Ring......Ring......
ဖုန်းလာသောကြောင့် အိပ်ချင်မူးတူးနှင့်ကောက်ကိုင်ရသည်။
အချိန်ကြည့်တော့ ည 1 နာရီ။"Hello ဘယ်သူပါလဲ"
"ဟုတ် ဆရာရှောင်ကျန်းလား ကျွန်တော်ပါ ကျင်းရီ"
တစ်ဖတ်က တရင်းတနှီးပြောနေသောကြောင့်
ဒီလူနာမည် ဘယ်မှာကြားခဲ့ဖူးလဲဆိုတာ ဦးနှောက်ကို
အလုပ်မြန်မြန်ပေးလုပ်လိုက်ရသည်။သိပြီ မနက်က မိတ်ဆက်ပေးတဲ့ထဲက စွာတေးလန်ကောင်လေး။
"အေး ဘာကိစ္စရှိလို့လဲ"
"ဒီမှာ အရမ်းအရေးကြီးတဲ့ case ရောက်နေတယ် ကျွန်တော်တစ်ယောက်ထဲမဖြစ်လို့ ဟိုကောင်တွေက သွားမှောက်နေတယ် ကူညီပါအုံးနော်"
"အေးအေး ငါ့အခုလာခဲ့မယ်"
အားနာတက်လွန်းသောအကျင့်က ပြင်မရ။
တကယ်ဆို ငြင်းပစ်လို့ရသည့်အနေအထား။
မိမိနှင့်သူနဲ့က သိပ်ခင်သေးတာမဟုတ်။
ထားပါ ကူညီရကောင်းပါတယ် နောက်လည်း သိကြရမှာဘဲဟာရှောင်ကျန်း စိတ်ကို တင်းထားလိုက်ပြီး
အိမ်က driver ကို အားနာစွာ သွားနှိုးရသည်။ဆေးရုံရောက်တော့
အမှန်တကယ်ပင် တိုင်ပတ်နေသော ကျင်းရီကိုတွေ့လိုက်ရသည်။ ကျန်းရီကတော့ ရှောင်ကျန်းကိုမြင်တော့ ဇနက မင်းသားအား မေခလာနတ်သမီး လာကယ်သည့် အလား ပြုံးပျော်သွားသည်။
********************************************
ကိစ္စအားလုံး ပြီးသွားလို့ နာရီကြည့်လိုက်တော့ မနက် ငါးနာရီပင် ထိုးသွားလေပြီ။
အိမ်ပြန်ရန် ပြင်လိုက်ချိန်
တဖတ်ခန်းမှ ညည်းသံကြား၍ ထိုအခန်းကို ကူးသွားလိုက်သည်။အခန်းတံခါး လော့မချ သောကြောင့် ရှောင်ကျန်း အသာလေး ဝင်သွားသည်။
လူနာကို သေချာကြည့်တော့ မနက်က ကောင်လေး။
လူနာစောင့်လည်း မရှိ။
YOU ARE READING
ဓါးလွှာထက်က ပျားရည်စက် (ဓားလွှာထက်က ပျျျားရည်စက်)
Fanfictionအချစ်ကို မယုံချင်တော့ဘူး မယုံရဲတာဆို ပိုမှန်လိမ့်မယ် ရှောင်ကျန်း အတိတ်မှာဘာဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်တော့် အချစ်ကိုဘဲ ကျွန်တော်ကိုဘဲ ယုံပေးလို့မရဘူးလားဗျာ ဝမ်ရိပေါ် အချစ်ကို မယုံချင်တော့ဘူး မယုံရဲတာဆို ပိုမှန်လိမ့်မယ် ရှောင်ကျန်း အ...