2006 နွေဦး
SeInလေးမေမေနဲ့စိတ်ကောက်ပြီး နေကြာခင်းနားလာငိုနေတုန်း
အနားကိုရောက်လာတဲ့အရပ်ရှည်ရှည်ကိိုကိုတစ်ယောက်။" အာညော် ကလေးလေး "
နှုတ်ခမ်းထက်မှာအပြုံးခပ်ကြီးကြီးတစ်ခုခုကိုချိတ်ဆွဲထားရင်းနှုတ်ဆက်စကားဆိုလာတဲ့ ကိုကိုချောချောကြောင့်
SeInအံ့ဩရတယ်။ ကိုကိုချောချောတွေတော်တော်များများက SeInလိုအငိုသန်တဲ့ကလေးတွေကိုမကြိုက်ဘူးဆိုတာ
မေမေပြောလို့ SeInသိတယ်လေ။" ကလေးလေး ဘာလို့ငိုနေတာလဲ
တိတ်တော့နော် အခုအရမ်းငိုနေရင် ကြီးလာတဲ့အချိန်ကျရုပ်ဆိုးမလေးဖြစ်နေလိမ့်မယ်
ကိုကိုက ချောကလက်ကျွေးမှာမို့ မငိုနဲ့တော့နော် ">> ကိုကိုဟာ အပြုံးချိုချို ချောကလက်ချိုချိုတစ်ခုကိုအစပြုပြီး
SeInဘဝထဲကိုဝင်ရောက်လာခဲ့တယ် <<2018 March
" SeIn na ကိုကိုရောက်နေပြီနော် မထသေးဘူးလား "
" လာပြီ လာပြီ "
အပေါ်ထပ်က ပြေးဆင်းလာတဲ့ SeIn ကို
ကိုကိုကခပ်ဖွဖွပြုံးပြတယ်။
SeInရဲ့ကိုကို်က ပြုံးလိုက်ရင်သိပ်ကြည့်ကောင်းတယ်။" Han SeIn နင်ဘယ်လိုတွေဝတ်ထားတာလဲ "
အပေါ်ထပ်လှေကားရင်းကနေလှမ်းပြောတဲ့ကြီးကြီးကြောင့်
ကိုယ့်ကိုယ်ကိုငုံ့ကြည့်မိတော့ ဘာမှထူးခြားမနေ။" ဘာလို့လဲ သမီးဝတ်ထားတာအဆင်ပြေသားပဲကို "
" စကပ်အောက်က ဘောင်းဘီရှည်ကြီးက ဘာလုပ်တာလဲ
အထက်တန်းကျောင်းသူပဲဖြစ်နေပြီ လှလှပပနေပါဟဲ့ "ကြီးကြီးကိုခွန်းတုံ့ပြန်ဖို့စကားစရုံရှိသေးတယ်
ကိုကိုပြောလိုက်တဲ့စကားကြောင့် ပီတိဖြာသွားရသည်။" ကြီး.... "
" SeInnine က ဒီတိုင်းလေးလဲလှပါတယ် ကြီးကြီးရဲ့
ကျွန်တော်ကတော့ စကပ်အတိုကိုဒီတိုင်းဝတ်တာမကြိုက်ဘူး "" တွေ့လား ကိုကိုကလှတယ်တဲ့ "
" လိုက်လည်းလိုက်တဲ့ မောင်နှမ "