိုက်ထဲက ကလေးကို ပြသာနာ ရှာ အုံးမှာမလား…မဖြစ်ပါဘူး…
“တာ ကို သတိရလိုက်တာ..” နူး နှလုံးသားက မခံစားနိုင်..ဘေးက ဟန် ကို တွန်းလိုက်တာ ကုတင်ပေါ်က ပြုတ်ကျသွားသည်..။
တာ ကို နူး ဘာလို့ ဒီလောက်မုန်းနေတာလည်း..ဟန်လည်း..မသိ..။
ဟန် နှလုံးသားထဲမှာ နေရာယူထားတာ တာမှ မဟုတ်တော့တာ…..ဒါပေမဲ့..မာကျောတဲ့ နူး စိတ်ကို သိလို့..
.
“ဟန် ဘာတွေကြည့်ပြီး ဒီလောက်ဖြစ်နေတာလည်း..”
“ဒီမှာ မာ..ကလေးအဖေတွေရဲ့ အလွဲတွေလေ..ရယ်နေရတယ်…ချစ်စရာလေးတွေ..” မာ လက်ထဲကို ဖုန်းထည့်ပေးပြီးတာတောင် ဟန် က ဆက်ရယ် နေတုန်း..။
“သား..နူး ကို ချစ်သွားပြီပေါ့နော်..”
“မသေချာသေးဘူး..ဒါပေမဲ့ အရင်လိုတော့ မဟုတ်တော့ဘူး..” ဟန် လက်ထဲက ဖုန်းကို လှမ်းယူပြီး ပြန်ကြည့်ခါ ရယ် နေပြန်သည်..။
မာ ပြုံးလိုက်မိသည်..ဒါလား..မချစ်တဲ့ရုပ်ကြိး..။
.
ဆေးခန်းလာတဲ့..စုံတွဲတွေကို ကြည့်ရင်း..နူး ၀မ်းနည်းလာသလိုလို..
“မာမီတို့နဲ့ သွားမယ်လေ…”
“ဟန် လိုက်ပို့မယ်..မာ..”
“အော်..ဒါကြောင့်ကို..”
“ဟာ…မာ ကလည်း..နူးက..”
“မရှင်းပြပါနဲ့ ရပါပြီ..”
“ဟဲ..ဟဲ..”
လူကြီးတွေ စိတ်ချမ်းသာအောင် ပြောခဲ့ပေမဲ့..အမြဲတမ်း..နူး တစ်ယောက်တည်းပဲလေ..။
ခေါ်ရင်တော့ ဟန်က တာ၀န်ကျေ လိုက်ပို့မှာသိပေမဲ့..မိန်းမကို ရင်ခွင်ထဲ ထည့်ပြီး တခြားမိန်းမ တစ်ယောက်ကို တမ်းတနေတဲ့ ဟန်ကို မပတ်သက်ချင်ပါ..။
ဗိုက်ကလေးကို ငုံကြည့်မိတော့ အားရှိလာသည်..။
အခုနောက်ပိုင်း ဗိုက်ထဲက ကလေးလေး က လိမ်မာလာပြီ..အစားလည်း၀င်တယ်..ခဏခဏ ဗိုက်ဆာနေလို့ ခက်နေတာ..၅လကျော်ပြီမို့ မာမီ တို့က အကျီ င်္တွေ တစ်မျိုးစီ ပြောင်း၀တ် ခိုင်းတော့..နူး မနေတက်ပေမဲ့ ကြိုးစား၀တ်လာတာ ဆေးရုံရောက်တော့ မိန်းမ တိုင်းလိုလို ဒီလိုလေးတွေ ၀တ်ထားကြတာပဲ..။
“နံပါတ် ၁၉ အတာမိုး..”
“ဟင်..”နူး ခေါင်းထောင်သွားသည်..အတာ ဒီရောက်နေတာပဲ..ကျွတ် အကုသိုလ် တိုးအုံးမည်..။
နူး ထပြီးခါမှ ဘာလုပ်ရမယ် ဆိုတာ သိတော့သည်..။
“ဆရာမ အတာမိုး..ဖောင်လေး ပြင်ချင်လို့..”
“ဘာလို့လည်း..” ဆရာမ က မေးခွန်းထုတ်ပေမဲ့ နူး ဟန်ဆောင်ပြုံးခါ
“ကျွန်မ ဖုန်းနံပါတ်လည်း ထည့်ပေးမလို့ပါ..သူက ဖုန်းကဒ် လဲလိုက်လို့ ..”
“ရော့ ခုံမှာ သွားထိုင်ရေး..နောက်က လူတွေစောင့်နေတယ်.”
“ဟုတ်ကဲ့..”
နူး..ဖုန်းထုတ်ပြီး ဓာတ်ပုံရိုက်လိုက်သည်..။ ဒီလို အခွင့်အရေး..စောစော တည်းကရသင့်တာ..။
“ဆရာမ ထည့်လိုက်ပြီနော်..”နူး ပြောရင်း..ဖိုင်အလယ်တွေ ကြားထဲရောထည့်လိုက်သည်..။
“ဟာ..ဒီမှာပေးရမှာ…”
“မသိလို့နော် ဆရာမ..”
နူး ဆေးခန်းကပြန်လာပြီး အိမ်ရောက်တော့ တော်တော်လေး စိတ်ချမ်းသာနေရသည်..။
ဒါမျိုး ကိစ္စ မနက်ဖြန် မရွေ့နိုင်ဘူး..ဒီနေ့ပဲရှင်းတာပေါ့..အတာ..။
“တီ..တိ..တီ…ဟလို..”
“အတာ..ငါ နူး..”
“ဟင်..ဖုန်းနံပါတ် ဘယ်လို ရတာလည်း..”
“ဟား..ဟား..မခက်ပါဘူး..ငါပြောတာ နားထောင် RT ဆိုင်ခွဲ ၂ မှာ နောက် တစ်နာရီ နေရင်တွေ့မယ်..”
“ဘာလို့လည်း..မတွေ့နိုင်ဘူး..”
“နင်ငြင်းရင် နင် ယောင်္ကျားဆီ ဖုန်းဆက်ပြီး မေးရတာပေါ့..”
“နင်..အဲလို မလုပ်ရဘူး..နင် ငါနဲ့တွေ့ပြီး..ဘာပြောစရာရှိလည်း..ဒီက ပြော…”
“ငါ့ အကိုကို ရှာနေတာ သတင်းမရဘူး..နင်ဆီက ငါ့အကို အကြောင်းသိရဖို့ အရေးကြီးတယ်..နင် ဘ၀ကို ငါ စိတ်မ၀င်စားဘူး..”
“ဒါဆို ဖုန်းထဲက ပြောလို့..”
“ဟင်…ဖုန်းကျသွားပြီ..”
နူးရော..တာ ရော ဖုန်းကို ကြည့်ပြီး ခေါင်းခါ ကြသည်..။
ဟန် အလယ်က ချလိုက်လို့ ဖုန်းကျသွားတာ ဘယ်သူမှ မသိ…။
တာကို နူး ဒီလောက်မုန်းနေတာ..သူ့ အကိုနဲ့ ဘယ်လို ပတ်သပ်နေတာလည်း..နူး တွေ့ရုံ နဲ့ ပြီးမှာ မဟုတ်ဘူးဆိုတာ ဟန် သိသည်..။
နူး ကို မမုန်းတော့ပေမဲ့..တာ ကို လည်း မထိခိုက်စေချင်ပါ..။
ဟန် ကားပါကင်ရောက်တော့ ဟန် ကားမတွေ့တော့ဘူး…။
ကျွတ်..ဘယ်ရောက်သွားပြန်ပြီလား..ဒီလုံခြုံရေးတော့ အလုပ်ပြုတ်ခါနီးပြီ
ဟန် ဖုန်းက မြေပုံမှာ ပြနေတာအနီ စက်လေးက  တဖြည်းဖြည်း လမ်းမဆိ ဦးတည်နေပြီလေ..။
မဖြစ်တော့ဘူး…နူးမှာလည်း ကိုယ်၀န်နဲ့ သူ လုပ်ချင်တာလုပ်ရင် ဘာမှ သိတာ မဟုတ်ဘူး။
ဟန် လာနေတဲ့ တက္ကစီ လှမ်းတားလိုက်သည်..။
RT 2 ကိုမောင်းပါ မြန်မြန်လေး..။
ဟန် ကားပေါ်မှာပေမဲ့ ဘေးဘီ မကြည့် ဖုန်းကနေ မျက်လုံးမခွါနိုင်…။
တော်သေးတယ်. မြေပုံက အနီစက်ကလေး လမ်းဘေးမှာ ရပ်သွားလို့..
“ဒုန်း…ဒုတ်”
“ဟာ.. ဆော်ဒီး အကို ရှေ့ကား၀င်လို့..”
“ရပါတယ်..”ဟန် ပြုတ်ကျသွားတဲ့ ဖုန်းကို ကောက်ပြီး ပြန်ကြည့်လိုက်သည်..အနီစက်လေး နေရာမရွေ့သေး..။
ဟန် ကြည့်နေရင်း ဖုန်း၀င်လာသည်..။
နူး..ဖုန်းနံပါတ်…
ကိုင်လိုက်ရင် ကောင်းမလား မသိအောင်လိုက်သွားတာ ကောင်းမလား တွေးနေရင်း..ဖုန်းက မစ်ကော ဖြစ်သွားပြီ..။
နောက်တစ်ခေါက် ထပ်၀င်လာလို့ ကိုင်လိုက်သည်..။
“ဟလို..ပြော နူး..”
“ဟုတ်ကဲ့..ဒီဖုန်းပိုင်ရှင်ကို သိလားဗျ..ဒီမှာ ကားတိုက်မိလို့ပါ..”
“ဗျာ…”
“နေရာက…..”
ဟန် ဆက်နားမထောင်နိုင်တော့..
ကားတိုက်တာ..ဘယ်သူ့ကိုလည်း..တာ လား…နူးတော့ မဖြစ်နိုင်ပါဘူး..
ကားတွေက ကြပ်လို့ ရပ်ထားရတုန်း..
ကား ဆရာ ရပ်ပါ…ဟန် လက်ထဲက ပိုက်ဆံ ချ ပြီး ထွက်လိုက်သည်..။
နူး..မဟုတ်ဘူး…အာ.. မဟုတ်ရဘူး…။
ဟန် ရောက်နေတဲ့ နေရာနဲ့ …မဝေးတော့ ၁၀ မိနစ် ပြေးပြီး ရောက်သွားသည်..။
ဟင်..
ဆေးရုံးကား..ဘေးမှာ လူတွေ..။
“ကားက တိုက်တာတော့ မဟုတ်ဘူး အနားအရမ်းကပ်ဆွဲသွားတော့..ကောင်မလေးက လန့်ပြီး ရှောင်လိုက်တာ.”
“အေးလေ..ပလက်ဖောင်းပေါ်က ကျောက်တုံးတွေကလည်း..ဘယ်သူဟာတွေလည်း မသိဘူး..”
“သနားပါတယ်..ကိုယ်၀န်ကြီးနဲ့..”
ဟန် ခြေလှမ်းတွေရှေ့့တိုးပေမဲ့ အရှေ့မရောက် နိုင်အောင် လေးလွန်းနေသည်..။
လက်သီးဆုပ် အားတင်းရင်း ရှေ့တိုးမိသည်..။
ဟာ…
“ခဏ ..ဒါ…ဒါ….ကျွန်တော့် မိန်းမ..ပါ..”
“ဟင်..လာ တက် မြန်မြန်..”
နူး ခေါင်းမှာ သွေးတွေနဲ့..မဟုတ်ဘူး..တစ်ကိုယ်လုံး..။
ဟန်  ခေါင်းတွေ မူးလာသည်..
“နုး..” မရဲတရဲ ခေါ်မိတော့..နူးက မျက်လုံးဖြေးဖြေးချင်းဖွင့်လာသည်..။
အောက်ဆီဂျင်တပ်ထားလို့ မျက်နှာ အနေအထား ခန့်မှန်းလို့မရပေမဲ့
နူး..ရယ်…ဟန် မျက်ရည်..စီးကျလာသည်..
နူး…ကို ရှီတယ်.နော်..ခဏလေး..နူး…
နူးလက်လေးကို ဆုပ်ကိုင်ထားရင်း..ပါးစပ်ထဲက ထွက်သမျှ ပြောနေမိသည်..။
“နူး..ဘာမှ မဖြစ်ရဘူး..နူး ..ကို ရှိတယ်..”
နူးလို မာကျောတဲ့ သူ တစ်ယောက်ကို အခုလို မြင်တွေ့ဖို့ မုန်းနေတုန်း ကတောင် မမျှော်လင့်ခဲ့ပါဘူး..။
..
“သား..ဘာဖြစ်တာလည်း..နူးရော..”
“နူး…နူး….ကို..”
“သားရယ်….” မာ က ဟန် ကို ဖက်လိုက်တော့ ဟန် ပို ရှိုက်မိသည်..။
“နူး…တစ်ခုခု ဖြစ်သွားရင်..ဟန်…ခွင့်မလွှတ်ဘူး..”
“ကောင်း သွားမှာပါ သားရယ်..နူး က အရမ်း ခံနိုင်ရည် ရှိတာလေ..သားသိသားပဲ..’
“ဆရာ၀န် လည်း ပြောထားသားပဲ စိတ်ကိုလျော့စမ်း…”ပါ က ဟန်ကိုငေါက်လိုက်ပေမဲ့ သူ ကိုယ်တိုင် က မတည်ငြိမ်နိုင်…။
“ဆရာ..ကျွန်မ တို့ သမီးလေး ဘယ်လို နေသေးလည်းဆရာ..”
“ခေါင်းက ဒဏ်ရာကတော့ အပေါ်ယံပါပဲ..ကိုယ်၀န်ကတော့ ပျက်သွားပြီ”
“ရှင်..”
“လူနာ က သွေးလိုတယ်....ဆရာမနဲ့ ဆက်ပြောလိုက်ပါ..”
ပြောပြီးဆရာ၀န်က ပြန်၀င်သွားသည်…။
ဟန် တစ်စက်ချင်း ကျနေတဲ့ သွေးစက်တွေကို ကြည့်ရင်း မျက်ရည်တွေ မတားဆီးနိုင်..နူး..သတိမရသေးဘူးလား..နူးရယ်…ကို  စောင့်နေတယ်.လေ…။
“ဟန်…ကို မလုပ်ပါနဲ့..မလုပ်ရဘူး..” နူး ယောင်နေတုန်း..ဟန် က ဘေးကို ပြေးလာပြီး လက်ကိုင်လိုက်သည်..။
“နူး…နိုးပြီလား..သက်သာရဲ့လား..ဟင်..”
“အင်း..”ဟန် လက်ကို ကိုင်ရင်း အနားကို ကပ်ထိုင်လိုက်တော့ နူး ကမျက်လုံးပြန်မှိတ်ထားလိုက်သည်..။
“နူရီ…နူရီ..ဘာဖြစ်တာလည်း..”
“ဟင်..”
ဟန် အရွယ် လူတစ်ယောက်က နူရီ ခေါ်ရင်းပြေး၀င်လာသည်..။
နူးက မျက်လုံးပြန်ဖွင့်ပြီး မျက်ရည်တွေ စီးကျလာသည်..။
“ဦး…ကူညီပါ…နူး ကို ဒီက ခေါ်သွားပေးပါနော်..”
“နူး…ဘယ်သွားချင်တာလည်း..ဟန် လိုက်ပို့မယ်လေ..”
“မလိုဘူး…ဦး..ခဏ အပြင်မှာ စောင့်ပေးပါလား..နူး.စကားပြောစရာ ရှီလို့ပါ..”
နူး လက်ကို ကိုင်ထားတာ ရုန်းနေပေမဲ့ ပိုတိုးလို့ ဆုပ်ကိုင်ထားမိသည်..။
“ငါ…နင် နဲ့ ကွာရှင်းချင်တယ်..”
“ဘာ…”
“နုး…ကလေး က ထပ်ယူရပါတယ်ကွာ..ဆရာ၀န်လည်း..ပြောထားတယ်လေ..နောက်တစ်နှစ်လောက်နေရင် ..”
“မဟုတ်ဘူး..နင်ရဲ့ မာယာတွေကို ငါမုန်းနေပြီ..ကိုယ့် သားသမီးကို သတ်တဲ့ အဖေ မျိုးနဲ့ မျက်နှာချင်းဆိုင်နေရတာ ငါ အရမ်းပင်ပန်းတယ်..”
“နူး……”ဟန် တအားအော်မိသည်…လက်တွေပါ တုန်နေပြီ….။
“သက်သေ မရှိဘူးထင်လို့လား ပလပ်ဖောင်းပေါ်မှာ တက် လျှောက်နေတဲ့ ငါ ကို ကပ်ဆွဲသွားတဲ့ ကား..ဒီမှာ..”
ဟန်..ကား…နံပါတ်က အစတူနေတေ ာ့..ဟန်ခေါင်းခါ မိသည်..။
“ဒါ..ဒါ..တစ်ယောက်ယောက် …”
“ဒီပုံကို လဲကျချင်း ငါ ကိုယ်တိုင်ရီုက်ထားတာ..”
“ဟင်..”
“ဒါပေမဲ့ ဟန်မဟုတ်ပါဘူး…နူးရယ်..ဟန် က နူး ကို ဒီလို လုပ်ပါမလား..”
“ဟား…ဟား…လုပ်တာပေါ့ ခဏခဏ လုပ်တယ်လေ…ငါ ဘာ ကို မြတ်နိုးလည်း လေ့လာ ပြီးရင် ဖျက်စီးပစ်တာ အကြိမ်ကြိမ်..”
“မတူဘူး..အခု မဟုတ်ဘူး..”
“တော်ပါပြိ…လူစီ တုန်းက ငါ ဟန်ဆောင်ရယ် နိုင်သေးတယ်..အခုငါ တကယ်ခံစားနေရတာ…
နင်သွားပါတော့ အဟင့်..ဟီး..ငါ မျက်ရည်တွေ တွေ့ပြီပဲ နင်ပျော်ပြီမလား..”
“နူရီ..ဘာလို့ငိုတာလည်း..ဟေ့ကောင် မင်း..”
“ဟေ့ကောင်တွေ ဒီကောင်ကို ဆွဲထုတ်ကြစမ်း..”
“မဟုတ်ဘူး..မသွားဘူး..နူး..အထင်လွဲနေတာ..ဟန် မဟုတ်ဘူး…”
‘နူး…ဟန် မဟုတ်ဘူး..”
ဟန် ဆေးရုံရှေ့ လမ်းမထိ  နှုတ်က ရေရွတ်ရင်းပါလာခဲ့သည်…။
“နူး…ရယ်..”
.
ဘီဒို အောက်ဆုံးကို သော့ဖွင့်လိုက်တော့ ကလေးဖိနပ်သေးသေးလေးတွေ ဥိးထုတ်လေးတွေ တီရှပ်ပေါက်စလေးတွေက အပြည့်…။
နူး..ဗိုက်ထဲမှာ သားလေး ဆိုတာ သိကတည်း ဟန် ကလေးပစ္စည်းဆိုင်ကို ကြုံတိုင်းသွားပြီး..တစ်ခုစီ တွေးပြီး ချစ်လိုက် ၀ယ်လာလိုက်နဲ့ ဘီဒို တစ်ခုလုံး…ကလေး အသုံးအဆောင်ချည်း..။
အသစ်ထပ်၀ယ်ထားတဲ့ ဗိုက်ဖုံး အကျီ င်္ အဝါရောင်လေးကို မာ ဆီ ပို့ပေးမလို့ပါပဲ..အခုတော့….ဟန် လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး အံကြိတ်ထားမိသည်..။
နူးဆေးခန်းပြရမဲ့ အချိန်ဇယားနဲ့…လိုအပ်တာတွေမှတ်ထားတဲ့ နုတ်စာအုပ်ကို ကြည့်ရင်း ဟန် ပါး ပေါ်မျက်ရည်တွေ စီးကျလာသည်..။
တစ်ချိန်က ရက်စက်မှု တွေက အခုတော့ ဟုတ်ဟုတ် မဟုတ်ဟုတ် အရိပ်မိုးနေပြီလေ..။
..
“ဟင်…”ဟန် အခန်းပြင် ပြန်ထွက်လိုက်ပြီး..ဖြတ်သွားတဲ့ ဆရာမတစ်ယောက်ကို တွေ့တော့..
“ဆရာမ..ဒီက လူနာကော..ဘယ်အခန်း ရွေ့လိုက်လည်း ဟင်..”
“ဒီက လူနာ…မသိဘူးရှင့်..အ၀င် အထွက် မှတ်တမ်းကို ကောင်တာ မှ မေးကြည့်လိုက်ပါနော်..”
ဟန် ကောင်တာ ကိုပြေး၇ပြန်သည်…။
“ဆရာမ..အခန်း နံပါတ်..၁၀၃ က မစ္စကဲရ်ရစ် လူနာ ဘယ်ရွေ့လိုက်လည်းသိချင်လို့ပါ..”
“ဟုတ်ကဲ့..ခဏ..”
ခဏ ဆိုပေမဲ့ ဟန် အတွက် ကြာလွန်းလှပါသည်..။
“တွေ့ပြီ..ထိုင်းဆေးရုံ ကို လှမ်းချိတ်ပြီး သွားတာပဲ ဒီမှာ မရှိတော့ဘူး..”
“ဗျာ..”
ဟန် ဘယ်ကို လိုက်ရမလည်း…။
.
“ပါ..နူး..နေတဲ့ လိပ်စာပေးပါ..”
“ငါလည်းမသိဘူး..”
“ပါ…”ဟန် အသံမြင့် သွားသည်..။
“သူ အခု သူ့ ဦးလေးနဲ့ နေတာ..ငါ တို့ ဆီ မှာထက် အေးချမ်းနေမှာပါ..”
“နူး က ဟန် မိန်းမ…ဘာမှ မတော်တဲ့ ဦးလေးနဲ့ သွားနေတာ..ဟန် က လက်ပိုက်ကြည့်နေရမှာလား..”
“ငါ တော့ နူးကို မင်းထက် ပိုယုံတယ်....မင်း  အသုံးမကျတိုင်း  တစ်ဖက်လူကို အပြစ်ထိုးလို့ မရဘူး.”
“ဟန်က..”
“မင်းကားနဲ့ ကပ်ဆွဲသွားတယ်ပဲပြောနေတာ..မင်း မလုပ်ဖူးဆိုတာ သိရင်တောင်..ငါရှင်းလို့ မရဘူး..ထောင်မကျတာပဲကျေးဇူးတင်..”
“ပါ..ဟန် က အဲလို လုပ်ပါ့မလား..”
“မင်းလိုက်သွားပြီး ှရှင်းပြရင်ရော..နူး က ယုံမှာလား..မင်း က်ို မမြင် ချင်လို့ ထွက်သွားတာလေ..”
“နူး တစ်နေ့တော့ ဟန် ကို အထင်လွဲနေတာတွေ သိသွားမှာပါ…ဒါပေမဲ့..”
“နူး..အဆင်ပြေတာ သေချာလို့လား..ပါရယ်. သူ အဲဒီ အသိုင်းအဝိုင်းကို အရမ်းကြောက်ရတာ ဟန်သိတယ်.” ဟန်ကြေကွဲစွာ မေးမိသည်..။
“သေချာတယ်. သူ့ ဦးလေးက နူး ထိခိုက်အောင်လုပ်မှာ မဟုတ်ဘူး..ပြီးတော့ ကာကွယ်စောင့်ရှောက်ပေးနိုင်တယ်...”
“ဒါဆိုလည်း..နေပါစေတော့..” ဟန် ကတော့ မကာကွယ်ပေးနိုင်ခဲ့ဘူးလေ..ကျောခိုင်းထွက်လာ လိုက်တာ.မျက်ရည်စတွေကို ဘယ်သူမှ မမြင်စေချင်လို့ပါ..။.
..........................

ရှည်ဆိုလို့ရှည်လိုက်တာ..😂
အဆက်မမိတော့ဘူးလားမသိ 🙏
နက်ဖြန်ဇာတ်သိမ်းမယ်နော်😭

#စည်းဆူးစပိုက်ကာ
ဝေဖန်ပေးကြပါ..
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်..❤📖💪
အမှားပါရင် ခွင့်လွှတ်ကြပါလို့..🙏
Love u all ❤📖💪❤

စည်းဆူး Where stories live. Discover now