ရီပေါ်ကို company မှာအလုပ်ခန့်တာ ၂လကျော် ၃လနီးပါးရှိလာပြီ ။ အဲ့ကောင်လေးတကယ်ကြိုးစားတယ် သူများအလုပ်တွေလည်းကူလုပ်ပေးတာတွေ့ရတယ့့်inn အဲ့ကောင်လေးကို အလုပ်စခန့်တည်းက ယွမ်ယွမ်နဲ့ ပြသနာ မတက်တဲ့ရက်ဟူ၍မရှိ ။လူတိုင်းကို ဒုတိယ အခွင့်အရေးတော့ပေးသင့်တယ်မလား။ယွမ်ယွမ်က အရင်ကဆို အဲ့လိုမဟုတ် စိတ်ထားနူးညံ့တဲ့ မိန်းကလေးတစ်ယောက်။ ဒါပေမဲ့ ရီပေါ်နဲ့ တွေ့ရင် ချက်ချင်းပြောင်းလဲသွားတယ်။လုံးဝ တခြားသူလိုပဲ ဘာလို့လဲ မေးတော့ 'မီးဆိုတာမလောင်ခင် ကြိုတားရတယ်တဲ့ 'လေ 'မိန်းကလေးတွေက ဆဌမအာရုံကောင်းတယ်ဆိုတာ မောင်မှ မသိတာ' တဲ့။
သူမ ဘာကိုဆိုလိုတာလဲမသိပေမဲ့ သူများကို အဲ့လိုပြောတာတွေ ကျွန်တော်တကယ်မကြိုက်ဘူ့း့အဲ့လိုပြောလိုက်တိုင်းလည်း 'မောင်က ရီပေါ်နဲ့ပတ်သတ်လာရင် ပိုကိုပိုတယ်တဲ့ ' လေ။
ကျွန်တော်လည်း စိတ်တွေရှုပ်ထွေးနေတာနဲ့ နယ်ဘက်မှာဖွင့်တဲ့ လုပ်ငန်းအသစ်ဘက်ကို စိတ်နစ်ပြီး လုပ်နေခဲ့တာ ။ မနက်တိုင်း ရုံးလာရင် တံခါးပေါက်နဲ့ မလှမ်းမကမ်း မှာ တံမြက်စည်းကိုင်ပြီးစောင့်နေတတ်တဲ့ သူ့ကို ကျွန်တော်ကပြုံးပြလိုက်တာနဲ့ ခေါင်းငြိတ်ကာ သူ့အလုပ်သူပြန်သွားလုပ်တတ်တဲ့ ကောင်လေး။ နေ့လည်ထမင်းစားချိန်ဆို တစ်ယောက်တည်း ငူငူငိုင်ငိုင်ဖြစ်လွန်းလို့ ကျွန်တော်ကူပြီးစားပေးမှ ကုန်အောင်စားတဲ့ ကောင်လေး။ ညဘက်တွေဆိုလည်း good night ဆိုတဲ့ စာပို့တဲအထိ ထိုင်စောင့်နေတဲ့ကောင်လေး။
သူ့ကိုကျွန်တော် လွမ်းနေမိတယ် ။ယွမ်ယွမ့်ကိုတောင်အဲ့လောက်မတွေးမိ ။ကျွန်တော့်စိတ်တွေပုံမှန် မဟုတ်ဘူးဆိုတာ သိနေတယ် ။
အဖြေရှာရင်ထွက်လာနိုင်ပေမဲ့ တစ်ခါတစ်လေ ဘယ်သူ့ကိုမှ ကောင်းကျိုးမပြုနိုင်တဲ့အဖြေတွေဟာ မရှာမိတာပဲ အကောင်းဆုံးဖြစ်မှာပါ။
နယ်ဘက်ကအလုပ်လေးတွေပြီးလို့ ပြန်လာနေပြီဆိုတဲ့အကြောင်း ကောင်လေးကို ph ဆက်တော့ တစ်ဖက်က ငိုသံကြီးနဲ့ ပြန်ဖြေတဲ့ကောင်လေး
ကျွန်တော်အရမ်းစိတ်ပူသွားတယ် ။ စိတ်အေးအေးထားဖို့သူ့ကိုဖြောင်းဖြပြီး မေးကြည့်တော့မှ သူ့သူငယ်ချင်း ဒဏ်ရာ ရလာသည်တဲ့လေ။ ထိုကောင်လေး တစ်ယောက်တည်းဘယ်လောက်ကြောက်နေလိမ့်မလဲ ။ဘယ်လောက် တုန်လှုပ်နေလိမ့်မလဲ ဘယ်လောက် အားငယ်နေလိမ့်မလဲ တွေးမိတော့ ကျွန်တော့်ရင်ထဲ အတိုင်းအဆမသိနိုင်တဲ့ ငလျင်တွေ လှုပ်သွားသလိုပဲ။
YOU ARE READING
Love=Love ( ZAWGYI+UNICODE)Completed
Random'ငါမျှော်လင့်တောင့်တတဲ့ ဆန္ဒလေးတစ်ခုပြည့်မြောက်ဖို့ရာ ဘာလို့အဲ့လောက်ခဲယဉ်းရတာလဲ' Wang Yibo 'အရာရာကိုပေါ့ပျက်ပျက်နဲ့ အချောင်လိုက်တဲ့လူတွေကို ငါအမုန်းဆုံးပဲဆိုတာ မင်းသိသင့်တယ်' Xiao Zhan