07

1.7K 208 31
                                    

zawgyi

" sanbae.. ဒီသော့ချိတ်တွေက သေချာလို့လား "

နမ့်ဆန်တာဝာမှာ ခတ်ထားတဲ့ သော့ချိတ်လေးတွေကို ကိုင်ရင်းပြောလာတဲ့ ကလေးလေးကို ထယ်ယောင်း ခေါင်းငြိမ့်ပြလိုက်သည်။

" ခဏလေး ကိုယ် သော့ချိတ်သွားဝယ်လိုက်မယ် "

ကောင်လေးကို တစ်နေရာမှာ ခဏထားခဲ့ပြီး ထယ်ယောင်း သော့ချိတ်ဝယ်ဖို့ အပြေးသွားလိုက်သည်။

ခရမ်းရောင် သော့ချိတ်လေးအပေါ်မှာ 'ကင်မ်ဂျွန်´ဟု အဖြူရောင်စာတန်းလေးနှင့် ထိုးထွင်းထားသည်။

ကောင်လေးဆီကို ပြန်လာတဲ့အခါ ပန်းဆိုင်လေးကို တွေ့တာမို့ ထယ်ယောင်း ခရမ်းရောင် ပန်းစည်းလေးကို ၀ယ်လာလိုက်သည်။ ခရမ်းရောင်ပန်းစည်းဆိုပေမဲ့လို့ အလယ်မှာ အနီရောင်ပန်းလေးတစ်ပွင့် ပါသေးသည်။

" ဂျောင်းဂု..  "

ထယ်ယောင်း ဂျောင်းဂုကို ခေါ်လိုက်တော့ သော့ခလောက်တွေ လိုက်ကြည့်နေရင်းမှ ပြူးကြောင်ကြောင်လေးနှင့် ကြည့်လာသည်။

" မင်းတွက်.. "

ပန်းစည်းလေးကို ထိုးပေးလိုက်တော့ ကောင်လေးက ကြောင်တောင်တောင်လေးနှင့် ယူသည်။

" ခရမ်းရောင်လေးက ကိုယ် ၊ အလယ်က အနီရောင်လေးက ကိုယ့်နှလုံးသား.. ကိုယ့်အချစ်ကတော့ ပန်းစည်းကိုင်ထားတဲ့ ကောင်လေး.. "

ထယ်ယောင်း စကားကြောင့် ကောင်လေးက ပြူးကြောင်ကြောင်နှင့် ပန်းစည်းကို တစ်လှည့် ထယ်ယောင်းကိုတစ်လှည့် ကြည့်နေသည်။

" အဟမ်း.. ကိုယ့်ကို အဖြေပြန်မပေးဘူးလား.. "

ထယ်ယောင်း ကောင်းကင်ကို မော့ကြည့်ကာ အရှက်ပြေ ချောင်းဟန့်ရင်း ကောင်လေးလက်ကို မသိမသာဆုပ်ကိုင်လိုက်သည်။

" အဖြေက သိနေပြီးသားပဲကို.. ပြောဖို့လိုသေးလို့လား "

အသံတိုးတိုးလေးထွက်လာတာကို ထယ်ယောင်းကြားပြီး ခေါင်းငုံ့ထားသည့် ကောင်လေးမမြင်အောင် ပြုံးလိုက်သည်။

" အဲ့တာဆိုလည်း ရပါတယ်လေ... မင်းကလက်မခံတော့လည်း.. ရော့ အစက မင်းလက်ခံရင် ဒီမှာသော့ချိတ်မလို့ မင်းက လက်မခံတော့လည်း.. "

Sanbae KIMWhere stories live. Discover now