ညနေခင်း၄နာရီ ယောကျာ်းစီး ပြိုင်ဘီးလေးနဲ့ အိမ်က
မောင်လေးကို ရှေ့ဘားတန်းမှာတင်ရင်း ၃လမ်း ၄လမ်း ၁ပတ် နေတိုင်း စက်ဘီးပတ်စီးဖြစ်တယ်.ဓမ္မာရုံရှေ့ကနေဖြတ်ဖြတ်ပြိးစီးနေကျ
စီးတိုင်းလည်း ခြင်းခတ်နေတဲ့ ကောင်လေးအုပ်စု၁စု
ကအမြဲရှိတယ် .အုပ်စုထဲကကောင်လေးတွေက အသက်တွေကမတူကြဘူးတစ်ယောက်ကို၁နှစ်၂နှစ်လောက်ကွာမယ့်ပုံလေးတွေ အဲ့အုပ်စုထဲက ကောင်လေးတစ်ယောက်ရဲ့နာမည်ရောရုပ်ကိုရောကိုယ်ကသိနေတယ်.
သူကတော့ကိုယ့်ကိုမသိလောက်ဘူး
တတ်တဲ့ကျောင်းကလည်းမတူ ကိုယ်က အလယ်တန်းကျောင်း သူကအထက်တန်းကျောင်းမှာ.သိတဲ့နာမည်ကလည်း အိမ်ခေါ်နာမည်ပါပဲ "ဦးတည်ပွား"တဲ့ နာမည်နဲ့လူနဲ့ကတော့တခြားစီပါ.လူကခမ်ပိန်ပိန် အသားဖြူဖြူလေး .သူကကိုယ့်အိမ်နောက်ဘက် တစ်အိမ်ကျော်မှာနေတာ.
သူ့အဘွားနဲ့ကိုယ့်အမေက ရင်းနှီးကြတယ်.ဒါကြောင့်
အိမ်နာမည်တွေဘာတွေသိနေတာ.ခြင်းခတ်နေတဲ့ ဘေးမှာ ကောင်မလေး ၂ယောက် ကအမြဲ တစ်ခုခု ကစားနေတယ် .ဇယ်တောက်တာဖြစ်ဖြစ်
ဂေါ်လီရိုက်တာဖြစ်ဖြစ်.အဲ့ရှေ့ကဖြတ်သွားတိုင်း သူတို့တွေနဲ့အကြည့်ချင်းအမြဲ
ဆုံအောင် လုပ်တယ် .အကြောင်းက ကိုယ်လည်းသူတို့နဲ့ ကစားချင်လို့....၁နေ့ကျတော့ ဓမ္မာရုံရှေ့ရောက်တော့ မောင်လေးက
"ဟဲ့ စက်ဘီး ခဏ ရပ် "ဆိုပြီး အတင်း ရှေ့ ဘရိတ်ကြီးဆွဲညစ်တယ်.အဲ့အချိန် ခြင်းခပ်တဲ့အဖွဲ့ကဆက်ခပ်နေတယ် ဒီဘက်ကိုအဖတ်တောင်အလုပ်ဘူး ထိုင်ဆော့နေတဲ့ ကောင်မ
လေး၂ယောက်ကတော့ ကိုယ်တွေဘက်ကိုကြည့်နေပြီးအကဲခတ်နေတယ်"ဟဲ့ဘာလုပ်ဖို့ရပ်ခိုင်းတာလဲ " စက်ဘီးပေါ်ကနေ
ခြေထောက်ရပ်ပြီး မေးလိုက်တယ်."နင်သူတ်ု့နဲ့မကစားချင်ဘူးလား" တဲ့ ကိုယ် ခဏ တွေ
ဝေသွားပြီ ခြင်းခပ်နေတဲ့ အုပ်စုထဲ တစ်ယောက်လှမ်း
ကြည့်ရင်း
YOU ARE READING
See you again
RomanceBase on true story but shot one and about childhood sweet heart