အတိတ်ကံ

211 19 3
                                    

တခါတခါ လူတွေက ကိုယ့်ရဲ့ အတိတ်ကံကို မေ့နေတတ်တာရှိတယ်..  ငါကြိုးစားနေသားပဲ ဘာလို့ မအောင်မြင်တာလဲ ? ဆိုတာမျိုးတွေပေါ့..  ဒါတွေ အတိတ်ကံနဲ့ ဆိုင်တယ်လို့ ကျွန်တော်တော့တွေးတယ်..  မကြိုးစားလို့ ဘာမှ ဖြစ်မလာတာဟာ ကိုယ့်ရဲ့ လိုအပ်ချက်ဖြစ်ပြီး ကြိုးစားရဲ့သားနဲ့ သူများလို မဖြစ်မြောက်သွားတာကတော့ အတိတ်ကံနဲ့ ဆိုင်ပါတယ်..  ဒါကြောင့် အဲဒီလို ကြိုးစားရဲ့သားနဲ့ မဖြစ်လာတဲ့အခါ ဝမ်းမနည်းပါနဲ့ ကိုယ်ယုံကြည်ရာ ဘာသာတရားနဲ့ ပြန်လည်ဖြေရမယ်လို့ ကျွန်တော်မြင်ပါတယ်..  ပြန်ဖြေရမယ် နောက်ပြီး ယုံကြည်ရာ ဘာသာတရားနဲ့ ကောင်းမှုကုသိုလ်တွေ ပိုတိုးလုပ်ရမယ်..  ဒီလိုနဲ့ အတိတ်ကံတွေ ပိုကောင်းလာမယ် နောင်ဘဝ ဘဝတွေမှာ ပိုကောင်းတဲ့ ပါရမီရှင် ဖြစ်လာနိုင်တယ်ပေါ့လေ..  အဲဒီနောင်ဘဝ မတိုင်ခင်လည်း ဒီဘဝမှာ မဖြစ်မြောက်တဲ့အတွက် ပူလောင်သောကလည်း လျော့နည်းသွားနိုင်ပါတယ်..  တကယ်တော့ စိတ်ဓာတ်ကျနေချိန်မှာ ဒီလိုတွေ တွေးပြီး သဘောထားပြီး သဘောပေါက်ပြီး စိတ်ကို အဲ့သလို ထားလိုက်နိုင်မယ်လို့တော့ အာမမခံနိုင်ဘူးပေါ့လေ..  ကျွန်တော်တို့က လူသားတွေမျှသာကိုး..  အရိယာပုဂ္ဂိုလ်မဟုတ်တဲ့အတွက် ပူဆွေးမှုက ရှိမှာပါပဲ..  ဒါပေမယ့် ပူဆွေးပြီးရင် ပြန်ဖြေပါ..  နောက်တကြိမ် ထပ်ကြိုးစားဖို့ အားတင်းပါ..  ဗုဒ္ဓဘာသာအရဆိုရင်တော့ လူ့ဘဝဟာ ဖြစ်ချင်တာ မဖြစ်ရတာ သဘာဝပါပဲ..  ပျော်ရွှင်မှုက တစ်ပဲသားမျှ ရပြီး စိတ်ဆင်းရဲဒုက္ခကြုံရတာက တစ်ပိဿလောက်ရှိစမြဲပါ..  ဒါကိုပဲ ကျွန်တော်တို့လူသားတွေက ပျော်မွေ့နေတတ်တာပါ..  တွေးကြည့်ရင်တော့ ရှင်းရှင်းလေးလိုပဲ..  ဒါပေမယ့် တစ်ပဲသား ပျော်ရွှင်မှုလေးနောက်ကိုပဲ အတင်းတွယ်တာ လိုက်ရှာနေပြီး နေ့စဉ် စိတ်ညစ်ညူးမှုတွေနဲ့ တိုက်ခိုက်နေကြရတယ်.. ပျော်ရွှင်မှုလေးမရသေးခင်မှာ အားပြတ်ကြရတယ်..  အဲဒီလို အားပြတ်တဲ့အခါ အားတင်းဖို့ ကြံဖန်ကြရမှာပါပဲ..  ဘာသာရေးလေးလည်း တိုးလုပ်ပါ..  တကယ်ငြိမ်းချမ်းပြီး အထောက်အကူဖြစ်ပါတယ်..  ဒီလိုနဲ့ပဲ ကျွန်တော်တို့ ဘဝလမ်းခရီးမှာ ကူးခပ်ရင်း လမ်းဆုံးထိ လျှောက်ကြရမှာပါပဲ.. 

------------------------------

တခါတခါ လူေတြက ကိုယ့္ရဲ့ အတိတ္ကံကို ေမ့ေနတတ္တာရွိတယ္..  ငါႀကိဳးစားေနသားပဲ ဘာလို႔ မေအာင္ျမင္တာလဲ ? ဆိုတာမ်ိဳးေတြေပါ့..  ဒါေတြ အတိတ္ကံနဲ႔ ဆိုင္တယ္လို႔ ကၽြန္ေတာ္ေတာ့ေတြးတယ္..  မႀကိဳးစားလို႔ ဘာမွ ျဖစ္မလာတာဟာ ကိုယ့္ရဲ့ လိုအပ္ခ်က္ျဖစ္ၿပီး ႀကိဳးစားရဲ့သားနဲ႔ သူမ်ားလို မျဖစ္ေျမာက္သြားတာကေတာ့ အတိတ္ကံနဲ႔ ဆိုင္ပါတယ္..  ဒါေၾကာင့္ အဲဒီလို ႀကိဳးစားရဲ့သားနဲ႔ မျဖစ္လာတဲ့အခါ ဝမ္းမနည္းပါနဲ႔ ကိုယ္ယုံၾကည္ရာ ဘာသာတရားနဲ႔ ျပန္လည္ေျဖရမယ္လို႔ ကၽြန္ေတာ္ျမင္ပါတယ္..  ျပန္ေျဖရမယ္ ေနာက္ၿပီး ယုံၾကည္ရာ ဘာသာတရားနဲ႔ ေကာင္းမွုကုသိုလ္ေတြ ပိုတိုးလုပ္ရမယ္..  ဒီလိုနဲ႔ အတိတ္ကံေတြ ပိုေကာင္းလာမယ္ ေနာင္ဘဝ ဘဝေတြမွာ ပိုေကာင္းတဲ့ ပါရမီရွင္ ျဖစ္လာနိုင္တယ္ေပါ့ေလ..  အဲဒီေနာင္ဘဝ မတိုင္ခင္လည္း ဒီဘဝမွာ မျဖစ္ေျမာက္တဲ့အတြက္ ပူေလာင္ေသာကလည္း ေလ်ာ့နည္းသြားနိုင္ပါတယ္..  တကယ္ေတာ့ စိတ္ဓာတ္က်ေနခ်ိန္မွာ ဒီလိုေတြ ေတြးၿပီး သေဘာထားၿပီး သေဘာေပါက္ၿပီး စိတ္ကို အဲ့သလို ထားလိုက္နိုင္မယ္လို႔ေတာ့ အာမမခံနိုင္ဘူးေပါ့ေလ..  ကၽြန္ေတာ္တို႔က လူသားေတြမၽွသာကိုး..  အရိယာပုဂၢိဳလ္မဟုတ္တဲ့အတြက္ ပူေဆြးမွုက ရွိမွာပါပဲ..  ဒါေပမယ့္ ပူေဆြးၿပီးရင္ ျပန္ေျဖပါ..  ေနာက္တႀကိမ္ ထပ္ႀကိဳးစားဖို႔ အားတင္းပါ..  ဗုဒၶဘာသာအရဆိုရင္ေတာ့ လူ႔ဘဝဟာ ျဖစ္ခ်င္တာ မျဖစ္ရတာ သဘာဝပါပဲ..  ေပ်ာ္ရႊင္မွုက တစ္ပဲသားမၽွ ရၿပီး စိတ္ဆင္းရဲဒုကၡၾကဳံရတာက တစ္ပိႆေလာက္ရွိစျမဲပါ..  ဒါကိုပဲ ကၽြန္ေတာ္တို႔လူသားေတြက ေပ်ာ္ေမြ႕ေနတတ္တာပါ..  ေတြးၾကည့္ရင္ေတာ့ ရွင္းရွင္းေလးလိုပဲ..  ဒါေပမယ့္ တစ္ပဲသား ေပ်ာ္ရႊင္မွုေလးေနာက္ကိုပဲ အတင္းတြယ္တာ လိုက္ရွာေနၿပီး ေန႔စဥ္ စိတ္ညစ္ညဴးမွုေတြနဲ႔ တိုက္ခိုက္ေနၾကရတယ္.. ေပ်ာ္ရႊင္မွုေလးမရေသးခင္မွာ အားျပတ္ၾကရတယ္..  အဲဒီလို အားျပတ္တဲ့အခါ အားတင္းဖို႔ ႀကံဖန္ၾကရမွာပါပဲ..  ဘာသာေရးေလးလည္း တိုးလုပ္ပါ..  တကယ္ၿငိမ္းခ်မ္းၿပီး အေထာက္အကူျဖစ္ပါတယ္..  ဒီလိုနဲ႔ပဲ ကၽြန္ေတာ္တို႔ ဘဝလမ္းခရီးမွာ ကူးခပ္ရင္း လမ္းဆုံးထိ ေလၽွာက္ၾကရမွာပါပဲ.. 

My Feeling,My Thinking and My MemoryWhere stories live. Discover now