ဂျုံဒယ်ခေါင်းထဲမှာလေးလံနေပြီး မျက်လုံးကိုဖြေးဖြေးခြင်းဖွင့်ကြည့်တော့ အရင်းဆုံးမြင်ရတာ အလင်းရောင်စူးစူးပြီးတော့ အလွန်စိတ်ပူနေတဲ့မျက်နှာထားနဲ့ Baekhyun
"Baekhyun....."
သူလည်ချောင်းထဲခြောက်ကပ်နေတာကို အတင်းအသံတစ်ခုပြုပြီးခေါ်တော့ အက်ကွဲကွဲတိုးရှရှ အသံကထွက်လာသည်
ဂျုံဒယ်ရဲ့လက်တွေကိုဆုပ်ကိုင်ထားပြီးစိတ်ပူစွာထိုင်နေတဲ့ Baekhyun က
" ဂျုံဒယ်.....မင်း...နိုးလာပြီ...ခနနော် ငါဆရာဝန်ခေါ်ပေးမယ် "
ခနအကြာဆရာဝန်တစ်ယောက်နဲ့အတူ member တွေတစ်ယောက်ပြီးတစ်ယောက်ဝင်လာသည်
"ငါအရမ်းစိတ်ပူနေတာ ဂျုံဒယ် မင်းမေ့နေတာ နှစ်ရက်တောင်ရှိပြီ "
ဂျုံဒယ်နဲ့မတည့်အတူနေဖြစ်သလို ဂျုံဒယ်ကိုလည်းသံယောဇဉ်ကြီးလွန်းသည့် Baekhyun က ဂျုံဒယ်ရဲ့လက်တွေကိုတစ်ဖန်ပြန်လည်ဆုပ်ကိုင်ရင်းပြောလာသည်..
"ငါသာ ကားပြောင်းပြီးစောစောမပြန်သွားခဲ့ရင်...မင်းအခုလိုမဖြစ်လောက်ဘူး "
"မဟုတ်တာ မင်းတူတူမရှိနေတာကိုပဲ ငါကျေးဇူးတင်နေပြီ တူတူရှိနေရင်မင်းကိုပါထိခိုက်သွားရင် ငါနောင်တရလို့မဆုံးလောက်ဘူး...."
Leader ဖြစ်သူ Suho ကတော့
"SBS building ရဲ့ car parking CCTV တွေကို အကုန်စစ်ခိုင်းထားတယ် တွေ့တာနဲ့ငါလုံးဝခွင့်လွှတ်မှာမဟုတ်ဘူး ဒါ စာပို့တဲ့သူနဲ့တစ်နည်းနည်းပက်သက်နေရမယ်..."
*စာ.....ဟုတ်သည် ထိုစာအကြောင်းပြောလျှင် လွန်ခဲ့သည့်တစ်ပတ်ကိုပြန်သွားရမည်...ဂျုံဒယ်ဆီကို ပုံမှန်လို fan
Latter တွေ ရောက်လာတာကြောင့်တစ်စောင်ခြင်းဖွင့်ဖတ်ရင်း Dorm တွင်အနားယူနေသည် beautiful goodbye solo ထွက်ပြီး ဂျုံဒယ် အခုမှ နားရက်တစ်ရက်လေးရခြင်း ဆက်တိုက် radio show တွေ သွား magazine တွေရိုက်နှင့် ရှုပ်နေသည်ပဲ...ဖတ်နေရင်းမှ စာတစ်စောင်က ထူးထူးခြားခြား အမည်းရောင်စာအိတ်နဲ့ မို့ ဂျုံဒယ်စိတ်ဝင်စားသွားရသည် ပုံမှန်ဆို အလှအပကြိုက်တဲ့ကလေးမလေးတွေမို့ ပန်းရောင်လေး အဝါရောင်လေး အပြာနုလေး စသည်နှင့်ချစ်စရာကောင်းသည့်အရောင်လေးများကိုပို့လေ့ရှိသော ကလေးမများမဟုတ်ပါလား....fanboy တစ်ယောက်ယောက်ဆီကများလို့တွေးရင်းဖောက်လိုက်တော့ ဂျုံဒယ်၏သွေးများပြောင်းပြန်စီးသလိုခံစားလိုက်ရပြီးထိတ်လန့်သွားရသည် စာမှာ
"နင် ချန်းယောလ်နဲ့ ဝေးဝေးနေ မနေရင် နင့်ကိုသတ်ပစ်မယ် " ဆိုတဲ့စာကိုသွေးနီရောင်မှင် သို့မဟုတ် သွေးအစစ်များနှင့်ရေးထားပြီး စာဖောက်လိုက်တာနဲ့ထွက်လာတဲ့ ပုပ်အဲ့အဲ့အနံ့ကြောင့် ဂျုံဒယ် အော်ဟစ်ရင်းစာကို ခပ်လှမ်းလှမ်းကိုလွှင့်ပစ်လိုက်တော့ အတွင်းခန်း ထဲမှာအနားယူနေသော ဆယ်ဟွန်းနှင့်မင်ဆော့ hyung တို့ကပါထွက်လာပြီးစာကိုမြင်ကာ ရဲကိုအကြောင်းကြားခဲ့ကြသည်.... ထိုစာရပြီးသည်မှစ၍ ဂျုံဒယ် ထိခိုက်မှုအသေးစားလေးများ ဖြစ်လာပြီး အခုဆို car accident အထိ *
YOU ARE READING
paranoia
Fanfictionမကြောက်ပါနဲ့.... ငါ့ဘေးကမင်းကို ဘယ်သူမှ မထိခိုက်စေရဘူး ငါကာကွယ်ပေးမယ်