00

5.6K 289 31
                                    

Zawgyi

ကန်တင်းမှာက ရှုပ်ရှုပ်ရှက်ရှက်လူတွေက သွားလာနေသည်။ မနက်ခင်းမို့ ကောင်းကင်က အနည်းငယ်လင်းနေကာ တိမ်ကင်းစင်နေသည်။ တက္ကသိုလ်ကျောင်းသားတွေရဲ့ သဘောဝ ကန်တင်းလာလျှင် ရည်းစားလက်ချိတ်လာတတ်သည်။ ထိုထဲမှာ သူတော့မပါပါ။

"ဘာလဲ စီနီယာကင်မ်က အာရှပြိုင်ပွဲမှာ ပါပြန်ပြီလား "

အအေးသောက်နေရင်း စီနီယာဂျီမင်းရဲ့ အမေးကြောင့် ခေါင်းငြိမ့်ပြလိုက်သည်။

" စီနီယာကင်မ်က ဒီတစ်ခေါက်လည်း firstပဲတဲ့ "

လက်ထဲကိုင်ထားသည့် ပေါင်မုန့်ကို ပါးစပ်ထဲထည့်ကာ စီနီယာဂျီမင်းကိုပြန်ပြောလိုက်သည်။ စီနီယာဂျီမင်း၏ ရှုံ့မဲ့သွားသော မျက်နှာကြောင့် ဂျောင်းဂုမရီမိအောင် ထိန်းလိုက်ရသည်။

" ဂုကီကသာ ပျော်နေတာ အခုချိန်ဆို စီနီယာနမ်ဂျွန်းက ဒေါသပုန်ထနေလောက်ပြီ "

စီနီယာ ဂျီမင်းရဲ့ စကားကြောင့် ဒီတစ်ခါတော့ ဂျောင်းဂုအသံထွက်အောင်ရီမိသည်။ အစ်ကိုနမ်ဂျွန်း မဖြစ်စလောက် IQသေးသေးလေးနဲ့ စီနီယာကင်မ်ကို လိုက်ပြိုင်သည်။ ပြိုင်တာက အဆင်ပြေသည်။

စီနီယာနမ်ဂျွန်းက သူရှုံးပြီဆိုလျှင် ငါက အဲ့ကောင်ထက် အများကြီးသာတယ်ဟုဆိုကာ အင်္ဂလိပ်လိုတွေမှုတ်လာတဲ့ ဒဏ်ကိုတော့ ဘယ်သူမှ မခံနိုင်ပေ။ စီနီယာနမ်ဂျွန်းသာ အင်္ဂလိပ်လိုမှုတ်ရင် တံတွေးတွေက မျက်နှာပြင်ပေါ်ရောက်ရောက်လာသည်။ အရှင်းဆုံး ဥပမာ ပေးရမည်ဆိုပါက တံတွေးအိုင်ထဲ လက်ပစ်ကူးနေသလိုပါပဲ။

" အဟွတ်! "

စီနီယာနမ်ဂျွန်းအား လေကုန်ခံကာ ဖဲ့နေရင်း ကန်တင်းကို ရုတ်တရပ် ၀င်လာသော စီနီယာ ကင်မ်ကြောင့် ဂျောင်းဂုသောက်လက်စ အအေးပါ သီးသွားရသည်။

စီနီယာကင်မ်!

ကင်မ်ထယ်ယောင်း
ချမ်းသာတဲ့ မိသားစုက
IQ200နှင့် အာရှမှာ နံပါတ်တစ်
ရုပ်ရည်ကလည်း ချော
လမ်းသွားရင် မိန်းကလေး အယောက်၅၀လောက်က လိုက်ချောင်းရသည်။

ဂျွန်ဂျောင်းဂု

သူကတော့ စီနီယာကင်မ်နဲ့ လုံးဝမတူ။
စီနီယာကင်မ်ကို အသေရရ အရှင်ရရ လိုချင်နေသူ။
အိပ်ခန်း၊ စာကြည့်စားပွဲ ၊ စာအုပ်စင် ၊ စာကြည့်ခန်း
စသည့် နေရာတွေအပြင် စောင်မှာပါ
စီနီယာကင်မ် ပုံပါသည့် စောင်ကိုသာခြုံသည်။

Sanbae KIMWhere stories live. Discover now