Softie Girl of the Guard 1

4.2K 138 2
                                    

Zawgyi👇👇👇

Unicode

##############

အချစ်ဆိုတဲ့အရာကလေ တွေးတောရ တအားခက်ပြီး ရှုပ်​ထွေးမယ်လို့ ထင်နေပေမယ့် တကယ်တမ်းကျ ရိုးရှင်းလွန်းလို့ ရှုပ်ထွေးတယ် ထင်နေရတာပါ

##############

5နှစ်သားအရွယ် ကလေးမလေး တစ်ယောက်က အိပ်ရာထက်မှာ သူမအမေရဲ့ ရင်ခွင်ထဲတိုးဝင်ရင်း သူမရဲ့ လက်ထဲက စာအုပ်ကိုထောင်ကာ

"Omma Minariကို ဒီစာအုပ်ဖတ်ပြ"

သူမအမေက သူ့ဆံပင်လေးတွေ သပ်လိုက်ပြီး

"ဖတ်ပြမယ်နော် ပြီးရင်တော့ အိပ်ရမယ်"

"ဟုတ်ကဲ့"

စာအုပ်ကို လှန်လိုက်ပြီး

"ဒါလေးက ဟိုရှေးရှေးတုန်းက ကျားကြီး တစ်ကောင်ရှိတယ်တဲ့ ကျားကြီးက သူဗိုက်ဆာလာတာမလို့ အမဲလိုက်ဖို့လုပ်နေတဲ့အချိန်မှာ ယုန်​ဖြူလေးတစ်ကောင်ကိုတွေ့လိုက်တယ် သူလည်း စားဖို့လုပ်တော့ ယုန်လေးရဲ့ အပြုမူ စားသောက်တဲ့ ပုံစံလေးတွေကို ကျားကြီးက မြင်ပြီး သဘောကျသွားတယ်တဲ့ ဒါပေမယ့် ကျားကြီးက သူ့အစာမလို့ ခုန်အုပ်လိုက်တဲ့အချိန် သူ့ကို ပြန်ကြည့်နေတဲ့ ယုန်လေးရဲ့ သနားစရာ မျက်ဝန်းတွေကို တွေ့တော့ မစားဘဲ လွှတ်ပေးလိုက်တာပေါ့ အဲ့တာနဲ့ပဲ ယုန်ဖြူလေးက သူ့ကိုမေးတယ်

'ဘာလို့ ငါ့ကို မသတ်တာလဲ'

ကျားကြီးကပြန်ပြီးတော့

'ငါမင်းကို မသတ်နိုင်ဘူး မင်းက တအားကို ချစ်ဖို့ကောင်းနေတယ်'

အဲ့လိုပြောလိုက်တော့ ယုန်လေးက သူ့ဘေးကို ခုန်ပေါက်ကစားလိုက်ရင်း

'အဲ့တာဆို သူနဲ့ ကစားမလား အဖော်မရှိလို့'

အဲ့​လိုပြောလိုက်တော့ ကျားကြီးက သဘောတူပြီး ယုန်လေးအနားမှာနေနေတာပေါ့ ယုန်လေးဘာလုပ်လုပ် သဘောကျပြီး ယုန်လေးကို စောင့်ရှောက်ရင်း အနားမှာနေသွားတာပါပဲ"

ကလေးပီပီ ရိုးရှင်းလွန်းတဲ့ ပုံပြင်လေးဆိုပေမယ့် အများကြီး တွေးကာ

"အာ အဲ့တာဆို ကျားကြီးက ယုန်ဖြူလေးကို ချစ်တာပေါ့နော်"

"ဒါပေါ့"

Softie Girl of the Guard(Complete)Where stories live. Discover now