ခန့်: "ကိုဘုန်းရေ ကိုဘုန်း
ဟင် ဘယ်ရောက်နေပါလိမ့် ခြံနောက်မှာထင်တယ်"
"ဟိတ် ကိုဘုန်း စာအုပ်ဖတ်နေတာလား ဘာစာအုပ်
ကြီးလဲ"
ဘုန်း:"အော် ငယ်လေး ကျောင်းပြန်လာပြီလား
ဆရာဖေမြင့်ရဲ့ စာအုပ်ဖတ်နေတာ ငယ်လေးရဲ့"
ခန့်: "ဒီနေ့ ကျောင်းမှာ အနုပညာအသင်းက ဂီတပိုင်းသင်လိုက်တယ် အဲ့ဒါ ကိုဘုန်းကို သီချင်းဆိုပြမယ်"
ဘုန်း: "ဝိုး ဟုတ်လှချည်လား ကဲ ဘာသီချင်းဆိုပြမှာလဲ"
ခန့်:Charlie Puth ရဲ့ One Call Away ဆိုပြမယ် နားထောင်နော်"🎼🎼🎤🎼🎼
" I'm only one call away
I'll be there to save the day
Superman got nothing on me
I'm only one call away"
🎼🎼🎤🎼🎼ပိုင်လေးသီချင်းဆိုနေသည်မှာ အရမ်းကို နားထောင်လို့ကောင်းသည်။ အသံလေးက ကြည်လင်ချို မြနေသည်။
ခန့်: "ကိုဘုန်း ကိုဘုန်း ဟေ့လူကြီး "
ဘုန်း:" အေ အေး အေး ဘာလဲပြော ငယ်လေး"ကျွန်တော် သူ့သီချင်းဆိုနေတာကို မျောသွားမိသည်။ ခုလည်း ပိုင်လေး ခေါ်တာကို ကျွန်တော် မကြားလိုက်မိ။
ခန့်: " ဘယ်လိုလဲ ကျွန်တော်ဆိုသွားတာ ကောင်းတယ်မလား ကိုဘုန်း"
ဘုန်း: "ကောင်းပါတယ်ဗျာ ကောင်းပါတယ် "
ခန့်: "ဗိုက်တောင်ဆာလာသလိုပဲ လမ်းထိပ်က
အင်ကြင်းပွင့်သွားပီး ခေါက်ဆွဲစားရအောင် ကိုဘုန်း "
ဘုန်း: "အိုခေဗျာ သွားမယ် လာ "ဒီလိုနဲ့ ခြံပြင်ရောက်စဉ်
သဒ္ဒါ: " ကိုကြီးဘုန်းမြတ် ကိုကို သမီးလည်းလိုက်မယ်"
ခန့်:"သဒ္ဒါမ လိုက်ချင်ရင်ပိုက်ဆံယူခဲ့ ကိုယ်စားတာ
ကိုယ်ရှင်း အစားပုတ်မ လူပိန်သလောက်စားတယ်"
သဒ္ဒါ: "အမလေး ပါပါတယ်နော် သွားကြမယ် လာ လာ"
ဆိုင်ရောက်တဲ့အခါ စားချင်တာမှာစားကြပြီးနောက်
ခန့်:"ဟိုဝက်မ ပြန်နှင့် ငါတို့သွားစရာရှိသေးတယ် "
သဒ္ဒါ: "စိတ်ပုတ် အာ့ကြောင့်အရပ်ကမထွက်တာ သွားပြီ ဘလာ ဘလာ "ကျွန်တော်နဲ့ကိုဘုန်း ကစားကွင်းရောက်ကြတဲ့အခါ
ခန့်:"ကိုဘုန်း ကျွန်တော် ကိုဘုန်းကို ပြောစရာရှိတယ်"
ဘုန်း: "ပြောလေ ငယ်လေး ဘာပြောချင်လို့လဲ"
ခန့်:"ကျွန်တော်ပြောတာကို စိတ်မဆိုးပါနဲ့ ၊ ကျွန်တော် ဆက်မြိုသိပ်ထားလို့ မရတော့လို့ပါ ၊ ကျွန်တော် အ
ကြာကြီးမြိုသိပ်လာရလို့ပါ ၊ ဆက်ပီး ဟန်မဆောင်ချင်တော့ဘူး၊ ကျွန်တော် ကိုဘုန်းကို ချစ်...ချစ်တယ်.."
ဘုန်း:" ဘာ ဘယ်လို ဘာပြောလိုက်တယ် ခန့်ပိုင်
ချစ်တယ် ဟုတ်လား မင်းနဲ့ငါက ယောကျာ်းလေးတွေ
လေ နေအုန်း ဒါဆို မင်းက Gay လား ခန့်ပိုင် "
ခန့်:"ကျွန်တော် Gay မဟုတ်ဘူး ကိုဘုန်း အကို့ကို
ချစ်မိတာပဲရှိတာလေ "
ဘုန်း: "တော်တော့ မင်းခန့်မြတ်ပိုင် ဒါသဘာဝနဲ့ဆန့်ကျင်ဘက်ကွ ပတ်ဝန်းကျင်ကလက်မခံဘူးကွ မင်းဘယ်လိုမျိုးပြောထွက်တာလဲ ဟမ် မင်းကွာ မင်း တောက်...မင်းငါ့ရှေ့က ထွက်သွားကွာ သွား "ဘုန်းမြတ်မင်းခန့် ဒေါသတကြီးနဲ့အော်လိုက်တာကြောင့် မင်းခန့်မြတ်ပိုင် အတော်လန့်သွားသည်။ အဲ့ဒီနောက် သူဘုန်းမြတ်မင်းခန့်ရှေ့မှ ထွက်လာခဲ့သည်။ ဘုန်းမြတ်မင်းခန့်အတွေးထဲ၌ ခန့်ပိုင်ကို အော်လိုက်မိတာကို အပြစ်တင်နေမိသည်။ သူလည်း တကယ်တော့ ခန့်ပိုင်ကို စိတ်ဝင်စားနေမိသည်မှာ ကြာပြီဖြစ်သည်။ ရုတ်တရက်ဆိုတော့ ဒေါသထွက် ရှက်ပြီး အော်လိုက်မိခြင်းဖြစ်သည်။ တကယ်တော့ ခန့်ပိုင်က ဦးခေါင်းထဲမှာ အကြိတ်တည်နေသည်။ ခန့်ပိုင် ဆေးကုနေသည်ကို ကိုဘုန်းကိုမပြောပါ။ စိတ်ပူမှာ စိုးရိမ်သည့်အတွက်ဖြစ်သည်။ မိသားစုဝင်တွေပဲ သိကြသည်။
ဘုန်း:" ခန့်ပိုင်နောက် လိုက်သွားမှပဲ လျှောက်သွားနေမှ"
မင်းခန့်မြတ်ပိုင် ခြေဦးတည့်ရာ လျှောက်နေခဲ့သည်။ ထိုစဉ်
"တီ... တီ.... တီ..."ဘုန်းမြတ်မင်းခန့် အပြေးလိုက်လာခဲ့သည်။ ကားလာနေတာကို တွေ့သောအခါ
ဘုန်း:"ငယ်လေး ဘေးဖယ် ပိုင်လေး... "ခန့်ပိုင်တစ်ယောက်ဘာကိုမှမကြားပေ။ခေါင်းငိုက်စိုက်ကျလျက် အတွေးထဲ၌ နစ်မြောနေသည်။
ကားက နီးလာလေသည်။ဘရိတ်မမိ၍ထင်သည် အရှိန်ကပြင်းသည်။ ဘုန်းမြတ်မင်းခန့် ခန့်ပိုင်ကို ဘေးတွန်းလွှတ်လိုက်လေသည်။ကားက တိုက်မိသွားသည်။
"ဝုန်း.....ဒုန်း....ဒုန်း..."ခန့်ပိုင်တစ်ယောက် လဲကျသွားပြီး ပလက်ဖောင်းဖြင့်
ဆောင့်မိသွားသည်။သူ့ခေါင်းမှ ချွဲပျစ်ပျစ် သွေးများစီးကျလာသည်။ ဘုန်းမြတ်မင်းခန့်လည်းအရှိန်ဖြင့် လွင့်ပြီး လဲကျသွားကာ ဦးခေါင်းမှသွေးများထွက်လာလေသည်။ခန့်ပိုင်တစ်ယောက် သွေးများဖြင့်လဲကျနေသော ကိုဘုန်းကိုမြင်ပြီး"ကိုဘုန်း...ကိုဘုန်း...အား...."
အသံကုန် ဟစ်အော်လျက် ပလက်ဖောင်းဖြင့် ရိုက်မိတဲ့ ဒဏ်ရော နဂိုရောဂါအခံရောပေါင်းကာ သူပါ သတိလစ် လဲကျသွားလေသည်။
အခုမှ စရေးကြည့်တာပါ
ရေးချင်စိတ်ပေါ်လာလို့ပါနော် မကောင်းမကန်းလေးပါနော် 😁😍😍😁
YOU ARE READING
ချစ်ခြင်းတို့ဖြင့် သီဖွဲ့သော💖💖
General Fictionဘုန်းမြတ်မင်းခန့် 💖💕 မင်းခန့်မြတ်ပိုင်💖💕