Part 2(unicode)

160 8 0
                                    

ဒီနေ့က ဝမ်ရိပေါ်ကို ကျောင်းလိုက်အပ်ပေးရမည် ဖြစ်သည်။
အဲ့နေ့က လူကြီးတွေပြန်သွားတော့ သူ့အတွက်ပေးထားတဲ့အခန်းထဲ ဝင်သွားပြီးငိုနေတာ ညနေစောင်းအထိပဲ ညစာစားဖို့ သွားခေါ်တော့ မျက်လုံးတွေ ဖောင်းအစ်ပြီးပါလာတယ်
အိမ်ကို လွမ်းလို့လားမေးတော့
" အိမ်ကိုလွမ်းတာထက် အစ်ကိုရှောင်းကျန့်နဲ့ နေရတာ ကြောက်လို့"ဟုပြောသည်။

"အမှားလုပ်တဲ့သူမှ ကြောက်ရမှာပေါ့" လို့ ကျွန်တော်ပြောတော့

"အခုမလုပ်ပေမယ့် နောက်လုပ်မိရင် အစ်ကိုရှောင်းကျန့်က ရိုက်မှာစိုးလို့"တဲ့ ချစ်ဖို့တော့ကောင်းသည်။
အလိုလိုက်လို့တော့ မဖြစ်ဟု ခံစားမိတယ်။

အဲ့ကလေးက အခုထိကျောင်းမတက်ရသေးတာ့ စားလိုက် အိပ်လိုက် gameဆော့လိုက်ပဲ မနက်စာဆို ကျွန်တော်ပြင်ပေးတာ စားတယ် နေ့လည်ဆို ကျွန်တော်က ပြင်ပလက်တွေ့ခန်းမှာ ကျောင်းနဲ့ ပတ်သတ်တဲ့ project တွေ သွားလေ့လာတော့ သူက delivery နဲ့ မှာစားတယ် ညစာကတော့ တစ်ခါတစ်လေ ကျွန်တော်ဝယ်လာတယ် ဝယ်မလာတဲ့ ရက်ဆို သူက ကူလုပ်ပေးပြီး ကျွန်တော်က ချက်ပေးတယ်။
နည်းနည်းပါးပါးတော့ အလိုက်သိပါတယ်။
အိမ်မှာ တစ်ယောက်တည်းနေခဲ့ရတော့ တစ်ခါတစ်လေ သူပျင်းနေကြောင်းပြောပြတယ်။
သူကို မြို့ထဲ လျှောက်ပတ်လိုက်ပို့ပေးဖို့ မဝံ့မရဲတောင်းဆိုတတ်တယ်။
ကျွန်တော်ကတော့ လိုက်မပို့ဖြစ်ဖူး သက်သက်အချိန်ကုန်တဲ့ အလုပ်တွေလို့ထင်လို့
အဲ့အခါကျရင် စူပုတ်ပုတ်နဲ့ အခန်းထဲပြန်ဝင်သွားတာပါပဲ

"အစ်ကိုရှောင်းကျန့် ကျွန်တော် လိုအပ်တာတွေ အကုန်ပြင်ဆင်ပြီးပြီ Form တင်ဖို့ ဓာတ်ပုံပဲလိုတော့တာ"

"လမ်းမှာ တစ်ခါတည်း ဝင်ရိုက်သွားမယ်လေ"

"ဟုတ်"

================================

ဓာတ်ပုံထွက်လာလို့ ကြည့်လိုက်တော့ passport လို ပုံမှာတောင် အဲ့ကလေးက တကယ်ချောပါသည်။
အထက်တန်းနှစ်တော့ ကောင်မလေးတွေနဲ့ ရှုပ်နေမှာ စိုးရသည်။
တက္ကသိုလ်ဝင်ခွင့်အတွက် အရေးကြီးတဲ့နှစ်တွေလေ

ကျောင်းအပ်ဖို့ form ဖြည့်မယ်ဆိုတော့ သူ့လက်ရေးက သိပ်မလှပေ
ကျွန်တော်ပဲ ဖြည့်ပေးလိုက်ရတယ်

Follow his feelingWhere stories live. Discover now