Part 1(zawgyi)

341 20 1
                                    

" ဟဲ့ ဝမ်ရိပေါ် လာစမ်းပါဦး အမလေး ဒီနေ့ကျောင်းက result ထွက်တာမလား ပြစမ်းပါဦး မပြောပဲ အခန်းထဲ တန်းဝင်မလို့မလား ငါနင့်အကြောင်းတွေ သိလွန်းလို့ ခက်နေပြီ"

ဟုတ်ပါသည် ဒီနေ့ ရိပေါ်တို့ကျောင်းမှ result ထွက်သည်။
ထုံးစံအတိုင်း ရိပေါ်က red line အနီးမှာပဲဝေ့နေသည်။ မားမားက ရိပေါ်ကို ဒီတစ်ခါ အဆင့်တက်မလာလျှင် ပေကျင်းက အစ်ကိုရှောင်းကျန့်ဆီ သွားနေခိုင်းမယ် ဟုပြောထားသည်။
ရိပေါ်မသွားချင်ပါ ဒီမှာပဲ အိပ်လိုက် စားလိုက် game ဆော့လိုက်ပဲ နေချင်သည်။
သူများဆီမှာ သွားနေရတာ စိတ်ကျဉ်းကြပ်မှာပေါ့။
တကယ်တော့ သူများလို့ပြောရအောင်ကလည်း သူစိမ်းမဟုတ်ပေ။
အစ်ကိုရှောင်းကျန့်ရဲ့မားမားက ရိပေါ်ကို အရမ်းချစ်သည်။
မားမားယွီက ရိပေါ်တို့ ဘေးအိမ်မှဖြစ်ပြီး မားမားယွီက ရိပေါ်လို သွက်သွက်လက်လက်နဲ့ စကားများတဲ့ ကလေးလေးကို သိပ်ချစ်တာတဲ့။
ရိပေါ်လည်း မားမားယွီကို သိပ်ချစ်ပါသည်။
ရိပေါ်မားမားက ဆူရင် မားမားယွီရဲ့ အိမ်ကို သွားတယ် အဲ့မှာပဲ ထမင်းစား ညအိပ်ပြီး မားမား စိတ်ဆိုးပြေလောက်မဲ့အချိန်မှ ရိပေါ်က ကိုယ့်အိမ်ကို ပြန်သည်။
ဒါပေမယ့် ရိပေါ်က အစ်ကိုရှောင်းကျန့်နဲ့တော့ မရင်းနှီးပေ။
အစ်ကိုရှောင်းကျန့်က ရိပေါ်ထက် ခြောက်နှစ်ကြီးတယ် ပြီးတာ့ လူငယ်ဖြစ်ပြီး တအားစည်းကမ်းကြီးတယ် စာလည်းတော်သေးတယ် ရုပ်လည်းချောတယ် အရပ်လည်းရှည်တယ် ပေကျင်းတက္ကသိုလ်က စကော်လာကျောင်းသား ဝါး အားကျချင်စရာတွေကြီးပဲ
ဒါပေမယ့် ရိပေါ်လို အသားမဖြူပေ ဟားဟား အဲ့တစ်ခုတော့ ရိပေါ်ကသာတယ်။
မားမားဆို အစ်ကိုရှောင်းကျန့်ကို တအားသဘောကျသည်။
ရိပေါ်ကို အစ်ကိုရှောင်းကျန့်လိုမျိုး လူရည်ချွန်ဖြစ်စေချင်သေးတာတဲ့။

"မားမား သား ပေကျင်းကို မသွားလို့ မရဘူးလားဟင်"

"မရဘူး"

"မားမားကလည်း သားက နောက်နှစ်မှ အထက်တန်းစတက်မှာလေ ငယ်ငယ်လေးပဲရှိသေးတာကို မိဘဆွေမျိုးမရှိတဲ့ဆီမှာ မျက်နှာငယ်လေးနဲ့ သူများအိမ်က ကပ်နေရဦးမယ်"

"အမလေး အခုမှ အတော်တတ်နေပါ့လား ဝမ်ရိပေါ်ရဲ့ ကျောင်းက တရုတ်စကားပြေတောင် အဲ့လောက်ဖြေခဲ့ရဲ့လား"

Follow his feelingWhere stories live. Discover now