Part. 1

151 6 0
                                    

မင်းနဲ့  မှ ချစ်တက်ပြီပေါ့

      Part.   1

    ညသန်းခေါင်ယံ  အချိန် 
ပဒုမ္မာ ကြာ ပန်း  အိမ်တော် တစ် ခုလုံးလဲ အပ် ကျသံပင် မကြားရလောက် အောင် တိတ်ဆိတ်နေလေသည် ။

  ထိုစဉ်  ဝမ်ရိပေါ်. တစ်ယောက်  အိမ်ကို သူခိုးချောင်း လှည့်ပတ်ချောင်း လျက် ဝင်လာပြီး  အိမ်အပေါ် ထပ် သို့  တန်း တက်ကာ သူ့  အိပ်ခန်းထဲ ဝင်ရန် ပြင် လိုက်စဉ်

    " ဝမ် ရိ ပေါ်.  "

မားမား ရဲ့ ကျယ်လောင်စွာသော အသံထွက်ပေါ်လာပြီး
မီးများလဲ လင်း လာသည် ။

   " မားမား "

" ဒါဘယ်က ပြန်လာတာလဲ "

   မားမား  က ပန်းနုရောင် ညအိပ် ဝတ်စုံလေးကို ဝတ်ထားသော် လဲ  မျက်နှာအနေအထား ဝတ်ထားသော ဝတ်စုံအရောင်လို ဖျော့ မနေဘဲ
တင်းမာပြီး ဒေါသအရှိန်ကြောင့်  ပန်းရင့်ရောင် ဖြစ်နေသည် ။

" ဟုတ်တယ်  ငါ နင့်မားမား 
ဆုံးသွားတာ ကြာပြီဖြစ်တဲ့ နင့်ပါးပါး ရဲ့.မိန်းမ.  နင့်မားမား
ကဲ   ပြောစမ်းပါဦး  ဒါ ဘယ်က. ပြန်လာတာလဲ  "

" မား ရယ် သားဒီအချိန် ဘယ်ကပြန်လာတာလို့ မေးနေသေးတယ်
သေချာပေါက်  Club ကပဲပေါ့  မားသိရက်သားနဲ့ "

   "နင် ဒီ အချိန်မှ ပြန်လာရင်  ဘယ်ကလဲ ပြန်လာ တာလဲ ဆိုတာ ငါသိတယ် သိလွန်းလို့   နင်နဲ့ငါ ရှင်းစရာ ရှိလို့ စောင့်နေတာ "

  " မား  ဘာဖြစ်တာလဲ  ဆူညံနေတာပဲ သားတောင် နိးတယ် "

ဝမ် ဝူကျွင်း တစ်ယောက် ပြောရင်းနဲ့ မားမား နားကို ရောက်လာသည်

" ဟင် သားကြီး နိုးသွားတာလား  ဒီအငယ်ကောင် နဲ့ မား ရှင်းစရာရှိနေလို့  သားကြီးရေ "

ဝမ်ဝူကျွင်း မားမား ကို ချော့မော့ပြီး ပြန်အိပ်ခိုင်းရန် စဉ်းစားမိသည်
အငယ်ကောင် နားထဲ က ဂွမ်းတွေကို မားမားမမြင်ဘဲ ဆက်ပြောနေမည်ဆိုလျှင်မနတ် မိုးလငိးသွားနိုင်သည်

" မားရယ် ရှင်းစရာ ရှိရင် မနတ်မှ ရှင်းပါလားညသန်းခေါင်လဲ ကျော်နေပြီ   သူများတွေ ကြားကုန်ရင်လဲ ရှက်စရာကောင်း တယ်
  မားရယ်  မနတ်မှ ရှင်းပါနော် မား "

မင်းနဲ့ မှ ချစ်တက်ပြီ Where stories live. Discover now