ဝမ်ရိပေါ်တို့အားလုံး တောင်ပေါ်ကိုတက်ဖို့် အုပ်စုတွေဖွဲ့ပြီးတာနဲ့ စုရပ်မှာ အကုန်စုလိုက်ကြတယ်။တောင်ပေါ်မှာညအိပ်တာဆိုတော့ လိုရမယ်ရ ပစ္စည်းတွေနဲ့တူတူ အိပ်ဖို့ စောင်ကလွဲရင် ကျန်တာက တောင်ခြေမှာရှိတဲ့ hotelထဲမှာပဲ ထားခဲ့ရတယ်။
ရှောင်းကျန့်ကတော့ သူကိုအရေးလုပ်ဖို့မပြောနဲ့ အကြည့်လေးတောင် သူ့ဆီမလာတော့တာမို့
စိတ်ထဲမှာ တမျိုးကြီးပဲ..လွန်ထားတာလည်း သူ့ဘက်ကဆိုတော့ စကားကလည်း ဘယ်ကစပြောရမလဲမသိချေ။ဝမ်ရိပေါ်လည်း တစ်ယောက်တည်း ဖာသိဖာသာနေလိုက်ရင်းမှ အိတ်ထဲထည့်တာတဲ့ ဖုန်းကအသံမြည်လာတာမို့ ထုံးစံအတိုင်း သူ့မားမားပဲထင်ပြီးဖုန်းကိုထုတ်ကြည့်လိုက်တော့ ဟိုတစ်ယောက်မားမားဖြစ်နေတာမို့ ရိုရိုသေသေလေးပြန်ဖြေလိုက်သည်။
"ဟယ်လို..အန်တီရှောင်း"
"ရိပေါ်လေးရေ..အန်တီအကူအညီတောင်းမလို့"
"ဟုတ်"
"ကျန့်ကျန့်လေးကိုစောင်ထည့်ပေးမလို့ဟာကိုမေ့သွားလို့မထည့်ပေးလိုက်ရဘူး...အဲ့တာလေ
သားမားကိုပြောတော့..သားမားကစောင်တထည်ပိုထည့်ပေးလိုက်တယ်တဲ့.အဲ့တာကျန့်ကျန့်လေးကိုပေးပေးပါနော်""ဟုတ်..ဒါပေမယ့်လေ ကျန့်ကျန့်လေးက အခု
သားကိုစိတ်ဆိုးနေ...."ဝမ်ရိပေါ်ကစကားမှမဆုံးသေး တစ်ဖတ်မှ သူ့အမေရဲ့အသံကိုကြားလိုက်တာမို့ မားမားနှစ်ယောက်တူတူရှိနေတဲ့အချိန် ဖုန်းဆက်လိုက်မှန်းသိလိုက်ရပါတယ်။
"နင်ကကျန့်ကျန့်လေးကိုစိတ်ဆိုးအောင်
ဘာသွားလုပ်လိုက်တာလဲ...အခုပြန်ချော့..သူခမျာ
ဘယ်လောက်တောင်အားငယ်နေလိုက်မလဲ""ရိပေါ်အပြစ်မဟုတ်ပါဘူး..ရှောင်းကျန့်ကကိုဆိုးနေတာ..သူ့ကိုအပြန်ရောက်မှဆူရအူန်းမယ်."
"အာ..အန်တီ ကျန့်ကျန့်အပြစ်မဟုတ်ပါဘူး
သားကစလိုက်တာလွန်သွားလို့ပါ..ဒါပဲနော်အန်တီ..
တောင်တက်ရတော့မှာမလို့"ဝမ်ရိပေါ်က ရှောင်းကျန့်ကိုဆူမှားစိုးတာမို့ဘအလျင်အမြန်တားလိုက်ရင်း ဖုန်းချလိုက်တယ်။နို့မို့ဆို စကားတွေအများကြီးပြောရင် အမှားတွေ ပါသွားနိုင်တယ်လေ။