သူတို့၂ယောက်မိုးစဲသွားတဲ့ အထိ နောက်ထပ် စကားမပြောဖြစ်ကြတော့. .
ရှောင်းကျန့် တချက် တချက် သူ့ဘေးမှလူကို ငဲ့ကြည့်ပေမဲ့ ထိုသူက မိုးရေတွေထဲသာ အကြောင်းမဲ့ ငေးလို့နေသည်။မျက်ဝန်းတွေက အရောင်ကင်းမဲ့နေသလိုမျိုးနှင့် တမျိုးမွန်းကြပ်စရာကောင်းလှသည်။
ထိုသူ့ဆီမှ အကြည့်လွှဲလိုက်ရင်းဘေးမှာချထားသော လွယ်အိတ်ကို လွယ်ကာ ထရပ်လိုက်သည်။အချိန်ကိုက်ပင် မိုးကစဲသွားတာမို့ ထိုနေရာက ထွက်ခဲ့ လိုက်သည်။
ကျန်ခဲ့သောသူ့ကို နှုတ်မဆက်ခဲ့။ နှုတ်ဆက်စရာလည်းမလိုဟု သူထင်ပါသည်။
ရှောင်းကျန့်က ဘဝမှာ တွယ်တာစရာတွေသိပ်အလိုမရှိခဲ့။
တွေ့ ဆုံ ကြုံ ကွဲ သဘောတရားတွေအတိုင်း စီးမျောလိုက်ဖို့ကြိုးစားနေထိုင်တတ်ပြီးသား. .ရပ်နားစခန်းက ထွက်ခဲ့ပြီးရှေ့ဆက်လျှောက်ခဲ့တော့ မဝေးတော့သော တောင်ထိပ်ပိုင်းက လမ်းပျပျကို လှမ်းမြင်နေပြီဖြစ်သည်။ မိုးရွာပြီးခါစမို့ လမ်းတလျှောက် စိမ်းမြနေသည်မှာ မြင်ရတိုင်းသဘောကျစရာ. .
သိပ်မကြာခင်မှာပင် တောင်ရဲ့ ထိပ်ဆုံးပိုင်းထိသူရောက်လာခဲ့သည်။လတ်ဆတ်သောလေကို အဆုတ်တွေထဲထိ ရှူသွင်းလိုက်သည်။
မျက်စိမှိတ်ပြီးတော့ ခံစားရသော အေးမြမှု့အပေါ် ပျော်ဝင်လိုက်သည်။
ပြီးမှ ကင်မရာလေးနှင့် ပတ်လည်ရှိ မြင်ရသမျှ မြင်ကွင်းတို့ကို မှတ်တမ်းတင်လိုက်သည်။ရှောင်းကျန့်ကင်မရာမြင်ကွင်းတို့က တနေရာအရောက် တစုံတယောက်ကို တွေ့ပြီး ထိုနေရာမှာပင်ရပ်သွားပြန်သည်။
လူတယောက်က တပင်တည်းရှိသော သစ်ပင်ကြီးအောက်မှာ တစုံတခုနှင့် အလုပ်ရှုပ်နေလေသည်။
နောက်ကျောကိုကြည့်ရင်းဖြင့်ပင် စောစောကတွေ့ခဲ့သော ဝမ်ရီပေါ်မှန်း သူအတပ် သိ
လိုက်သည်။သိပ်မကြာခင်မှာပဲ ရီပေါ်က ထိုနေရာကနေပြန်လည်ထွက်သွားခဲ့သည်။ ထိုအခါမှ ရှောင်းကျန့် ထိုနေရာလေးဆီ လျှောက်လာခဲ့ပြီး အပင်ကိုကြည့်လိုက်သည်။
ပင်စည်ကို ထွင်းထားသော စကားလုံးတချို့.
"YB goes to Light! " ဟူသော စာသားနဲ့အတူ ဂီတနုတ်တွေရေးထားသော စာရွက်လေးတရွက်ကိုပါ ပူးတွဲတွေ့ရသည်။
YOU ARE READING
Serenade
Romanceမိုးက သူနှင့်အတူ ၔည့်သည်တယောက်ကို အပါ ခေါ်ဆောင်လာခဲ့ပါသည်။ ဆွတ်ပျံ့လွမ်းမော ဖွယ်ကောင်းစွာ...... 🌧