Become Bosom For You

54 1 0
                                    

"သခင်​လေး သွားဖို့ အဆင်သင့်ဖြစ်ပါပြီ"

အ​ပေါ်​အောက် အမည်းဖြင့်
ကုတ်အင်္ကျီ ကို ဝတ်ဆင်ထားကာ
ကားပြင်ဘက်သို့ ထွက်လာ​ပေ၏။

ထိုသူကား...မြင်သူတကာ ​ကြောက်ရွံ့တုန်လှုပ်ရတဲ့
အ​မှောင်​လောကတဝှမ်း နာမည်ကြီးသူ ​သူရိန်​မောင်
"သခင်​လေ လက်ဆက်ဖို့ သင့်​တော်တဲ့​ယောကျာ်း​လေးတစ်ဦးကို ရှာဖို့ အောက်မှာလူလွှတ်ထားပါတယ်။​​ပျော်ရွှင်စရာ ခရီးဖြစ်ပါ​စေ သခင်​လေး။"

အပိုစကား ​တွေမကြားချင်​​တော့​သော​ကြောင့်
"ကိစ္စသာ ပြီး​အောင်ဖြတ်ခဲ့!" ဟု ​ပြောလိုက်​လေသည်

"ဟုတ်ကဲ့ ပါ သခင်​လေး။
..
သွားကြစို့ "

....

ကိုယ့်အတွက် သီးသန့်​ဆောက်​ပေးထား​သော
စင်မြင့်​ပေါ်က​နေ တန်​ဆောင်တိုင် မီးပုံးပျံပွဲကိုလှမ်းကြည့်လိုက်မိ၏။

​ယောကျာ်းလေးချင်း လက်ဆက်ရမည်ဟု ဘယ်တုန်းကမှ မ​တွေးချင်ခဲ့။ ဖခင်ဖြစ်သူ၏ တိုက်တွန်းမှု​ကြောင့်
တဖန် မူးယစ်ဂိုဏ်းများရဲ့ ထိုးနှက်မှု​ကြောင့်သာ။
ဘယ်လို​ကောင်​လေးကများ သူ့နှလုံးသားထပ်မံ၍
​ခြွေချနိုင်လိမ့်မည်နည်း။ ခံစားချက်ရှိလျက် မာ​ကြော​အေးစက်​သော သူ့စီ​ရောက်လာမည့် သူကို စိတ်ပါဝင်စား​စွာစောင့်ဆိုင်းလျက်..

မီးပုံးများတလူလူတက်​နေသည့်ကြားမှ..

သူရိန်​မောင် အတိတ်ကို​တွေး​တောမိ၏

ဒီလို ညတညက​ပေါ့

"​မောင်! ​မောင်လို့"

"ဗျာ ဗျာ့ ​ပြောပါ ကိုယ့် သခင်​လေး"

" ခစ်ခစ် ခန့်တို့ မီးပုံး​သေး​သေး​လေး လွှတ်ရ​အောင်​နော် ​နော်"

နှာ​ခေါင်းထိပ်​လေးအား ဖွဖွ​လေးညှစ်လိုက်ရင်း

"​နော်ဘူး ​နေ​​ကောင်းရင် တူတူလွှတ်မယ် ကြားလား ​သခင်​လေး။ ​လေးစိမ်း​တွေနဲ့​တောင် ဆရာဝန်က အထိခံတာမဟုတ်ဘူး"

"ခန့် တစ်ခု​လောက် လွှတ်ချင်လို့ပါ​နော် ​မောင်"

"ဒါဆို ​နေ​ကောင်း​အောင်​နေ​လေ၊ နှာ​ခေါင်းကဖြင့် နီတွတ်​နေပီ။ ဒီလူ့အိတ်ထဲလက်ထည့်ထား။ ပီးရင် ဟိုဘက်​လက်​ပေး လက်အိတ်ဝတ်​ပေးမယ်။ ဒီက သခင်​လေး ရဲ့ အသား ကို ဘယ်သူ့မှအမြင်မခံနိုင်ပါဘူး​​နော်။ ခန့် လူရှင်းတဲ့​နေရာသွားရ​အောင် ဟုတ်ပီလား"

Become Bosom for YouWhere stories live. Discover now