"ကလောက်"
ူ့Senceရိုက်ပြီး ခနနားရတာမို့ ကျတော် အဝတ်လဲတဲ့ကားထဲက ခုံတစ်ခုံမှာထိုင်ပြီး အနောက်ကိုနည်းနည်းလှန်ကာ မျက်လုံးမှိတ်နားနေစဉ် ကားတံခါးဖွင့်သံကြားလိုက်ရပြီးလူတစ်ယောက်ဝင်လာတာကို ခံစားမိလိုက်ပေမယ့် မျက်လုံးမဖွင့်မိ
Staffတစ်ယောက်ထင်တယ်"Senceက ပြန်စတော့မှာလား လာခဲ့မယ်လို့ ဒါရိုက်တာကြီးကို ပြောပေးနော် အကိုမျက်စဉ်းခတ်ပြီးလာခဲ့မယ်"
ပြောရင်း သူမျက်လုံးမဖွင့်ဘဲ လက်တစ်ဖက်နဲ့ဘဲ ရှေ့ခုံက ပိုက်ခြင်းလေးထဲမှာထည့်ထာသည့် မျက်စဉ်းဆေးဘူးကို လှမ်းစမ်းလိုက်သည် စမ်းသည် စမ်းသည် မတွေ့ ငါမနက်ကဒီထဲဘဲထည့်ထားတာပါ
"ခွိခွိ "ဘေးနားကနေ တိတ်တခိုးရယ်သံကြားလိုက်ရတာမို့ ရှောင့်ကျန့်မျက်လုံးဖွင့်ကြည့်မိတော့ သူ့မျက်လုံးလေးထဲကို ကျလာသည့် မျက်စဉ်းနှစ်စက်
"တော်ပြီလား ကော"
"ဟင် လောင်ဝမ် ဘယ်လိုရောက်လာတာလဲ"
"နေနိုင်တဲ့သူတွေက နေနိုင်ကြပေမယ့် မနေနိုင်တဲ့ ကျတော်ကဘဲ လာတွေ့ရတာပေါ့"
"ကောမှာ ရှုတင်ရှိတာ လောင်ဝမ်လည်းသိနေတာဘဲ ရှုတင်ပြီးမှ ကောကဖုန်းဆက်မလို့ပါ ဒါနဲ့ လောင်ဝမ်လည်း ရှုတင်ရှိတယ်မလား ဒီကိုဘယ်လိုလုပ်""ပြီးသွားပြီ မြန်မြန်ဖြတ်လာခဲ့တာ ကောကိုတွေ့ချင်လို့ "
"အင်း မင်းကိုတော့မနိုင်တော့ဘူး ဒါပေမယ့်ကောအခု ရှုတင်ပြန်စတော့မယ်ထင်တယ် သွားရတော့မယ်"
"မစသေးပါဘူး ကျတော် ရိုက်ကွင်းတစ်ဖွဲ့လုံးအတွက် မုန့်တွေဝယ်လာခဲ့တယ် အဲတာ ဝါးတီးနေကြလေရဲ့😅"
"မင်းးးးး ထပ်လုပ်ပြန်ပြီ လောင်ဝမ် ပိုက်ဆံတွေကုန်နေမှာပေါ့"
"ဒီလောက်လေးနဲ့ ဘာဖြစ်သွားမှာမို့လဲ မေ့နေပြီလားဟင် ကောကောင်လေးက ဝင်ငွေအကောင်းဆုံး Actorတွေထဲက တစ်ယောက်ဆိုတာကိုလေ"
YOU ARE READING
😍Hidden Love between us😍
RomanceZhan Geနဲ့ Wang Yibo တို့အကြောင်းကို စိတ်ကူးပေါက်သလိုရေးသွားမယ့် Oneshotsလေးတွေ စုစည်းထားတဲ့Ficလေးပါ