YiXingထွက်လာပြီးစားပွဲတွင်ဝင်ထိုင်လိုက်သည် ။ စားစရာများကိုကြည့်ရင်းပြုံးမိသည်။
"ကလေး အများကြီးပဲ ကုန်ပါ့ မလား
ကိုယ်အဲ့လောက်မစားနိုင်ဘူးနော် weightတတ်ရင်ကလေးတာဝန်ယူရမယ်"
ရီရှင်းကပြုံးစိစိလုပ်နေသည်မို့သူမက"ကိုကို ဝလာလည်းကောင်းသားပဲ six packတွေမပြရတော့ဘူး အင်္ကျီကြယ်သီးတပ်တာလုံလုံခြုံခြုံပဲ
ဝတ်ရတော့မှာ ဘယ်လောက်ကောင်းလဲ"
ချစ်ရသူကမျက်လုံးကလေးဝင့်လိုက်ကော်ဖီလေးသောက်လိုက်ပြန်ဖြေ၏။"ဒီလိုချစ်သူမျိုးရထားရတာပဲ ကလေးရုံးကိုတကယ်မသွားတော့ဘူးလား ကိုယ့်ကြောင့်အလုပ်မပျက်စေချင်ဘူး "
"အင်း ငယ် လဲခဏလောက်အနားယူလို့ရတာပဲ တကယ်တော့ ငယ်ဒီနေ့ကလေး ပရဟိတကျောင်းမှာထမင်းကျွေးမလို့စာသင်စရိတ်နဲ့ကျောင်းသုံးစာအုပ်တွေသွားလှူမလို့ ကိုကို ကိုပါလာခေါ်တာ ပြီးရင်ငယ်တို့dateရအောင် "
"ကိုကို ကိုကြိုပြောပါလားငယ်ရယ် ကြိုပြောရင်ကိုယ်လည်းကြိုဝယ်ထားလို့ရတာပေါ့ ကိုယ်ကအခုမှသိရတယ် "
"ကိုကိုတစ်ဝက်ငယ်တစ်ဝက်လေ ကိုကိုကလည်းအတူတူလှူတာပါဆို ငယ်မပြောဖြစ်ဘူးဆိုတာက ကိုကိုအလုပ်တအားရှုပ်နေမှန်းသိလို့ ငယ်ကကိစ္စမရှိဘူး ကိုကိုပြီးရင်သွားရအောင်နော် မြန်မြန်စား "
"အင်းပါ"ကိုကိုကရိုးရိုးရှင်းရှင်းဝတ်ထားရင်တောင်လူကိုရှိန်စေတယ် ရယ်လိုက်ရင်ပါးထဲချိုင့်ဝင်သွားတဲ့ပါးချိုင့်
ကြီးတွေကိုချစ်တယ် နေမကောင်းရင်တောင်သူ့ပရိသတ်တွေစိုးရိမ်မှာစိုးလို့ကြိုးစားပြုံးပြတာမျိုးကိုမကြိုက်
ပေမဲ့ ကိုကိုကအဲ့လိုအလိုက်သိတတ်တာမျိုး
အိပ်ချိန်မမှန်လို့ဆူချင်ရင်တောင်ကိုယ်ကidolဖြစ်ကတည်းကသီချင်းတွေကအရေးကြီးတယ်ပရိသတ်ကိုအမြဲချပြချင်သူမျိုး ကိုကိုကအရမ်းသန့်တာပဲ
ကိုကို ကိုအများကြီးစားစေချင်တာမဟုတ်ဘဲအစားအသောက်အချိန်မှန်စေချင်တာ ဘာလို့ဆို ကိုကိုက သန်းပေါင်းများစွာသောfanတွေရဲ့အချစ်တော် ကိုကိုသာကျန်းမာရေးမကောင်းခဲ့ရင်အားလုံးပူပန်နေရမယ် သူတို့ကအရိပ်တကြည့်ကြည့် ကြည့်နေကြတာ မလား ကိုကိုမျက်နှာကြည့်ရုံနဲ့ တန်းသိနေနှင့်ကြတဲ့ အဖိုးတန်လူသားလေးတွေ မဟုတ်ပေလား
ကိုကိုကလည်းအရမ်းကြိုးစားသလို သူ့ဘဝမှာသူ့ပရိသတ်တွေအတွက်သာ
ကျွန်မအရမ်းပျော်ရွှင်မိသည်ချစ်ရတဲ့ကိုကိုက စိတ်သဘောထားပြည့်ဝပြီးရိုးသားကြိုးစားလို့လေ ထူးချွန်မှုလဲရှိ ကိုကိုဟာဂုဏ်ယူရမှုခညောင်းမှုအပြည့်နှင့်ပေ။
YOU ARE READING
☆love knot ☆
RomanceHappy birthday X'back love you Xing love you EXO LOVE YOU OT9 AND OT12🌟☄🍀☘🍀 ☆Love is Love☆