'ချန်ကျင်းပြည်နယ် ခြေလျင်တောင်တက်အသင်း'တောင်ခြေ အခြေစိုက် တောင်တက်စခန်းလေးက နောက်ခံ တောင်မှိုင်းညို့ညို့များနှင့် မျက်စိပသာဒ တင့်တယ်လျက်.
မိုးကာကို ကျောပိုးအိတ်ထဲ အပြီးသတ်ထည့်လိုက်ရင်း သူ ရေဒီယိုမှ မိုးလေဝသ သတင်းကို နားစွင့်လိုက်သည်။'ယနေ့နံနက်ပိုင်းအချိန် တိုင်းထွာချက်များအရ အရှေ့ပိုင်း ပြည်နယ်များဖြစ်သော
ချန်တူး. ချံုချင်. ချန်ကျင်း ပြည်နယ်တဝိုက် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်းး''ကျွတ်....'
နေသာသာနှင့် လှပလင်းထိန်နေသော အပြင်ကို တချက်ကြည့်လိုက်ရင်း သူ စုပ်သတ်မိလိုက်သည်။
ဘယ်မှာလဲ မိုး။ အမြီးတောင် မတွေ့ရဘူး။'ဟန်ချင်ကော. သွားကြမယ်။ '
'လာပြီ။ '
ဟန်ချင်ကောက အိတ်ကို မနိုင့်တနိုင် မ ရင်း ဆိုသည်။
'ခနလေး သွားမှာကို ဘာတွေ အ့လောက် သယ်လာတာလဲ။ '
'ခုနက မိုးလေဝသ သတင်းမကြားဘူးလား။ ဒီနေ့ မိုးရွာနိုင်ချေရှိတယ်တဲ့။အဲဒါ မိုးကာကော အကျီအပိုပါထည့်နေတာ။ '
'ဒီလောက်နေပူကျဲတောက်နေတာ ဘယ်က မိုးကရွာမှာလဲ။ တကယ်ပဲ။ '
သူ ပြောပြီး အထုတ်ဆွဲက ရှေ့က ခပ်သွက်သွက်ထွက်သည်။
ဟန်ချင်ကော ကတော့ သူ့ မနိုင်ဝန်ထမ်းကာ လှုပ်တုတ်တုတ်။ချန်ကျင်းပြည်က သာယာသည်။ မြို့ပြ လိုမဟုတ်ပဲ ဆူညံမှု့တွေမရှိ။ သဘာဝ လှေခါးထစ် လက်ဖက်စိုက်ခင်းများက တမျှော်တခေါ်။
ဒေသခံ လူနေမှု့ကလည်း အေးချမ်းသည်။
ဘေကျင်းနှင့် သွားလာရ လွယ်ကူသည်ကြောင့်လည်း သူ ပိုနှစ်သက်သည်။
အပတ်စဥ် မဟုတ်တောင် နှစ်ပတ်တခါလောက်တော့ ပံုမှန် ဒီကိုလာပြီး တောင်တက်ဖြစ်ပါသည်။
တောင်ခြေကနေ စတက်တာနှင့် သဘာဝ ရှု့ခင်းတွေက စီရီစွာ...
သိပ်မကြာလိုက်.... နောက်မှ လိုက်လာသော ဟန်ချင်ကောက တစခန်းထသည်။'ဗိုက်. ငါ့ ဗိုက်'
'ဘာဖြစ်ပြန်ပြီတုန်းးး'
YOU ARE READING
Serenade
Romanceမိုးက သူနှင့်အတူ ၔည့်သည်တယောက်ကို အပါ ခေါ်ဆောင်လာခဲ့ပါသည်။ ဆွတ်ပျံ့လွမ်းမော ဖွယ်ကောင်းစွာ...... 🌧