💖❣ချစ်ခြင်းတို့ဖြင့် သီဖွဲ့သော-2❣💖

99 7 3
                                    

သဒ္ဒါနှင်းစက်တစ်ယောက် ဘုန်းမြတ်မင်းခန့်နှင့် သူ့အကို မင်းခန့်မြတ်ပိုင်တို့နောက် သူတို့မသိအောင်
လိုက်လာတာကြောင့် အဖြစ်ပျက်တွေကို အစအဆုံး
မြင်လိုက်ရသည်။ Accidentဖြစ်တာကို မြင်
လိုက်တာကြောင့် အမြန်ပြေးလာပြီး

သဒ္ဒါ: " ကိုကို ကိုဘုန်း လုပ်ကြပါအုန်း ၊ ကယ်ကြပါ
အုန်း ။ ဘာလို့ရပ်ကြည့်နေကြတာလဲ ။ ဆေးရုံကား
ဖုန်းဆက်ပေးကြပါအုန်း မြန်မြန်လေးလုပ်ပေးကြပါ။
လုပ်ကြပါ "

သဒ္ဒါ ပြောလိုက်တော့ အနီးအနားက လူတွေက ဆေးရုံကို ဖုန်းဆက်ပေးသူကပေး ၊ ရှေးဦးသူနာပြု
နည်းနဲ့ သွေးတိတ်အောင် လုပ်ပေးသူကပေးဖြင့် ဝိုင်း
ကူညီပေးကြသည်။ ခဏကြာတော့ ဆေးရုံကား
ရောက်လာပြီး ဆေးရုံပို့ကြသည်။ သဒ္ဒါ လည်း ဆေးရုံကားဖြင့် လိုက်ပါသွားသည်။ ဆေးရုံရောက်တော့ ခန့်ပိုင်ရော ကိုဘုန်းရော ၂ ယောက်စလုံး operation ခန်းကို ပို့ကြရသည်။ သဒ္ဒါနှင်းစက်တစ်ယောက် operation ခန်းရှေ့တွင် တစ်ယောက်ထဲ လူနှစ်ယောက်အတွက် စိတ်ပူပန်စွာဖြင့်
စောင့်နေရသည်။ သဒ္ဒါ ဟိုဘက်ဒီဘက် စိတ်ပူစွာ
လမ်းလျှောက်စောင့်နေစဉ် ကိုဘုန်း၏ အကိုဖြစ်သူ
နေမြတ်မင်းခန့် အပြေးရောက်လာပြီး

နေ: " သဒ္ဒါ သဒ္ဒါ ညီမလေး ဘာဖြစ်ကြတာလဲ ညီ
လေးနဲ့ ညီပိုင်တို့ ဘာဖြစ်ကြတာလဲ ဟမ် သဒ္ဒါ ကို
ကြီး သူတို့ကို ဆေးရုံကားနဲ့တင်လာတာမြင်လိုက်လို့
မြန်မြန်လေး ပြောစမ်းပါ့ ညီမလေး "

သဒ္ဒါ: " ကိုကြီးနေမြတ် ကိုကြီး လုပ်ပါအုန်း အီး..ဟီး..ဟီး... "

နေ: " ညီမလေး သဒ္ဒါ မငိုနဲ့တော့ တိတ် တိတ်
သူတို့ အခု operation ခန်းထဲမှာမို့လား ဆရာ
ဝန်ကြီးတွေ ကုပေးနေတယ်နော် မငိုနဲ့တော့ စိတ်
ငြိမ်ငြိမ်ထားနော် "

သဒ္ဒါကို စိတ်ငြိမ်အောင်ထားရန်ပြောလိုက်သည်။ သို့
သော် ကိုကိုယ်တိုင်က စိတ်ငြိမ်ငြိမ်မထားနိုင်။ စိတ်
တည်ငြိမ်အောင် မနည်းထားနေရသည်။

နေ: " ညီမလေး အိမ်ကလူတွေဖုန်းဆက်အကြောင်း
ကြာပြီးပြီလား "

သဒ္ဒါ: " မဆက်ရသေးဘူး ကိုကြီး အခုဆက်လိုက်
မယ် ဟင့်..အင့်..."

ချစ်ခြင်းတို့ဖြင့် သီဖွဲ့သော💖💖Where stories live. Discover now