"ပြန်လိုက်ပါဦးမယ် အန်တီ"
ကျွန်တော်နှုတ်ဆက်တော့ ကျွန်တော့်ရဲ့အချိန်ပိုင်းအလုပ်ရှင်က ကျွန်တော့်ကိုကြည့်ပြီးပြုံးပြတယ်
"အေးပါကွယ် ကောင်းကောင်းသွားနော် Baekhyunee"
" Nae "
ဟူး......ကျွန်တော်ဒီအချိန်ပိုင်းအလုပ်ပြီးရင် အကင်ဆိုင်ကိုသွားရဦးမယ် အကင်ဗန်းတွေဆေးတဲ့အလုပ်ကလဲကျွနိတော့အလုပ်ပေါ့ စားပွဲထိုးပေးရင်လဲ အပိုငွေပေးသေးတယ်
ကျွန်တော်ပညာရေးကတော့ဗျာ အထက်တန်းပေါ့ ကျွန်တော်စဉ်းစားကြည့်တယ် အသက်အရွယ်ရလာပြီး amnesia(မှတ်ဉာဏ်ကွယ်ခြင်း)ရောဂါဖြစ်နေတဲ့အဖွားရယ် ကျောက်ကပ်မကောင်းလို့ အလှူရှင်ရှာပြီး ၃လတစ်ခါကျောက်ကပ်ဆေးနေရတဲ့ ကျွန်တော့ညီလေး သူတို့အတွက်ကျွန်တော်ငွေရှာမှရမှာ..ကျွန်တော်ပဲလားဆိုတော့မဟုတ်ပြန်ဘူး ကျွန်တော်ရဲ့ချစ်လှစွာသော omma သူလည်းအလုပ်လုပ်ရတယ် အိမ်အကူပေါ့ဗျာ...........ကျွန်တော် omma ကိုအရမ်းသနားတယ် Appa မရှိတော့ကတည်းကကျွန်တော်တို့မိသားစုပိုဒုက္ခ ရောက်ခဲ့ရတာ...😅😅ထားလိုက်ပါတော့ကျွန်တော်ပြောရင် ခင်ဗျားတို့ကျွန်တော့်ကိုသနားသွားလိမ့်မယ် ကျွန်တော်တောင်ကျောင်းသွားရတော့မယ် ထုံးစံအတိုင်းဆိုင်ရှင်ကိုနှုတ်ဆက်ပြီးထွက်လာခဲ့တယ်
...........................................................
"ဟျောင့် baekhyun လာပြီလား "
"အင်း Chanyeol "
"Wae ? ဘာဖြစ်နေတာလဲမင်းမျက်နှာကြီးကလဲကွာ "
"အေးလေ ဟုတ်သားပဲ "
ဘေးက Kai နဲ့ Sehun ကတောင်ထပြောတယ်ဆိုတော့ ကျွန်တော် မျက်နှာတော်တော် စူပုပ်နေလို့နေမှာ.....
"အေးကွာ လာစာသွားသင်ရအောင်"
ကျွန်တော်တို့ထွက်လာတော့ ကျောင်းရှေ့မှာမြင်နေရတာက Suho သူ့ကိုကျွန်တော်အရမ်းအားကျတာပဲ အရမ်းချမ်းသာပြီးမိသားစုရဲ့တစ်ဦးတည်းသောသားဖြစ်ခွင့်ရလို့ ခုလည်းကြည့်သူ့ omma က ကျောင်းလိုက်ပို့တာ သူကစာလည်းအရမ်းတော်တယ် သူ့ကိုခင်တဲ့သူတွေအများကြီး ကျွန်တော်ကလား Sehun တို့ Kai တို့ကလွဲလို့မရှိ Chanyeol လဲ Suho လိုပဲ အရမ်းချမ်းသာတယ် Chanyeol ကတော့ကျွန်တော့်အတွက်သူငယ်ချင်းကောင်းပဲ
"ဟျောင့် Baekhyun လာသွားမယ်ဆရာစာသင်တော့မှာဟာကို ဘယ်လိုဟာလေးလဲမသိဘူး တွေးချင်ရာတွေးငေးချင်ရာငေးနဲ့"
"အေးပါကွာ"
Chanyeol တစ်ယောက် ပွစိပွစိ ဆီမန်းမန်းပြီးရှေ့ကိုလျှောက်သွားတယ် Kai နဲ့ Sehun ကတော့ အတန်းထဲတောင်ရောက်နေလောက်ပြီ......ဟူး......ဘဝကြီးက ဘယ်တော့မှသာယာမှာလဲကွာ
YOU ARE READING
နှလုံးသား၏စေညွှန်ရာ
RomanceChanbeak လေးပါပဲ ကြိုးစားပြီးရေးပါ့မယ် အားပေးကြပါဦး