Please! Hacked me
အပိုင်း(၇)လုပ်လိုက်ပြီးမှ မဖြစ်တော့၍ နောင်တရမှာထက် မလုပ်ရသေးပဲနှင့်တော့ စိုးရိမ်ထိတ်လန့်မနေချင်တော့ပါ။ ဒီတစ်ခေါက် မနှင့် နှစ်ယောငိထဲဆုံဖြစ်လျှင် ရှိသမျှသတ္တိလေးတွေရင်းကာ ဖွင့်ပြောမည်ဟု ဆုံးဖြတ်ထား၏။ ထိုကြောင့် မ သွားသွားထိုင်တတ်သည့် အပင်အောက်နှင့် စာကြည့်တိုက်ကို လျှောက်ခဲ့လိုက်သည်။ ဒီနေ့အတန်းတက်ဖြစ်မယ်မထင်..နေ့ခင်း၌ သူအဖွဲ့ဝင်ထားသည့် သမဂ္ဂအစည်းအဝေးကိုတက်ရမည်။
စာကြည့်တိုက်ဘေးက သစ်ပင်ရိပ်အောက်၌ မကိုမတွေ့တော့ စာကြည့်တိုက်ထဲဝင်ကာ ပထမဆုံး ဆုံခဲ့သည့်နေရာသို့ တက်ကြည့်မိသည်။
'မ'
ထူးထူးဆန်းဆန်း မ လက်ထဲမှာစာအုပ်တစ်အုပ်မှ ရှိမနေပါလား။ ဒူးနှစ်ဖက်ကို လက်ဖြင့်ပွေ့ကာ မေးလေးထောက်လျှက် ဖိနပ်ထပ်ဖျားလေးကိုငေးကာ ငြိမ်ငြိမ်နေလေးထိုင်နေသည်။ သူ့ခေါ်တာ မကြားလားမသိ မော့မကြည့်ပဲနေတော့ နောက်တစ်ခါအသံပိုကျယ်၍ ခေါ်လိုက်ရသည်
'မ '
မက ဖျပ်ခနဲမော့ကြည့်၏။ ပြီးတော့ ခုဏအတိုင်းပင်ပြန်ထိုင်နေပြန်သည်။ သော်တာ သူ့ဘေး၌ လူသွားလမ်းချန်ကာထိုင်ချလိုက်ပြီး
သူထိုင်သည့်အတိုင်း လိုက်ထိုင်လိုက်မိသည်။'အတန်းမတက်ဖူးလား'
'အင်း မတက်ဖူး'
မ အသံကကြားရတယ်ဆိုရုံလေးသာ။
'စာလဲ မဖတ်ဖူးပေါ့'
မက လက်ပေါ်မေးတင်လျှက်ပင် သူ့အားငဲ့ကြည့်ပြီး
'အင်း မဖတ်ဖူး။ ဒါနဲ့ ယူ တစ်ယောက်ယောက်ကိုချစ်ဖူးလား'
'ဗျာ'
မ မေးခွန်းကြောင့် သော်တာတာကိုယ်ကိုဆတ်ခနဲ မတ်လိုက်မိသည်။ မကလဲ လက်ပိုက်ကိုဖြေကာ နံရံဘက်သို့လျှော့လျှော့လေးမှီလိုက်၏။
မက သူ့အကြောင်းနှင့်သူပြောတာဖြစ်ပြီး သော်တာ့လိုလူမျိုးကိုတော့ ရေလာမြှောင်းပေးလုပ်မှာမဟုတ်မှန်းလဲသိ၏။ သို့သော်လည်း မြှောင်းမဖောက်လဲ ရေကတော့သွားချင်နေပြီလေ...။ ဘယ်ကစရမှန်းမသိသော သူ့အတွက် အခြေနေကောင်းတစ်ခုဖြစ်လိမ့်မည်၊