Part 2

10.5K 266 1
                                    

နှင်းဆီ မိုးစက်

အပိုင်း (၂)

#နှင်းဆီမိုးစက်

"Thank You ကိုမိုး..."

"Congratulation Cherry"

"အဟွင်း....ကိုမိုးသာ မကူရင် ချယ်ရီလည်း ဘာမှ လုပ်တက်မှာမဟုတ်ဘူး..."

"မဟုတ်တာ...."

"တကယ်ပြောတာ ...ဒါနဲ့ ပြန်တော့မှာလား.."

မိုးစက် လော့ဂတ်တွေ အစီအရီချထားတာ တွေ့တော့ ချယ်ရီက မျက်လုံးလေး ပြူးရင်း အံသြကာ မေးတော့သည်..။

လော့ဂတ်ဘေးက ကျောပိုးအိတ်ကို ဇစ်ပိတ်ပြီး ခေါင်းကိုလည်း တစ်ဆက်တည်း ညိတ်ပြ လိုက်ရသည်..။

"ချယ်ရီတို့နဲ့ တူတူ ပြန်လည်း ရရဲ့သားနဲ့.."

"ကို လက်ခံထားတဲ့ အလုပ်တွေ ရှိသေးလို့ပါ.."

"အင်းပါ...အင်းပါ..."

ချယ်ရီက ခပ်ဆောင့်ဆောင့် ခေါင်းညိတ်လိုက်ပြီမို့ မိုးစက် ပြုံးရင်း လိုအပ်တဲ့ စာရွက်စာတမ်းတွေပါ တစ်ခါတည်း စစ်ဆေးလိုက်သည်..။

အိမ်ပြန်ရောက်တာနဲ့ အလုပ်တွေက တန်းစီ ကြိုလင့်မှာ သိနေတော့ သက်ပြင်းတစ်ချက် ခိုးချမိသည်..။

ခြူးကို အံသြစေချင်လို့ ပြန်မဲ့ ရက် တစ်ရက်နောက်ကျပြောထားပြီး ပြန်လာခဲ့လိုက်သည်..။

အခန်းထဲမှာ ပစ္စည်းတွေ ချပြီးတာနဲ့ ရေချိုး အ၀တ်အစားလဲကာ ခြူးအတွက် လက်ဆောင်တွေ ပို့ပေးဖို့  တစ်ခါ ပြန်ထွက်လာခဲ့သည်.။

ခြူးတို့ အိမ်၀ကို ရောက်တာနဲ့ ကောင်မလေး တချို့ရယ်သံကြောင့် အိမ်မှာ သောင်းကျန်းနေကြပြီဆိုတာ အလိုလို သိလိုက်သည်.။

"ဟယ်...ကိုကို..."

"အဲ...အဲ....ကြည့်ဦး...နင်ရှုံးတာ ဘယ်ပြေးမလို့လည်း.."

"နေပါဦး..ကိုကို ပြန်လာပြီ..."

ခြူး သူငယ်ချင်းတွေက လက်ကို လှမ်းဆွဲပေမဲ့ ရုန်းကန်ပြီး ပြေးလာတော့ မိုးစက် ပြုံးရင်း ကြိုဆိုလိုက်သည်..။

"ကိုကို ပြောတော့ မနက်ဖြန်မှဆို.."

"ဘေ့ ကို အံသြ သွားစေချင်လို့လေ..."

နှင်းဆီမိုးစက်Where stories live. Discover now