Hyung

4.8K 98 2
                                    

ဒီေန႔က Hyung ေမြးေန႔။ ခမ္းခမ္းနားနားစကားလံုးေတြနဲ႔ စီကာပတ္ကံုးဆုေတာင္းေပးဖို႔ လြန္ခဲ့တဲ့ႏွစ္ကတည္းက ေတးမွတ္ထားခဲ့တာ။ တကယ္တမ္း ေမြးေန႔ရက္ကိုေရာက္လာတဲအထိ ေပ်ာ္ရႊင္စရာေမြးေန႔ျဖစ္ပါေစဆိုတဲ့ ဆုေတာင္းကလြဲၿပီး ထြက္မလာဘူး။

''ေပ်ာ္ရႊင္စရာေမြးေန႔ ျဖစ္ပါေစ Hyung။ Hyung ေပ်ာ္ရႊင္ပါေစ"

ဒီလိုဆုေတာင္းေပးေနတဲ့ ညီမေလးကိုယ္တိုင္ေပ်ာ္ရႊင္မႈကိုခံစားလာရတယ္။ Chanyeol Hyung ဆိုတာ နာမည္ေခၚလိုက္ရံုနဲ႔ လံုျခံဳေႏြးေထြးေစၿပီးေတာ့၊ နာမည္ေခၚလိုက္ရံုနဲ႔ တစ္ဖက္လူကိုေပ်ာ္ရႊင္ေစတဲ့ျဖစ္တည္မႈမ်ိဳး ဆုေတာင္းအျပည့္နဲ႔ေမြးဖြားလာတဲ့ လူသားတစ္ေယာက္ပါပဲ။

Hyung နာမည္ကိုေရရြတ္ရင္းနဲ႔ပဲ ဘဝအတြက္ေျပာင္းလဲေစမယ့္အရာေတြကို မ်က္စိစံုမွိတ္လုပ္ခဲ့ၿပီးေတာ့ Hyung ေၾကာင့္ပဲ ဒီလမ္းကိုျပန္ေလၽွာက္ခဲ့တယ္။ အေၾကာင္းျပခ်က္က Hyung ျဖစ္လာတဲ့အခါမွာ စိတ္အေျပာင္းအလဲျမန္လြန္းတဲ့ ဒီညီမေလးက တစ္သက္တာအတြက္မေျပာင္းလဲေတာ့မယ့္အနာဂတ္ေတြကိုပိုင္ဆိုင္ရလာတယ္။ တစ္မိတည္းေပါက္တဲ့ေမာင္ႏွမ မဟုတ္ခဲ့သလို၊ ေသြးခ်င္းနီးတဲ့ႏိုင္ငံရပ္သားလည္းမဟုတ္ေပမယ့္ လံုးဝန္းထဲဖြဲ႕စည္းပံုထဲမွာ အတူတူရွင္သန္ေနၾကတာပဲဆိုတဲ့စိတ္နဲ႔ ဒီညီမေလးက Hyung ကို အစ္ကိုအရင္းလိုခ်စ္တယ္။ ဆံုေတြ႕ဖို႔အတြက္ အတိတ္ဘဝရဲ႕ကုသိုလ္ကံျပည့္စံုခဲ့လားမသိေပမယ့္ Hyung ပို႔သတဲ့ေမတၱာနဲ႔ ပစၥဳပၸန္ေရစက္ေတြကို ျပည့္စံုေစမယ္။ Hyung စိတ္ခ်မ္းသာလို႔ကိုယ္က်န္းမာပါေစ။ Hyung အျပံဳးေတြကိုၾကည့္ၿပီး Hyung ရဲ႕မ်က္ဝန္းေတြကိုယံုၾကည္စြာနဲ႔ Hyung ႏွလံုးသားခိုနားရာျဖစ္တဲ့ ရပ္ဝန္းငယ္ရဲ႕ခ်စ္ျခင္းကိုလည္း ေကာင္းခ်ီးေပးမယ္။ Hyung တို႔ႏွစ္ေယာက္ခ်စ္ျခင္း ေအးခ်မ္းပါေစ။

ဒီဘဝရဲ႕ အနာဂတ္အသစ္မွာ Hyung တို႔ႏွစ္ေယာက္ရဲ႕ခ်စ္ျခင္းေမတၱာနဲ႔ စာမ်က္ႏွာသစ္ကို ေမြးဖြားခဲ့တယ္။ ဘဝမွာေရြးခ်ယ္စရာေတြရွိလာတိုင္း Hyung ရဲ႕ျဖစ္တည္မႈကို ပန္းတိုင္လိုရည္စူးမယ္။ ညီမေလးရဲ႕ေန႔ရက္ေတြ Hyung နဲ႔ထပ္တူရွင္သန္ပါေစေတာ့။

#ARTISTLOEYDAY
#HBDLOEY
November 27.2019.(Wednesday)

#############################

ဒီနေ့က Hyung မွေးနေ့။ ခမ်းခမ်းနားနားစကားလုံးတွေနဲ့ စီကာပတ်ကုံးဆုတောင်းပေးဖို့ လွန်ခဲ့တဲ့နှစ်ကတည်းက တေးမှတ်ထားခဲ့တာ။ တကယ်တမ်း မွေးနေ့ရက်ကိုရောက်လာတဲအထိ ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေဆိုတဲ့ ဆုတောင်းကလွဲပြီး ထွက်မလာဘူး။

''ပျော်ရွှင်စရာမွေးနေ့ ဖြစ်ပါစေ Hyung။ Hyung ပျော်ရွှင်ပါစေ"

ဒီလိုဆုတောင်းပေးနေတဲ့ ညီမလေးကိုယ်တိုင်ပျော်ရွှင်မှုကိုခံစားလာရတယ်။ Chanyeol Hyung ဆိုတာ နာမည်ခေါ်လိုက်ရုံနဲ့ လုံခြုံနွေးထွေးစေပြီးတော့၊ နာမည်ခေါ်လိုက်ရုံနဲ့ တစ်ဖက်လူကိုပျော်ရွှင်စေတဲ့ဖြစ်တည်မှုမျိုး ဆုတောင်းအပြည့်နဲ့မွေးဖွားလာတဲ့ လူသားတစ်ယောက်ပါပဲ။

Hyung နာမည်ကိုရေရွတ်ရင်းနဲ့ပဲ ဘဝအတွက်ပြောင်းလဲစေမယ့်အရာတွေကို မျက်စိစုံမှိတ်လုပ်ခဲ့ပြီးတော့ Hyung ကြောင့်ပဲ ဒီလမ်းကိုပြန်လျှောက်ခဲ့တယ်။ အကြောင်းပြချက်က Hyung ဖြစ်လာတဲ့အခါမှာ စိတ်အပြောင်းအလဲမြန်လွန်းတဲ့ ဒီညီမလေးက တစ်သက်တာအတွက်မပြောင်းလဲတော့မယ့်အနာဂတ်တွေကိုပိုင်ဆိုင်ရလာတယ်။ တစ်မိတည်းပေါက်တဲ့မောင်နှမ မဟုတ်ခဲ့သလို၊ သွေးချင်းနီးတဲ့နိုင်ငံရပ်သားလည်းမဟုတ်ပေမယ့် လုံးဝန်းထဲဖွဲ့စည်းပုံထဲမှာ အတူတူရှင်သန်နေကြတာပဲဆိုတဲ့စိတ်နဲ့ ဒီညီမလေးက Hyung ကို အစ်ကိုအရင်းလိုချစ်တယ်။ ဆုံတွေ့ဖို့အတွက် အတိတ်ဘဝရဲ့ကုသိုလ်ကံပြည့်စုံခဲ့လားမသိပေမယ့် Hyung ပို့သတဲ့မေတ္တာနဲ့ ပစ္စုပ္ပန်ရေစက်တွေကို ပြည့်စုံစေမယ်။ Hyung စိတ်ချမ်းသာလို့ကိုယ်ကျန်းမာပါစေ။ Hyung အပြုံးတွေကိုကြည့်ပြီး Hyung ရဲ့မျက်ဝန်းတွေကိုယုံကြည်စွာနဲ့ Hyung နှလုံးသားခိုနားရာဖြစ်တဲ့ ရပ်ဝန်းငယ်ရဲ့ချစ်ခြင်းကိုလည်း ကောင်းချီးပေးမယ်။ Hyung တို့နှစ်ယောက်ချစ်ခြင်း အေးချမ်းပါစေ။

ဒီဘဝရဲ့ အနာဂတ်အသစ်မှာ Hyung တို့နှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာနဲ့ စာမျက်နှာသစ်ကို မွေးဖွားခဲ့တယ်။ ဘဝမှာရွေးချယ်စရာတွေရှိလာတိုင်း Hyung ရဲ့ဖြစ်တည်မှုကို ပန်းတိုင်လိုရည်စူးမယ်။ ညီမလေးရဲ့နေ့ရက်တွေ Hyung နဲ့ထပ်တူရှင်သန်ပါစေတော့။

#ARTISTLOEYDAY
#HBDLOEY
November 27.2019.(Wednesday)

#############################

MemoryWhere stories live. Discover now