အချစ်ဦး

11.1K 913 45
                                    

[Zawgyi]

သေချာပေါက် ပြောချင်ခဲ့တဲ့ စကားရှိခဲ့သည်။

သဘောကျနေတယ်ထင်တယ်လို့။ ပထမဆုံးတွေ့ဖူးချိန်က စီးကရက်တစ်လိပ်ချေးရင်းနဲ့ မီးညှိပေးပါလို့ ပြောခဲ့တုန်းက။ မဟုတ်သေးဘူး..  ပြစ်ဒဏ်ပေးခံရလို့ ကျောင်းဝန်းကျင် သန့်ရှင်းရေးလုပ်ရတဲ့အချိန်တုန်းက ကျောင်းဆေးခန်းထဲမှာ အိပ်နေတဲ့ မင်းကို ပြတင်းပေါက်အလွန်ကနေ မြင်ခဲ့တဲ့အချိန်တုန်းက။ အဲ့တာလဲမဟုတ်သေးဘူးထင်တယ်။ အတန်းခေါင်းဆောင်အဖြစ် မင်း အရွေးခံရပြီး အတန်းကိုယ်စားပြုအဖြစ် သဲတွေဖုန်တွေကြားထဲ ပထမနေရာကနေ အပြေးပြိုင်နေတဲ့ မင်းကို ငါ ကြက်သေသေပြီး ကြည့်နေမိခဲ့တုန်းက။ အဲ့အချိန်တွေကတည်းက။ မင်း ငါ့ကို မသိသေးခင်ကတည်းက။ ငါ တစ်ယောက်တည်း မင်းကို သိနေခဲ့တဲ့ အချိန်တွေကတည်းက။ မင်းကတော့ ဘာတစ်ခုမှ မသိခဲ့တဲ့အချိန်တွေကတည်းက။ သဘောကျနေတယ်ထင်တယ်... မင်းကို ငါ သဘောကျနေတယ်ထင်တယ်။ ဘယ်လိုလုပ်ရမလဲ။ တကယ် အများကြီး သဘောကျနေမိပြီထင်တယ်။

စဉ်းစားထားသော စကားတွေ ဘာတစ်ခုမှ နှုတ်ခမ်းအပြင်သို့ ထွက်မလာနိုင်ခဲ့ပါ။ ဘာမှထပ်မပြောတော့တဲ့ ရှောင်းကျန့်ကိုကြည့်ပြီး ဝမ်ရိပေါ်က တစ်ခုခုကို သိနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ နောက်ဆုံးအနေနဲ့ ထပ်မေးသည်။

"ပြောစရာစကား မရှိတော့ဘူးလား"

သူ ဒီအတိုင်းသာ ရယ်ပြလိုက်မိသည်။

"တကယ် မရှိတော့ဘူးလား"

ဘာမှထပ်မပြောတော့တဲ့ သူ့ကိုကြည့်ပြီး ရိပေါ်က ကျောခိုင်းပြီး ထွက်သွားသည်။

"ဂရုစိုက်ဦးနော်"

ရှောင်းကျန့်ဆီက ထွက်လာတဲ့ နောက်ဆုံးစကား။ ရိပေါ်က နောက်တောင် လှည့်မကြည့်တော့ဘဲ ခေါင်းညိတ်ပြသည်။ ရှောင်းကျန့် မျက်ရည်များကျလာသည်။ အသံမထွက်အောင်တော့ ကြိတ်ပြီး သည်းခံထားပေမယ့် မျက်ရည်တွေကတော့ တစ်ပေါက်ပြီးတစ်ပေါက် ဆက်တိုက်ကို ကျလာသည်။ နောက်ဆုံးအချိန်ထိ ရိပေါ်ဟာ နောက်လှည့်မကြည့်ခဲ့။ ဘာမှဆက်မပြောပေးလို့ တော်သေးတာပေါ့.. နောက်လှည့်မကြည့်ပေးလို့ တော်သေးတာပေါ့လို့ တွေးမိသည်။ ရိပေါ် တက်သွားတဲ့ ကုန်တင်ကားရဲ့ အင်ဂျင်နှိုးသံကြားရပြီး ဟိုး အဝေးကြီးသို့ ထွက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုအခါမှသာ သူ အသံထွက်ပြီး ကျယ်လောင်စွာ အော်ဟစ်မိသည်။

What I wanted to Say | yizhanWhere stories live. Discover now