"လွမ်းတယ်"
ဖုန်းကိုင်ကိုင်ခြင်းမှာ လေလှိုင်းကြားကနေ နားထဲကိုစီးဝင်လာသော ခလေးအသံလေး
ချက်ချင်း စိတ်ထဲမှာစို့နင့်လာပြီး ခံစားချက်တွေက မျက်ဝန်းအိမ်မှာ ငွေ့ရည်လာဖွဲ့သည်
"ကော...ကောလည်းအတူတူပါဘဲ Babe"
တုန်ရီစွာ ပြောအပြီးမှာ ပါးပြင်ထက် မျက်ရည်စက်လေး ခုန်ဆင်းလာသည် နားထဲမှာလည်း ငိုရှိုက်သံလေးကြားလိုက်ရသည်"မကြာတော့ပါဘူး ကောတို့ နီးစပ်ဖို့ အခွင့်ရေးရတော့မှာပါ အားတင်းထားပေးနော် Babe"
လူကြီးဖြစ်တဲ့သူတောင် ဒီလောက်ခံစားနေရတာ သူ့ထက်ငယ်တဲ့ ကောင်လေးအတွက်ဆိုရင်တော့ ဘယ်လောက်ဝမ်းနည်းနေလိုက်မလဲPhoto Shooting;Model;Guest;Shootingစသည့်များပြားလှစွာသော သူ့တို့ရဲ့ လုပ်ငန်းတွေကြောင့် ခလေးနဲ့သူမတွေ့ရသည်မှာ အချိန်ကာလတစ်ခုကြာမြင့်လှပြီ ထိုအချိန်ကာလအတွင်းမှာ ဘယ်မှာနေနေ နည်းနည်းလေးအားတာနဲ့ အားတဲ့သူက ချက်ချင်းဖုန်းဆက်ကြသည် သို့တိုင်အောင် အလွမ်းမပြေမိ
"မြင်ချင်တယ် ကျတော့ရဲ့ ယုန်လေးကို စားချင်တယ် ကောချက်ကျွေးတဲ့ Mealတွေကို နမ်းချင်တယ် ကောရဲ့ပါးလေး နှုတ်ခမ်းလေးတွေကို ကောရဲ့ပုခုံးလေးကိုမှီပြီးအမောဖြေချင်တယ် နာနတ်သီးမျက်နှာလေးကို တစိမ့်စိမ့်ထိုင်ကြည့်ချင်တယ် ကော ကျတော် အလိုဆန္ဒတွေ တအားများနေမိတယ် "
ရှိုက်ရင်းပြောနေတဲ့ ခလေးငယ်အသံကြောင့် ရှောင်ကျန့်ပါးပြင်ထက်မှာ မျက်ရည်တွေ တသွင်သွင်စီးကျလာပြီ
"အာ့ဆို Vcပြောရအောင်လေ Babe Cameraဖွင့်လိုက်"
"ဟင့်အင်း မမြင်စေချင်ဘူး ကျတော့်ရဲ့ ခုလို ဝမ်းနည်းအားငယ်နေတဲ့ မျက်နှာကို ကျတော်က ကောအတွက် ရှေ့ကနေ မားမားရပ်တည်ပေးတဲ့ ရင့်ကျက်သူကြီးဘဲဖြစ်ချင်တာ""Babeရယ် ......နားထောင်နော် ကောပြောပြမယ် ကော ချစ်ခဲ့တာက
Wang Yiboဆိုတဲ့ လူသားလေးကိုဘဲ အဲဒီလူသားလေးဟာ ငယ်ရွယ်သည်ဖြစ်စေ ခလေးဆန်သည်ဖြစ်စေ ကော ချစ်နေဦးမှာဘဲ ကောက Babeရဲ့တစ်စုံတစ်ရာကိုသဘောကျခဲ့တာမဟုတ်ဘူးလေ Babeဆိုတဲ့ ကောင်လေးရဲ့ အရှိတိုင်းကိုဘဲ ချစ်ခဲ့တာ ကောပြောတာဘောပေါက်လား"
"မသိဘူး လွမ်းတယ်"
"ခလေးဆိုးလေးကို ကောကလည်းလွမ်းတာပေါ့"
ESTÁS LEYENDO
😍Hidden Love between us😍
RomanceZhan Geနဲ့ Wang Yibo တို့အကြောင်းကို စိတ်ကူးပေါက်သလိုရေးသွားမယ့် Oneshotsလေးတွေ စုစည်းထားတဲ့Ficလေးပါ