"ဘာ့ကြောင့်လဲ.. ဘာ့ကြောင့် ငါ့မှ ဒီလိုဖြစ်ရတာလဲ"
မင်ယွန်းဂီတစ်ယောက် လက်ထဲက ဆေးစစ်စာရွက်ကိုကြည့်ပြီး မကျေမနပ်ရေရွတ်မိသည်။
ကျွန်တော် မင်ယွန်းဂီက ဒီကင်မိသားစုရဲ့ တရားမဝင်သားတစ်ယောက်ပါ။
ဒီOmegaverseကမ္ဘာတွင် မျိုးရိုးမြင့်Omegaများက အဖိုးတန်ကျောက်မျက်ရတနာများလို တန်ဖိုးထားခံရပြီး မျိုးရိုးနိမ့်သူများက လိင်ကျွန်သာသာ ကလေးမွေးစက်လိုသာ ဆက်ဆံခံရသည်။ Alphaများကတော့ ပြောစရာမလိုတဲ့ ကြီးကျယ်မြင့်မြတ်သူများပေါ့။
ကျွန်တော့်အမေ မစ္စမင်က ကျွန်တော့်အဖေ မစ္စတာကင် ဆာလောင်မှုရဲ့ အသုံးတော်ခံဖြစ်ခဲ့ရတယ်။ မျိုးရိုးနိမ့်တဲ့Omegaမို့လို့ ကျွန်တော်တို့ သားအမိကို အသိအမှတ်မပြုတဲ့အပြင် အမှားတစ်ခုလို သဘောထားပြီး စွန့်ပစ်ခဲ့ကြတယ်။
ကျွန်တော်၅နှစ်သားအရွယ်မှာ ကျွန်တော့်အမေ မစ္စမင်က ကျွန်တော့်ကို တစ်ယောက်ထဲထားခဲ့ပြီး လောကကြီးထဲက ထွက်ခွာသွားခဲ့တယ်။ ကျွန်တော့်အမေရဲ့ ဈာပနမှာ ကျွန်တော့်အဖေဆိုတဲ့ မစ္စတာကင်ရောက်လာပြီး သူ့ရဲ့ကင် အိမ်တော်ကို ခေါ်သွားခဲ့တယ်။
အိမ်ကြီးထဲမှာတော့ ကျွန်တော်က လက်တို့လက်တောင်း ခိုင်းဖက်ပေါ့။ နေစရာ နေရာပေးတယ်။ အဝတ်အစားဆင်ပြီး ကောင်းကောင်းကျွေးမွေးထားတယ်။ ကျောင်းလည်းထားပေးတယ်ဆိုပေမယ့် အစ်ကိုကြီးနဲ့ ယောင်းငယ်လေးလို နာမည်ကြီးကျောင်းမှာတော့ဘယ်ဟုတ်မလဲ။
ကျွန်တော်ကို ကျွန်တော့်Appa မစ္စတာကင်က အရိပ်လိုမျိုးလစ်လျူရှုပြီး မစ္စကင်နဲ့ အစ်ကိုကြီး ကင်ဆော့ဂျင်တို့ကတော့ ရွံစရာကပ်ပါးကောင်လို ဆက်ဆံကြတယ်။
ကျွန်တော့်ကို နွေးနွေးထွေးထွေးနဲ့ ကြင်ကြင်နာနာဆက်ဆံတာဆိုလို့ အိမ်တော်ထိန်းကြီးနဲ့ ယောင်းငယ်လေးလိုခေါ်တဲ့ ကင်ထယ်ယောင်းတို့ပဲရှိတယ်။
အခုဆေးစစ်ချက်တွေ ထွက်လာပြီမို့လို့ ဧည့်ခန်းထဲမှာ ပျော်ရွှင်နေပုံအရ အစ်ကိုကြီးက Alphaဖြစ်ပုံပေါ်တယ်။
ESTÁS LEYENDO
Be Mine (Unicode & Zawgyi)