အပိုင်း -- ၁

9.7K 407 8
                                    

Unicode

အေးချမ်လွန်းလှသည့် မနက်ခင်းလေးတစ်ခု ...

''သမီးတို့ရေ ကျောင်းနောက်ကျနေလိမ့်မယ် ဆင်းလာခဲ့ကြတော့လေ''

ထမင်းစားခန်းထဲမှ အိမ်ရှင်မပီသသောမိခင်တစ်ယောက်၏ခေါ်သံထွက်ပေါ်လာသည်။
ထိုခေါ်သံ၏နောက်တွင် အပေါ်ထပ်မှမျက်နှာစူပုတ်၍ဆင်းလာသော ငါးနှစ်အရွယ်ကလေးမလေးတစ်ဦး။
သူမ၏နောက်တွင်တော့ ကိုးနှစ်အရွယ်ကလေးမလေးက ပြောင်တီပြောင်စပ်နှင့်လိုက်ပါဆင်းလာသည်။

သမီးနှစ်ယောက်ဆင်းလာပုံကိုကြည့်ရင်း
Mr.Mason Park နှင့် Mrs.Clare Park တို့သက်ပြင်းချမိသည်။သူတို့သမီးငယ်လေးဟာ တစ်စုံတစ်ခုကိုအလိုမကျနေပြီဆိုတာတန်း၍သိလိုက်၏။

''Daddy...မမက Rosè ကိုဆရာဝန်မကြီးမဖြစ်နိုင်ဘူးတဲ့ ''

''ဟင်...ဟုတ်လား သမီးကြီးကဘာလို့အဲ့လိုပြောလိုက်တာလဲ''

သမီးငယ်ဖြစ်သူ Rosè ၏ အပြောကိုထောက်ပေးရင်း သမီးကြီးဖြစ်သူ Alice အား Mr.Park ကမေးလိုက်သည်။

Alice လည်း မိခင်ပြင်ပေးထားသော ထမင်းကြော်ကိုတစ်ဇွန်းခပ်စားလိုက်ပြီး

''Daddy ကလည်း Rosè လေးက ဆော့ရင်သူပဲအမြဲတမ်းဆရာဝန်လုပ်နေတာ။သူကဆရာဝန်လုပ်တော့ သမီးကပဲလူနာလုပ်နေရတာ....ကြာတော့ပျင်းလာပြီ Daddy ရဲ့။အဲ့ဒါကြောင့် သမီးလည်းတစ်ခါတစ်လေဆရာဝန်လုပ်ချင်လို့ သူ့ကိုဆရာဝန်မဖြစ်နိုင်ဘူးလို့ပြောလိုက်တာ''

Alice ၏စကားအဆုံးတွင် Rosè ကအလန့်တကြားထအော်သည်။

''No..!!!...မရဘူးနော်မမ Rosè ပဲအမြဲတမ်းဆရာဝန်လုပ်မှာ မမကလူနာပဲလုပ်''

''ဟားဟားဟား.... သမီးငယ်ကတော့အစွဲကြီးပါ့ကွာ ''

''အစွဲကြီးတာတွေနောက်ထားရှင်...သမီးတို့ကိုကျောင်းလိုက်ပို့တော့ ပြီးရင် ဟန်နီလည်းဆေးရုံသွားရဦးမှာလေ''

Mrs.Park ၏အပြောကို သားအဖသုံးယောက်ကတော့ Yes တစ်လုံးနှင့်တုံ့ပြန်ကာ တစ်နေ့တာတာဝန်များကိုလုပ်ဆောင်ရန် အိမ်မှထွက်ခွာသွားကြလေသည်။
Park မိသားစုလေး၏ မနက်ခင်းတေးသံသာလေးကတော့ Alice နှင့် Rosè တို့၏ စကားသံလေးများနှင့်ပင် ပြည့်စုံသွားရစမြဲ။
Mr.Park သည် Roseanne Family Hospital ၏ ဥက္ကဌဖြစ်သည့်အလျောက် သမီးနှစ်ယောက်အား သူ့ခြေရာကိုနင်းစေချင်သည်။ငယ်သေးပေမယ့်လည်း သူ့သမီးလေးများအတွက် မျှော်လင့်ချက်များစွာကိုရင်ဝယ်ပိုက်ထားသော ဖခင်တစ်ယောက်ဖြစ်လေသည်။

Life Combine With LoveWhere stories live. Discover now