Except_Him 9

1.3K 190 32
                                    

Zawgyi
#KaiHun #Sekai

တဖြေးဖြေးကောင်းကောင်းကြီးထွားလာတဲ့ ပန်းပင်လေးတွေကို ကြည့်ရင်း ဆယ်ဟွန်းပြုံးနေမိသည်။
ပန်းစိုက်တာကို သူဝါသနာပါလှတာမဟုတ်သလို၊
မေမေပန်းစိုက်ရင်တောင် နည်းနည်းလေးမှ သူစိတ်မဝင်စားခဲ့။ အခုတော့ တစ်ယောက်သောသူအတွက်
ပန်းပင်လေးတွေကို စိတ်ရှည်လက်ရှည်ပြုစုတတ်နေပြီ။
သူစိုက်သမျှပန်းပင်တွေဟာ ကိုကို့အတွက်သာရည်ရွယ်ပါသည်။

'လှလှလေးပွင့်လာပေးပါ '

ကိုကို့ကိုသဘောကျသည့်အချိန်တည်းက ပန်းပင်တွေကို
သူစကားပြောတတ်လာသည်။ ပန်းပင်တွေရဲ့အကြောင်းကို
လေ့လာမိလာသည်။ ပန်းမကြိုက်သော်လည်း ပန်းတွေကို
ချစ်သူ ကိုကို့ကြောင့် သူဟာပန်းပင်တွေကိုစိတ်ဝင်စားလာ
တော့တာပဲ။

'ကိုကိုနဲ့တူတူကျောင်းသွားရရင်ကောင်းမှာပဲ '

ကိုကို့ရဲ့အခန်းရှေ့ကဖြတ်လျှောက်မိချိန် တစ်ကိုယ်တည်းရေရွတ်မိသည်။ ဒါပေမဲ့ဒီအချိန်ကသိပ်စောနေသေးတယ်။ သူကသာပြိုင်ပွဲရှိလို့ ကျောင်းကိုစောစောရောက်အောင်သွားရမှာ။ကိုကိုကျောင်းသွားဖို့ကတော့ စောလွန်းနေသေးသည်။
ပြိုင်ပွဲပြီးမှ ကိုကိုနဲ့အတူတူကျောင်းသွားမယ်လို့တေးထားလိုက်ပြီး
ဆယ်ဟွန်းခပ်မြန်မြန်ပဲထွက်လာခဲ့လိုက်သည်။

ကျင့်သားရနေသည့်အတိုင်း ကိုကို့ကို မနက်ခင်းနှုတ်ဆက်စာပို့ထားခဲ့ပေမဲ့ ကိုကိုကတော့သူ့ပို့စာတွေကို လျစ်လျူရှုထားတုန်းပါပဲ။
ကိုကိုနဲ့သူအနီးဆုံးမှာရှိနေတယ်လို့ထင်ရပေမဲ့ တခါတလေကျတော့လည်း ကိုကိုကသူ့ကိုတွန်းထုတ်နေ
တယ်၊ လျစ်လျူရှုနေတယ်လို့ထင်မိပြန်သည်။

လူတစ်ယောက်ကို သဘောကျမိရင် တဖြေးဖြေးလောဘကြီးလာတာ သဘာဝပဲပေါ့။
ကိုကိုနဲ့ရင်းနှီးနေသည့်တိုင် သူနဲ့ကိုကို့ကြားမှာ အလွှာတစ်ခုရှိနေတယ်လို့ခံစားမိနေတုန်းပဲ။ ကိုကို့ကိုပိုင်ဆိုင်
ချင်စိတ်မရှိပါဘူးဆိုပြီး ကိုယ့်လောဘကိုချိုးနှိမ်ထားပေမဲ့လည်း ကိုကို့အတွက်သူ့ရဲ့
စိတ်ရင်းမှန်ကတဖြေးဖြေးကြီးထွားလာနေပြီ။

Except_Him[KaiHun]Where stories live. Discover now